MyStyle Myanmar ရဲ့ စာဖတ်ချစ်ပရိတ်သတ် ပျိုမေလေးတို့ရေ။ ဒစ်စနေးမင်းသမီးလေးတွေကို ချစ်ကြတယ်မလား။ ကိုယ်စီကိုယ်စီမှာလည်း အကြိုက်ဆုံး ဒစ်စနေးမင်းသမီးလေးတွေ ရှိမယ်လို့ထင်ပါတယ်နော်။

အခုတစ်ခါမှာတော့ ကိုယ့်ရဲ့ Zodiac Sign ပေါ်မူတည်ပြီးတော့ ကိုယ်က ဘယ်လိုဒစ်စနေးမင်းသမီးလေးတွေနဲ့ ကိုက်ညီမှုရှိလဲဆိုတာကို ဖတ်ကြည့်လိုက်ရအောင်။

Aries – Mulan

Aries လေးတွေဟာ စိတ်မြန်လက်မြန်ရှိကြပြီး ကိုယ့်ရဲ့ ကိုယ်စွမ်းကိုယ်စ၊ ပင်ကိုအရည်အချင်းကိုပဲ အထူးအားကိုးလိုကြပါတယ်။ မူလန်းလေးလေး ယောကျာ်းလေးလို ဝတ်ပြီးတော့ စစ်ထဲဝင်သွားခဲ့တာကိုပဲ ကြည့်လိုက်ပါတော့နော်။

Taurus – Cinderella

Taurus လေးတွေကတော့ စိတ်ရှည်သည်းခံတတ်ကြပြီး ယုံကြည်အားထားရတဲ့သူတွေဖြစ်ပါတယ်။ စင်ဒရဲလားလေးကို ကြည့်မယ်ဆိုရင်လည်း မိထွေးနဲ့ အမနှစ်ယောက်နှိပ်စက်သမျှ၊ ခိုင်းသမျှ အားလုံးကို သည်းခံပြီးလုပ်ပေးတတ်သူလေးပါနော်။ စိတ်ပိုင်းဆိုင်ရာလည်း အလွန်ကြံ့ခိုင်ပြီး တချက်လေးတောင် ညည်းညူတတ်သူမဟုတ်ပါဘူး။

Gemini – Jasmine

Geminis လေးတွေကတော့ အလွယ်တကူ ပျင်းလွယ်၊ ငြီးငွေ့လွယ်တတ်ကြတာကြောင့် စွန့်စားခန်းတွေလို အခြေအနေတွေက သူတို့တွေနဲ့ စိမ်းကားနေတတ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အားသာချက်တစ်ခုကတော့ အခြေအနေမျိုးစုံတွေနဲ့ ရင်းနှီးကျွမ်းဝင်လွယ်တာပါပဲ။ အာလာဒင်ရဲ့ မိန်းမချောလေး ဂျက်စမင်လိုပဲ နန်းတော်ထဲက အမြဲထွက်ပြေးနေပြီး သာမန်ဆင်းရဲသားတစ်ယောက်လိုမျိုး နေထိုင်တတ်တာကိုပဲ ကြည့်ပါတော့။

Cancer – Megara

Cancers လေးများကတော့ စိတ်ခံစားချက်ပေါ်မူတည်ပြီး ပြုမူတတ်ကြတာကြောင့် တစ်ခါတစ်လေမှာ အရမ်းပွင့်လင်းလွန်းတာမျိုး၊ ရိုင်းပျသလိုမျိုး ဖြစ်သွားတတ်ပါတယ်။ သူတို့ဘယ်လိုခံစားရတယ်၊ တွေးတယ်ဆိုတာကို ဘွင်းဘွင်းရှင်းရှင်းပြောတတ်တာကြောင့် Megara နဲ့ အရမ်းကို ဆင်တူပါတယ်နော်။

Leo – Merida

Brave ဇာတ်ကားထဲက မင်းသမီးလေး Merida နဲ့ဆင်တူတာကတော့ Leo လေးတွေပါ။ ရဲရင့်ပြီး လွတ်လပ်မှုကို နှစ်သက်သူတစ်ဦးဖြစ်ပါတယ်။ သူမလုပ်ချင်တာကို အတင်းဇွတ်လုပ်ခိုင်းလို့မရဘဲ သူမဘဝအတွက် လမ်းကြောင်းကိုသူကိုယ်တိုင်ဖောက်တတ်သူလေးပါ။

