တချို့တွေက အိပ်ခန်းထဲမှာ daily activities တွေကို ထားတတ်ကြပါတယ်။ တချို့ပစ္စည်းတွေကျတော့ အိပ်ခန်းထဲထားရင် အနံ့နံတာမျိုး၊ အိပ်စက်ချိန်ကို အနှောက်အယှက်ဖြစ်စေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ်တိုင်လည်း ထားမိရင် နေရာပြန်ရွှေ့လိုက်လို့ရအောင် အိပ်ခန်းထဲမှာမထားသင့်တဲ့ အရာ ၅ မျိုးကို ပြောပြပေးလိုက်ပါတယ်။

Shoes

Shoes ဖိနပ်တွေက အနံ့နံတာများပါတယ်။ ဝတ်တာကြာရင် ခြေဆီနံ့တွေနဲ့ နံပါတယ်။ အိပ်ခန်းထဲမှာထားရင် လေဝင်လေထွက် သိပ်မကောင်းတဲ့အတွက် အနံ့လုံပြီး ပိုနံစေပါတယ်။ အိပ်ယာထဲမှာ အနံ့အသက်မကောင်းတာတွေ ဖြစ်လာပါလိမ့်မယ်။

ဖုန်း၊ နာရီ

အိပ်ယာဘေးမှာ ဖုန်းနဲ့ နာရီထားတာက အိပ်စက်ချိန်ကို အနှောက်အယှက်ဖြစ်စေပါတယ်။ ဖုန်းထားရင်လည်း ဖုန်းလာတာနဲ့ Noti တက်တာနဲ့ Silent လုပ်ထားရင်တောင် ဝင်လာရင် တုန်တဲ့အသံတွေဖြစ်တတ်တာကြောင့် အနှောက်အယှက်ဖြစ်စေပါတယ်။ နာရီဆိုရင်လည်း လက်တံအသံက အနှောက်အယှက်ဖြစ်စေပါတယ်။

လေ့ကျင့်ခန်းလုပ်တဲ့စက်

လေ့ကျင့်ခန်းလုပ်တဲ့စက်တွေကို အိပ်ခန်းထဲမှာထားတာက နေရာလည်းယူပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းလုပ်ရင်လည်း အိပ်ခန်းထဲမှာပဲ လုပ်နေမိမှာဖြစ်လို့ ပျင်းလာတာနဲ့ အိပ်ယာပေါ်လှဲလိုက်တာမျိုး၊ ဖုန်းသုံးလိုက်၊ အနားယူလိုက် လုပ်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုတွေဖြစ်လာရင် လေ့ကျင့်ခန်းလုပ်ရတာ မထိရောက်ပဲ အချိန်လည်း ပိုကြာသွားပါလိမ့်မယ်။

အလုပ်စားပွဲ

အလုပ်စားပွဲလည်း ခုနကလိုပါပဲ။ အိပ်ခန်းထဲမှာဆိုတော့ ပျင်းလာတာနဲ့ အိပ်ယာပေါ်သွားလှဲတာမျိုးတွေ ရှိနိုင်ပါတယ်။ အလုပ်လုပ်ရတာလည်း အချိန်ပိုကြာနိုင်ပါတယ်။ ကိုယ့်အိပ်ခန်းထဲမှာပဲဆိုပြီး အချိန်မကြည့်ပဲ ညမိုးချုပ်တဲ့အထိ အလုပ်လုပ်နေမိရင်တော့ အိပ်စက်ချိန်ကို ထိခိုက်လာနိုင်ပါတယ်။

Snacks

Snacks တွေ၊ မုန့်ထုပ်တွေ၊ အအေးဘူးတွေကို အိပ်ခန်းထဲမှာထားရင် အလွယ်တကူယူစားမိမှာပါ။ အိပ်ယာပေါ်လှဲအိပ်နေရင်းနဲ့လည်း ခဏခဏယူစားမိနေမှာပါ။ ဒီလိုဆိုရင်တော့ ဝိတ်တက်၊ အဆီတက်လာတာပဲ ရှိပါမယ်။ ဒါကြောင့် အိပ်ခန်းထဲမထားတာ အကောင်းဆုံးပါပဲ။

source:www.brightside.me