လူတစ်ယောက်ရဲ့စကားတစ်ခွန်းဟာ သင့်အတွက် ဘယ်လောက်ထိလွှမ်းမိုးမှုတွေဖြစ်စေပါသလဲ။ တခါတလေ ကိုယ့်ကိုယ်ပိုင်အတွေးအခေါ်၊ ခံစားချက်နဲ့ ယုံကြည်ချက်တွေကို သံသယဖြစ်အောင် မသိမသာထိုးနှက်နေတဲ့ စကားလုံးတွေ ရှိတတ်တယ်ဆိုတာ သတိပြုမိစေချင်ပါတယ်။

တခြားသူတွေက ဒီလိုစကားလုံးတွေနဲ့ သင့်ကို ပြောလာတဲ့အခါ အဲ့စကားလုံးပေါ် လိုက်ခံစားမနေပဲ့ အရူးပြောတဲ့စကားလို့ သဘောထားပြီး သင့်ခေါင်းထဲကနေ အဲဒီအကြောင်းအရာတွေကို ချက်ချင်းထုတ်ပစ်လိုက်ဖို့ တိုက်တွန်းပါရစေ.. ဘာလို့လဲဆိုတော့ သင့်အတွက် အကျိုးမရှိတဲ့အပြင် သင့်ရဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတာကို မသိမသာခိုးယူသွားစေမယ့် စကားလုံးတွေပဲ့ ဖြစ်တာမို့လို့ပါ။

မင်းငါ့ကို နားလည်မှုလွဲနေတာပဲ။

ဆိုက်ကိုသမားတွေဟာ ဘယ်တော့မှာ ကိုယ့်အမှားကို ဝန်ခံလေ့မရှိကြပါဘူး။ သူမှားတယ်လို့ ကိုယ်ပြောတိုင်း ငါ့ကို နားလည်မှုလွဲနေတယ်လို့ပဲ ပြောလာပါလိမ့်မယ်။ အခြေအမြစ်မရှိ အဓိပ္ပာယ်မရှိတဲ့စကားတွေ ပြောနေတတ်ပါတယ်။ အဲဒီစကားတွေဟာ သင့်ရဲ့အတွေးတွေကို သံသယဖြစ်စေပါတယ်။

မင်း အရမ်းဒရာမာလာဆန်ပြနေတာပဲ့။

မင်းက အရမ်းအပိုတွေလုပ်တယ်။ ဒရာမာသိပ်ဆန်တာပဲလို့ တစုံတစ်ယောက်ကပြောလာရင် သင့်ရဲ့ခေါင်းထဲက ရှင်းထုတ်လိုက်ပါ။ ဒီစကားတွေဟာ သင့်ရဲ့ ခံစားချက်အတွေးအခေါ်တွေကို အဟန့်အတားဖြစ်စေပါတယ်။ နောက်ပိုင်း မဝံ့မရဲဖြစ်လာပြီး သင့်ကိုယ်သင် ယုံကြည်မှု လျှော့နည်းသွားစေနိုင်ပါတယ်။

မင်းငါ့ကို လိုအပ်တယ်။

ငါမရှိရင် မဖြစ်ပါဘူးကွာ။ မင်းငါ့ကို အမြဲတမ်းလိုအပ်နေတယ်လို့ တစုံတယောက်ပြောလာရင် သင်ဟာ သင့်ဘဝမှာ သူတို့ကို တကယ်ပဲလိုအပ်တယ်လို့ ယုံကြည်လာနိုင်ပါတယ်။ သင့်အပေါ်လွှမ်းမိုးချုပ်ကိုင်မှုတွေ ပိုများသွားနိုင်ပါတယ်။ တကယ်တော့ သင့်ဘဝလမ်းခရီးအတွက် သင်ကိုယ်တိုင်သာ လျှောက်လှမ်းရတာပါ။ သင် ဘယ်သူ့ကိုမှ မလိုအပ်ပါဘူး။

မင်းကအရူးပဲ

မင်းက အရူးပဲ။ ဘာတွေပြောနေတာလဲ။ ဒီလောက်လေးတောင်မသိဘူးလား အဓိပ္ပာယ်မရှိဘူး စဖြင့် ပြောလာတဲ့စကားတွေဟာ သင့်ကိုယ်သင် ညံ့ဖျင်းလှတဲ့သူတစ်ယောက်လို့ ထင်ယောင်ထင်မှားဖြစ်စေပါတယ်။ သင့်ကို စိတ်ဓာတ်ကျစေလို့ အဲဒီလိုပြောလာတဲ့သူဟာ ကိုယ့်အချစ်ဆုံးသူပဲဖြစ်နေပါစေ သူပြောတဲ့စကားကို ခေါင်းထဲကနေ ရှင်းထုတ်ပစ်လိုက်ပါ။