စိတ်ဖိစီးမှုတွေ ခံစားရဖို့ အကြောင်းပြချက်တွေ အများကြီးရှိတဲ့ အထဲမှာမှ အစားအသောက်ကြောင့်လည်း ဖြစ်လိမ့်မယ်လို့ သင်မထင်ထားဘူးမလား။ ဒါပေမယ့် တချို့စိတ်ဖိစီးမှုတွေကတော့ တကယ်ကို အစားအသောက်တွေကနေတဆင့် ဖြစ်ပေါ်လာတာကို တွေ့ရပါတယ်။ ဘယ်လိုအစားအသောက်တွေက စိတ်ဖိစီးမှုဖြစ်စေသလဲဆိုတော့…

အစားစားလိုက်ရင် စိတ်ဖိစီးနေတာတွေ သက်သာရသွားတယ်ဆိုတာ အစားအသောက်တိုင်းတော့ မဟုတ်ပါဘူးနော်။ တကယ်တော့ တချို့အစားအသောက်တွေမှာ အဆိပ်အတောက်တွေ ပါဝင်နေပါတယ်။ ဒီလို အစားအသောက်တွေထဲက အဆိပ်အတောက်တွေ ခန္ဓာကိုယ်ထဲ စုပုံလာတဲ့အခါမှာတော့ စိတ်ဖိစီးမှုတွေ ဖြစ်လာတတ်ပါတယ်။ ဥပမာ Fast Food တို့ Junk Food တို့လို ကယ်လိုရီပါတာမျိုးတွေစားမိရင် စိတ်ဖိစီးမှုကို ပိုပြီးခံစားရတတ်ပါတယ်။

ရက်ကျော်တဲ့အစားအစာတွေကို နွေးစားတာမျိုးတွေလည်း မလုပ်သင့်ပါဘူး။ ဒါပြင် အစာချေဖျက်ပြီး ခန္ဓာကိုယ်က အာဟာရဓာတ်အဖြစ် သိုလှောင်တဲ့အခါမှာလည်း အာနိသင်ပြောင်းလဲသွားတတ်ပါသေးတယ်။မချက်ပြုတ်ရသေးတဲ့ အစားအစာနဲ့ ချက်ပြုတ်ပြီးသား အစားအစာတွေကို တပြိုင်တည်း စားလိုက်မယ်ဆိုရင် အစာမကြေဖြစ်နိုင်တဲ့အပြင် ခန္ဓာကိုယ်ကနေ အာဟာရဓာတ်ကိုလည်း ပြည့်ဝစွာ မစုပ်ယူနိုင်တော့ပါဘူး။

အစေ့အဆန်တွေကို ဟင်းသီးဟင်းရွက် အသားတွေနဲ့ စားသုံးသင့်ပြီး ကြက်ဥ နဲ့ ဟင်းသီးဟင်းရွက်တွေကို တွဲဖက်စားသုံးသင့်ပါတယ်။ အသီးအနှံတွေကို တခြားအရာတွေနဲ့ ရောပြီး စားမယ်ဆိုရင် အစာအိမ်ထဲမှာ အက်ဆစ်ဓာတ်ကို ပိုမို ထုတ်လွှင့်စေတာကြောင့် သူ့ချည်းသက်သက် စားသုံးသင့်ပါတယ်။ ဒါ့ပြင် လတ်ဆတ်တဲ့ အစားအသောက်တွေနဲ့ အရင်နေ့က ကျန်ခဲ့တဲ့ အစားအသောက်တွေကို ရောနှောစားသောက်တာမျိုး ရှောင်ပါ။

Source: psychologytoday.com