လူတိုင်းက ပစ္စည်းတစ်ခုရဲ့တန်ဖိုးကို ဆုံးရှုံးသွားတော့မှ တန်းဖိုးသိလာကြတာပါ။ ဆုံးရှုံးသွားပြီရင်တော့ ပြန်ပိုင်ဆိုင်ရဖို့ မဖြစ်နိုင်တော့ပါဘူး။ သမီးရည်းစားဆက်ဆံရေးတွေဆိုတာကလည်း တစ်သက်လုံးမြဲနေတာမှ မဟုတ်ဘဲလေနော်။ အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲပြီးတဲ့ နောက်မှာ အနည်းနဲ့ အများတော့ ခံစားကြရတာပါပဲ။

ဒါပေမဲ့လည်း သင့်ရည်းစားဟောင်းကို ချစ်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ သူက သင့်ကို အမြော်အမြင်ကြီးလာအောင် သင်ပေးခဲ့တာတွေ အများကြီးရှိတာကိုတော့ ငြင်းဆန်လို့မရပါဘူး။ သင့်ရည်းစားဟောင်းက သင့်ကို သင်ပေးလိုက်တာ ဘာတွေ ဖြစ်မလဲ။

၁။ တစ်သက်လုံးဆိုတာ လမ်းမခွဲခင်အချိန်အထိကိုပဲ ဆိုလိုတာပါ

သင့်ရည်းစားဟောင်းက သူ့အချစ်ကို ဖော်ပြတဲ့အခါမှာ အမြဲတမ်း အတူတူတစ်သက်မခွဲဘူးလို့ ပြောတာ ခဏခဏကြားဖူးပါလိမ့်မယ်။ တကယ်တမ်းတော့ သူလိမ်နေတာမဟုတ်ပါဘူး။ သူဆိုလိုတဲ့ တစ်သက်လုံးဆိုတာ သင်တို့နှစ်ယောက်လမ်းမခွဲခင် အချိန်အထိကိုသာ ဆိုလိုခြင်းဖြစ်တာကို သင်နားလည် သွားပါလိမ့်မယ်။

၂။ သင့်ရည်းစားဟောင်းရဲ့သူငယ်ချင်းတွေက သင့်သူငယ်ချင်းတွေ မဟုတ်ပါဘူး

သင်တို့နှစ်ယောက်တွဲနေတုန်းမှာတော့ သူ့သူငယ်ချင်းတွေနဲ့ သင်က ခင်မင်ရင်းနှီးကောင်း ခင်မင်ပါလိမ့်မယ်။ ဒါပေမဲ့ သင်တို့လမ်းခွဲပြတ်စဲပြီးတဲ့ နောက်မှာတော့ သင်ကဘယ်လောက်ပဲ ကောင်းတဲ့လူတစ်ယောက်ဖြစ်တယ်ဆိုတာကို သူတို့သိပေမဲ့လည်း သင့်ကိုတမင်ရှောင်ဖယ်နေပါလိမ့်မယ်။ လမ်းခွဲပြတ်စဲရခြင်းက သူတို့သူငယ်ချင်းရဲ့ အမှားဆိုတာကို သိရဲ့သားနဲ့တောင် သူတို့သူငယ်ချင်းဘက်ကပဲ ရပ်တည်ပေးပါလိမ့်မယ်။

၃။ သင့်ကို ဘယ်လိုလမ်းခွဲရမလဲဆိုတာ သင်ကြားပေးပါလိမ့်မယ်

ဘယ်ရည်းစားဟောင်းကမှ လမ်းခွဲပြတ်စဲရခြင်းအကြောင်းအရင်းအမှန်ကို ပြောပြကြမှာမဟုတ်ပါဘူး။ ငါ အချစ်သစ်တွေ့နေပြီ၊ မင်းက အရမ်းကို ခန့်မှန်းရလွယ်တာပဲ ငါမင်းကို မချစ်တော့ဘူး စတာတွေကို ပြောမဲ့အစား ငါကမင်းကို ပျော်ရွှင်အောင်ထားနိုင်တဲ့သူမဟုတ်ပါဘူး၊ ငါနဲ့လမ်းခွဲလိုက်ပါ၊ ငါ ဒီ Relationship အတွက် အဆင်သင့်မဖြစ်သေးဘူး စသည်ဖြင့် လမ်းခွဲနည်းအမျိုးမျိုး သင့်ကို သင်ကြားပေးပါလိမ့်မယ်။

၄။ မသေချာသေးဘဲနဲ့ မိသားစုဝင်တွေကို အသိမပေးပါနဲ့

Photo source: www.theodysseyonline.com

သင်တို့နှစ်ယောက်က အနာဂတ်မှာ တကယ်လက်တွဲသွားမယ်ဆိုတာ မသေချာသေးဘဲနဲ့ နှစ်ဖက်မိသားစုဝင်တွေကို အသိမပေးပါနဲ့။ အသိပေးလိုက်လို့ နှစ်ဦးသားလမ်းခွဲပြတ်စဲသွားရင်လည်း သင့်ရည်းစားဟောင်းမိသားစုဝင်တွေက သင့်ကို အပြစ်တင်စကားဆိုကြပါလိမ့်မယ်။ ဒါမှမဟုတ်လည်း သူတို့သား (သို့မဟုတ်) သမီးနဲ့ ပြန်တွဲအောင်လို့ သင့်ကိုစိတ်ညစ်ဖို့ကောင်းလောက်အောင် တွန်းအားပေးပါလိမ့်မယ်။ သင့်မိသားစုဝင်တွေကလည်း သင်တို့ပြတ်စဲရခြင်း အကြောင်းအရင်းကို မသိရမချင်း သင့်ကို ခဏခဏမေးခွန်းထုတ်နေပါလိမ့်မယ်။

စာဖတ်သူတွေထဲမှာရော ရည်းစားဟောင်းက သင်ပေးလိုက်တဲ့ အရာတွေက ဘာတွေဖြစ်မလဲဆိုတာကို ပြောပြခဲ့ကြဦးနော်။