လူတစ်ယောက်ချင်းစီတိုင်းမှာဖြစ်ဖြစ်၊ မိသားစုတစ်စုမှာပဲဖြစ်ဖြစ် အိမ်တွင်းဖျော်ဖြေရေးဆိုတာ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုမှာ ရှိနေပါတယ်။ ခင်ပွန်းသည်ဟာ လုပ်ငန်းခွင်မှာ တစ်နေ့တာလုံး ကြိုးစားလုပ်ကိုင်ပြီး မောပန်းစွာနဲ့ အိမ်ပြန်ရောက်တဲ့အခါ သူ့ရဲ့ အပန်းဖြေရာက မိသားစုနဲ့ တီဗီကြည့်တာလည်း ဖြစ်နိုင်ပါတယ်။

အိမ်ရှင်မတစ်ယောက်ရဲ့ တစ်နေ့တာအိမ်အလုပ်တွေပြီးဆုံးချိန် အပန်းဖြေတာကလည်း တီဗီရှေ့မှာ ဖြစ်နိုင်ပါတယ်။ ကျောင်းသားကျောင်းသူတွေရဲ့ အိမ်တွင်းအပန်းဖြေမှုကလည်း တီဗီရှေ့မှာ ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး တစ်မိသားစုလုံးရဲ့ စုစည်းညီညာအပန်းဖြေရာ တီဗီကို အရည်အသွေးကောင်းကောင်းဝယ်ယူဖို့ လိုအပ်ပါတယ်။ တီဗီဝယ်တာလွယ်တယ်ဆိုပေမယ့် ဘယ်လိုတီဗီကို ဝယ်ရမလဲဆိုတာကို ရွေးရတာ၊ ဆုံးဖြတ်ရတာတော့ ထင်သလောက် မလွယ်ပါဘူး။ ဒါပေမယ့် ဒီဆောင်းပါးလေးက ရွေးချယ်ဆုံးဖြတ်ရတာ နည်းနည်းလေး ပိုပြီးလွယ်ကူသွားအောင် ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

FHD နဲ့ UHD ဆိုတာ ဘာလဲ

တီဗီအတွက် ရွေးချယ်စရာရှိလာတာက အကြမ်းအားဖြင့်ပြောရမယ်ဆိုရင် လက်ရှိမှာ HD, FHD နဲ့ UHD ဆိုပြီး ၃မျိုးရှိပါမယ်။ ၂၀၂၀ လို နှစ်မျိုးမှာ HD ကတော့ ရာဇဝင်ထဲမှာပဲ ချန်ထားခဲ့သင့်ပါပြီ။ ဒါဆိုရင် အဓိက ရွေးစရာက FHD နဲ့ UHD ဆိုပြီး ၂မျိုးဖြစ်လာပါမယ်။ ဒီ ၂မျိုးမှာ ပိုကောင်းတာက UHD ပါ။

Full High Definition (FHD)

FHD ကတော့ Full High Definition (မြင့်မားတဲ့ကြည်လင်ပြတ်သားမှုအပြည့်နဲ့ကြည့်ရှုနိုင်) တာကို ဆိုလိုတာပါ။ Resolution 1920 x 1080p ရှိပါတယ်။ သူ့ရဲ့ Pixel ပမာဏက သာမန် HD ထက် ပိုများတော့ ပိုပြီးကြည်လင်ပြတ်သားပါတယ်။ အနီးစပ်ဆုံးဥပမာပေးရရင် အခုအခမဲ့ရုပ်သံလိုင်းတွေကိုကြည့်ပါ။ သာမန် Digital လိုင်းနဲ့ HD လိုင်း အရုပ်၊ အသံအရည်အသွေးကွာခြားတာကို သတိပြုမိမယ်ထင်ပါတယ်။ FHD က HD ထက် Pixel ပိုများတဲ့အတွက် ကြည့်ရတာ ပိုပြီးကြည်လင်ပြတ်သားပါတယ်။ ဒါပေမယ့် UHD နဲ့ယှဉ်လိုက်ရင်တော့ FHD ဟာ Low Definition အဆင့်ကို ရောက်သွားပါပြီ။

Ultra High Definition (UHD)

