အိပ်ရာမဝင်ခင်မှာ အောက်ပါအချက်အလက်တွေထဲက တစ်ခု သို့မဟုတ် တစ်ခုထပ်ပိုပြီး လုပ်လေ့ရှိပါသလား? ဒါဆိုရင်တော့ သတိထားပါ။ ဒီအချက်တွေက သင်ရဲ့ညဘက် အိပ်စက်ခြင်းတွေကို နှောင့်ယှက်နိုင်တာမလို့ပါ။

၁.E-mail သို့မဟုတ် Social Network သုံးခြင်း

အရေးကြီးတဲ့မေးလ်တွေကို reply ပြန်ဖို့ ဒါမှမဟုတ် Social Network မှာ တခြားလူတင်ထားတဲ့ post  တွေ ၊ Videos တွေကိုကြည့်ဖို့ သင့်အိပ်ချိန်တွေ နောက်ကျနေတာ သတိထားမိပါရဲ့လား? ဒီလိုနည်းပညာတွေဟာ အိပ်ချိန်တွေကိုနှောင့်နှေးစေတဲ့ အဓိကအချက်တစ်ချက်လည်း ဖြစ်ပါတယ်။

၂.အစားများများစားခြင်း

သေချာပါတယ်၊ အိပ်ရာမဝင်ခင် ဟမ်ဘာဂါ သို့မဟုတ် ခေါက်ဆွဲကြော်တို့စားတာက အဲဒီအခိုက်အတန့် မှာ ကျေနပ်စရာလို့ ခံစားရပေမယ့် ညအိပ်ချိန်မှာတော့ အစာအိမ်အချဥ်ပြန်ပြီး အိပ်ချိန်တွေကို အနှောင့်အယှက်ဖြစ်စေပါတယ်။

၃.လေ့ကျင့်ခန်းလုပ်ခြင်း

နှလုံးခုန်နှန်းကို မြင့်တက်စေတဲ့ လေ့ကျင့်ခန်းမျိုးတွေက ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတာ မှန်ပေမယ့် အိပ်ရာမဝင်ခင်လုပ်ရမှာ တော့ မဟုတ်ပါဘူးနော်။

၄.ရေများများသောက်ခြင်း

ရေများများသောက်တာက ကျန်းမာရေးနဲ့ညီမျှစေတယ်ဆိုပေမယ့် အိပ်ခါနီးရေသောက်များထားရင် ညဘက်တွေမှာ Toilet မကြာမကြာသွားရ တာမလို့ အိပ်ရေးပျက်စေနိုင်ပါတယ်။

၅.အတွေးလွန်ခြင်း

မနက်ကျဘာလုပ်ရမယ် ၊ အလုပ်ကိစ္စတွေက ဘာလုပ်ဖို့ကျန်သေးတယ် ၊ ဈေးသွားတဲ့အခါ ဘာတွေဝယ်ရမယ်စသဖြင့် နောက်တစ်နေ့အတွက် ကြိုတွေးနေတာတွေကလည်း အိပ်ရာဝင်နောက်ကျစေပြီး အိပ်ရေးပျက်စေနိုင်ပါတယ်။