ဝန်ခံချင်သည်ဖြစ်စေ ဖုံးကွယ်ထားချင်သည်ဖြစ်စေ ဘရာစီယာတွေက အောက်ပိုင်းအတွင်းခံတွေလောက် လျှော်ဖွပ်တဲ့အကြိမ်ရေပမာဏ များတယ်မများဘူဆိုတာကို ကာယကံရှင်သာအသိဆုံးဖြစ်မှာပါ။ တစ်ခါဝတ်ပြီးသား ဘရာစီယာတွေကို နောက်တစ်ကြိမ် ပြန်ဝတ်မလား ပြန်မဝတ်ဘူးလားဆိုတာကိုလည်း အနံ့လေးတစ်ချက်ရှူကြည့်ပြီး ဆုံးဖြတ်ကြတာချည်းပါပဲ။

ဒီလိုမျိုး ဘာမှမဖြစ်လောက်ပါဘူးဆိုပြီး လုပ်လိုက်မိတဲ့ အပြုအမူကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်လာလိမ့်မယ်ဆိုတာ ထင်ထားမိမှာတောင်မဟုတ်ပါဘူး။ ဒါကြောင့် အလှအပအတွက်သာမက ကျန်းမာရေးအတွက်ပါ အသုံးဝင်စေဖို့ ဘရာစီယာဝတ်ခြင်းနဲ့ပတ်သက်လို့ သိကိုသိထားသင့်တဲ့ အချက်တွေကို ပျိုမေတို့အတွက် ပြန်လည်မျှဝေပေးချင်ပါတယ်။

ပိုးမွှားတွေကပ်ညိနိုင်ခြင်း

ဘက်တီးရီးယားတွေနဲ့ မှိုတွေဟာ စိုစွတ်တဲ့နေရာတွေကို သဘောကျပြီး အဲ့လိုနေရာကတော့ သင့်ရင်သားအောက်ခြေနားတစ်ဝိုက်ပဲဖြစ်ပါတယ်။ အသားအရေကထွက်လာတဲ့ ချွေးနဲ့အဆီတွေပေါင်းစပ်ပြီး ပိုးမွှားတွေကိုပေါက်ဖွားလာစေကာ ဘရာအတွင်းထဲမှာ သွားပြီးအောင်းနေတတ်ပါတယ်။

အသားအရေယားယံစေခြင်း

ဝက်ခြံဆိုတာက မျက်နှာတစ်နေရာထဲမှာပဲ ဖြစ်တတ်တာမဟုတ်ပါဘူး။ ဘရာစီယာညစ်ညစ်ပတ်ပတ်ဝတ်မိရင်လည်း ရင်ဘတ်နားတစ်ဝိုက် ဝက်ခြံတွေဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် Sensitive ဖြစ်တတ်တဲ့ အသားအရေပိုင်ရှင်တွေ အထူးသတိထားရပါမယ်။ နောက်ပြီး အမျိုးသမီးတွေရဲ့ နို့သီးထိပ်ဟာ ပွန်းရှမှုတွေဖြစ်နိုင်ပြီး သွေးထွက်လာတဲ့အထိကို ဆိုးရွားနိုင်လို့ မှန်မှန်လျှော်ဝတ်ပါ။

အနံ့ဆိုးတွေထွက်လာနိုင်ခြင်း

အဝတ်အစားတွေလိုပဲ ဘရာစီယာတွေကိုလည်း မလျှော်ဖွပ်ဘဲဝတ်မယ်ဆို အနံ့ဆိုးတွေထွက်လာမယ့် နောက်ဆက်တွဲဆိုးကျိုးကို ကြုံတွေ့ရမှာပါ။ ဘယ်လိုပဲအပေါ်က အကျီတစ်ထပ်ပါသေးတယ်ပြောပြော အတွင်းက အနံ့က အပြင်ကိုဖောက်ပြီးထွက်လာနိုင်ပါတယ်။

ဘရာစီယာတွေပျက်စီးလာခြင်း

ဘရာစီယာအတွင်းဖက်မှာ အဝါရောင်အကြောင်းတွေဖြစ်လာတာမြင်တယ်ဆိုရင် အဲ့တာက သင့်ခန္ဓာကိုယ်ကထွက်လာတဲ့ ချွေး၊ အဆီ၊ အညစ်အကြေး၊ လိုးရှင်းတွေစုပြီး စွန်းလာရခြင်းဖြစ်ပါတယ်။

အရေပြားဆရာဝန်တွေပြောစကားအရတော့ နာရီပိုင်းလောက်လေးဝတ်ပြီး ချွေးနည်းနည်းထွက်တာက တစ်နေကုန်လိုအကြာကြီးဝတ်ထားတာနဲ့ယှဥ်ရင် ဘာမဟုတ်သလောက်ပါပဲ။ ဒါကြောင့် ကိုယ်ဝတ်တဲ့အချိန်အပိုင်းအခြားပေါ်မူတည်ပြီး လျှော်သင့်မလျှော်သင့်ဆုံးဖြတ်ပါ။

Source: BrightSide

By MyStyle Myanmar