UHD ကတော့ Ultra High Definition (ကြည်လင်ပြတ်သားမှုက ထူးထူးကဲကဲမြင့်မားစွာနဲ့ကြည့်ရှုနိုင်) ကိုဆိုလိုတာပါ။ Resolution 3840 x 2160p ရှိပါတယ်။ FHD က 1920 x 1080p ပဲရှိတာပါ။ ဒါကြောင့် UHD က FHD ထက် Pixel လေးဆ ပိုများပါတယ်။ အလွယ်ပြောရရင်တော့ UHD က FHD ထက် ပိုပြီးကောင်းတယ်၊ ပိုကြည်လင်တယ်ပေါ့။ ဥပမာ အရွယ်အစားတူညီတဲ့ FHD တီဗီနဲ့ UHD တီဗီကို ယှဉ်ပြီးကြည့်လိုက်ရင် UHD တီဗီရဲ့မျက်နှာပြင်မှာမြင်တွေ့ရတဲ့ အရုပ်တွေက အရောင်အသွေးပိုစိုပြည်မယ်၊ အသေးစိတ်လည်းကျပြီး အပြင်က အစစ်အမှန်မြင်ကွင်းနဲ့ ပိုပြီးနီးစပ်တဲ့ပုံရိပ်အဖြစ် တွေ့မြင်နိုင်ပါလိမ့်မယ်။

UHD ကို အရပ်ထဲမှာတော့ 4K တီဗီဆိုပြီး အလွယ်ခေါ်ဝေါ်သုံးစွဲတတ်ကြပါတယ်။ Samsung မှာတော့ Crystal UHD တွေကို ထုတ်လုပ်ရောင်းချနေတာ တွေ့နိုင်ပါတယ်။ ဒီ တီဗီတွေအတွက် Samsung ရဲ့ Crystal technology နဲ့ 4K အရည်အသွေးထိ တိုးမြှင့်ပေးနိုင်တဲ့ AI နည်းပညာက ကြည်လင်ပြတ်သားတဲ့ အရုပ်အရည်အသွေးကို ထုတ်ပေးနေတာပါ။ အခုနောက်ပိုင်းထုတ်လာတဲ့ TUXXXX စီးရီးတွေမှာဆိုရင် Dual LED backlighting တွေနဲ့ဆိုတော့ အလင်းအခြေအနေ၊ ရှုထောင့်အခြေအနေ မရွေးဘဲ ရုပ်ထွက်ကောင်းကောင်း ကြည့်လို့ရပါပြီ။ ဥပမာ Multi-View နည်းပညာနဲ့ တီဗီဖန်သားပြင်တစ်ခုတည်းမှာ အကြောင်းအရာနှစ်ခုကို ကြည့်လို့ရနေပါပြီ။ ဒါဟာ အလုပ်လုပ်တဲ့လူအတွက်ပဲဖြစ်ဖြစ်၊ ပညာရေးအတွက် သုံးတဲ့လူအတွက်ပဲဖြစ်ဖြစ် အတော်လေးကို အသုံးတည့်တဲ့ လုပ်ဆောင်ချက်လို့ ဆိုရပါမယ်။

ပိုပြီးကြီးမားတဲ့ တီဗီတွေအတွက် UHD ကိုအသုံးပြုပါတယ်။ ဒါကြောင့် UHD တီဗီတွေကို ပိုပြီး အနီးကပ်ထိုင်ကြည့်နေရင်တောင် ကြည်လင်ပြတ်သားတဲ့ ရုပ်ပုံအရည်အသွေးကို ကြည့်မြင်ခံစားရမှာ ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် Crystal UHD ကစပြီးတော့ အိမ်တွင်းရုပ်ရှင်ရုံ တစ်ခုဖန်တီးလို့ ရနေပါပြီ။

ဘာကိုရွေးမလဲ

UHD တီဗီတွေကို စဉ်းစားရွေးချယ်တာက အကောင်းဆုံး အသင့်တော်ဆုံး ဖြစ်ပါလိမ့်မယ်။ ဒီ UHD တီဗီတွေကို ရွေးချယ်တာက နောင်တမရစေမယ့် ရွေးချယ်မှုဖြစ်လို့ Recommend ပေးလိုက်ချင်ပါတယ်။