Virgo – Aurora

Virgos လေးတွေကတော့ အမြဲတမ်းတိတ်တိတ်ဆိတ်ဆိတ်နေတတ်ပြီး ရှက်ကြောက်တတ်သူလေးတွေပါ။ ငြိမ်သက်အေးဆေးပြီးတော့ ဟန်ဆောင်မှုမရှိတတ်ကြပါဘူး။ Aurora လေးနဲ့ တစ်ပုံစံတည်းပါပဲနော်။

Libra – Rapunzel

Libra လေးများကတော့ ရည်မှန်းချက်တွေရှိကြပြီး တစ်ခုခုလုပ်နေရမှ ဒါမှမဟုတ် တစ်ယောက်ယောက်နဲ့ စကားပြောနေရမှပါ။ ဒီလိုမှမဟုတ်ရင် ပျင်းရိနေတတ်ကြပြီး ဂနာမငြိမ်တွေဖြစ်တတ်ကြပါတယ်။ Rapunzel လေး ရဲတိုက်ကြီးထဲမှာ တစ်ယောက်တည်းပိတ်မိနေချိန်မှာ ခံစားရသလိုပါပဲ။

Scorpio – Ariel

Scorpios လေးများဟာဆိုရင် စိတ်ဓာတ်ခိုင်မာပြတ်သားသူများပါ။ တစ်ခုခုကိုမလုပ်ရဘူးဆိုပြီး တားဆီးခံရတာမျိုးကို လုံးဝမကြိုက်ဘဲ ကိုယ်လိုချင်တာကို ရဖို့အတွက် ဘာမဆိုလုပ်နိုင်သူလေးတွေ ဖြစ်ပါတယ်။

Sagittarius – Pocahontas

Pocahontas လိုစိတ်ဓာတ်ရှိတဲ့ Sagittarius လေးများကတော့ သဘာဝကိုချစ်မြတ်နိုးပြီး ငြိမ်းချမ်းမှုကို မြတ်နိုးတတ်ကြပါတယ်။ တိရစ္ဆာန်လေးတွေပေါ်မှာလည်း အထူးဂရုစိုက်တတ်ကြပြီး အလွယ်တကူ နက်နက်နဲနဲ မြန်မြန်ဆန်ဆန် အချစ်မှာနစ်ဝင်သွားတတ်ပါတယ်။

Capricorn – Jane

ဉာဏ်ကောင်း၊ ရည်မှန်းချက်ကြီးပြီး စိတ်ဓာတ်ခိုင်မာသူလေးတွေဖြစ်တဲ့ Capricorns များကတော့ အသစ်တွေကို ရင်ဆိုင်ကြုံတွေ့ရမှာ မကြောက်တတ်ကြသလို အမြဲတမ်းသင်ယူနေတတ်ကြပါတယ်။ စာအုပ်တွေမှာပါတာကိုပဲ လေ့လာနေမှာထက်စာရင် လက်တွေ့ကို လိုက်လံရှာဖွေနေတတ်သူများပါ။

Aquarius – Snow White

လူတိုင်းလူတိုင်းဟာ တူညီကြတယ်လို့ ယုံကြည်ထားကြပြီး တန်းတူညီမျှ တစ်ပြေးညီဆက်ဆံခံရတာကို နှစ်သက်ကြပါတယ်။ စနိုးဝှိုက်လေးလိုပဲ စရိုက်တစ်မျိုးစီရှိတဲ့ လူပုလေး ၇ ယောက်နဲ့အတူနေကြတာတောင် အဆင်ပြေနေတာကိုပဲ ကြည့်ပါတော့။

Pisces – Belle

နောက်ဆုံးကျန်တဲ့တစ်ယောက်တော့ ဖန်တီးနိုင်စွမ်းရှိပြီး ဉာဏ်ကောင်းလွန်းတဲ့ မင်းသမီးချောလေး Belle ပါပဲ။ ချမ်းသာကြွယ်ဝမှုတွေ၊ တောက်ပြောင်မှုတွေကို နှစ်သက်မက်မောသူမဟုတ်ဘဲ တစ်ဖက်သားကို ဂရုစိုက်တတ်သူလေးပါ။

Credit: herbeauty.co

Featured Image Source: Entertainment Tonight