ဘာကြောင့် UHD ကို Recommend ပေးရသလဲဆိုတော့ လက်ရှိအချိန်မှာ 4K အရည်အသွေးနဲ့ ထုတ်လွှင့်မှုတွေ များလာလို့ပါပဲ။ ကမ္ဘာမှာ 4K အရည်အသွေးနဲ့ ထုတ်လွှင့်နေတဲ့ ရုပ်သံလိုင်းပေါင်း ၈၀ ကျော်နေပြီလို့ သိရပါတယ်။ ဒီထဲမှာ Netflix, Amazon Prime, Vudu, Rakuten တို့လို နာမည်ကျော်ရုပ်သံလိုင်းတွေ ပါဝင်ပါတယ်။ နောက်တစ်ချက်က Blue-ray စက်နဲ့ဆိုရင်လည်း 4K အရည်အသွေးကိုရရှိမှာပါ။ ဒီအချိန်မှာ ကိုယ့်တီဗီက UHD မဟုတ်ဘူးဆိုရင်တော့ ကိုယ်မြင်နေရတာက 4K အောက် သာမန် FHD အရည်အသွေးပဲ ဖြစ်နေပါလိမ့်မယ်။ နောက်တစ်ချက်က စမတ်ဖုန်းတွေမှာတောင် 4K ဗီဒီယိုရိုက်ကူးနိုင်တဲ့ခေတ်မှာ တီဗီအသစ်ကိုငွေကုန်ကြေးကျခံဝယ်ပြီးမှ 4K အရည်အသွေးမရဘူးဆိုရင် သိပ်ပျော်ဖို့မကောင်းပါဘူး။

တီဗီလိုမျိုး ဖျော်ဖြေရေးပစ္စည်းကိုဝယ်မယ်ဆိုရင် အတော်များများက ငွေကြေးကို အရင်ကြည့်လေ့ရှိပါတယ်။ စာရေးသူအကြံပေးချင်တာကတော့ ငွေကြေးကိုအရမ်းမကြည့်ပါနဲ့။ တီဗီတစ်လုံးဝယ်တာဟာ ဖျော်ဖြေရေးအတွက်၊ ပျော်ရွှင်ရေးအတွက်ဝယ်တာဆိုပေမယ့် တစ်ခါတည်းသုံးဖို့ဝယ်တာမဟုတ်သလို၊ တစ်ယောက်တည်းသုံးဖို့ ဝယ်တာလည်း မဟုတ်ပါဘူး။ တစ်မိသားစုလုံးက အချိန်အကြာကြီး၊ နည်းအမျိုးမျိုးနဲ့သုံးစွဲဖို့အတွက်ဝယ်တာဖြစ်တဲ့အတွက် ငွေကြေးကိုအရမ်းကြည့်လွန်းရင် တစ်ချိန်မှာ “ငါသာ ငွေနည်းနည်းပိုသုံးလိုက်ရင် အခုထက်ပိုပြီးစိတ်ကျေနပ်စရာကောင်းတဲ့ တီဗီကို ဝယ်လိုက်မိမှာပဲ” ဆိုပြီး ဖြစ်တတ်လွန်းလို့ပါ။

Samsung Product တွေကို ဝယ်ယူအသုံးပြုသူတွေအနေနဲ့ Samsung ရဲ့ In Home Service (IH) လို့ခေါ်တဲ့ အိမ်တိုင်ရာရောက် လာရောက်ပြုပြင်ပေးမယ့် ဝန်ဆောင်မှုကိုလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။ Customer က Call Center နံပါတ် ၀၁ – ၂၃၉၉၈၈၈ သို့ ဖုန်းခေါ်ဆိုကာ မိမိ Product ရဲ့ ချွတ်ယွင်းချက်ကို ဦးစွာ ရှင်းပြရမှာဖြစ်ပါတယ်။ ပြီးနောက် Call Center ဘက်က နည်းပညာပိုင်းဆိုင်ရာ အကြံဥာဏ်များပေးပြီး ပြန်လည်ဖြေရှင်းပေးမှာ ဖြစ်ပါတယ်။ အကယ်၍ မိမိ Product ရဲ့ ချွတ်ယွင်းချက်ကို Samsung ဘက်က Technician များကိုယ်တိုင် ဖြေရှင်းဖို့ လိုအပ်ပါက အိမ်တိုင်ရာရောက် လာရောက်ပြုပြင်ပေးသွားမယ်လို့ သိရပါတယ်။