ယနေ့ခေတ်မှာ ဖက်ရှင်ဒီဇိုင်းမျိုးစုံကလည်း ထွက်ရှိနေတဲ့အပြင် ဒီဇိုင်နာများ၊ Stylist တွေကလည်း အမြောက်အမြားပါပဲ။ တစ်ခါတလေကျရင်လည်း ဒီဇိုင်နာတွေရဲ့ စတိုင်တွေ၊ လှပချောမောတဲ့ မင်းသမီးတွေရဲ့ ဖက်ရှင်စတိုင်တွေအမျိုးမျိုးကို လိုက်လေ့လာရင်းနဲ့မှ ဖက်ရှင်တွေ ရောပြွမ်းသွားတတ်ပါတယ်။ မိမိရဲ့ဆွဲဆောင်မှုကို လျော့ကျစေနိုင်တဲ့ ဖက်ရှင်တစ်ချို့ကိုတော့ ပညာသားပါပါနဲ့ ရှောင်ကြဉ်နိုင်ဖို့တော့ လိုတာပေါ့။

အပေါ်အပွ၊ အောက်အပွဝတ်ဆင်ခြင်း

တစ်ကိုယ်လုံးကို ပွပွလျလျဝတ်ဆင်လိုက်တဲ့အခါ ခန္ဓာကိုယ်ကောက်ကြောင်းမပေါ်ဘဲ နေပါလိမ့်မယ်။

ဘောင်းဘီအတိုကို အသားကပ်နဲ့ တွဲဝတ်ခြင်း

ယနေ့ခေတ်မှာတော့ မိန်းကလေးတွေက ဂျင်းဘောင်းဘီအတိုဝတ်တာတွေ ခေတ်စားလာပါပြီ။ အတိုဝတ်ချင်တယ်ဆိုလည်း ရဲရဲဝံ့ဝံ့သာ ဝတ်ပစ်လိုက်ပါ။ အသားကပ်တွေ ဘာတွေ ထပ်ဝတ်မနေပါနဲ့တော့။ မိမိရဲ့ခြေတံအလှမပေါ်လွင်တဲ့အပြင် ကြည့်ရဆိုးစေပါတယ်။

Tulip စကပ်

Tulip စကပ်က သင်မတ်တပ်ရပ်နေချိန်မှတော့ ကြည့်လို့လှပေမယ့် သင်က ဘယ်လောက်ပဲ ပိန်တယ်ပြောပြော ထိုင်နေချိန်မှာတော့ ဗိုက်ကအဆီတွေပေါ်စေပါတယ်။

ဘရာကြိုးပေါ်ခြင်း

ဘရာကြိုးမပေါ်ဖို့အတွက် စက္ကူညှပ်တဲ့ ကလစ်အသုံးပြုပြီး ကြိုးနှစ်ချောင်းကို ပူးကပ်ခြင်းဖြင့် ဖက်ရှင်ကျနိုင်ပါတယ်။

ခန္ဓာကိုယ်နဲ့ ကွက်တိမကျသော ဂျင်းဘောင်းဘီဝတ်ဆင်ခြင်း

ဂျင်းဘောင်းဘီကို မဝယ်ရသေးခင်မှာ စမ်းဝတ်ကြည့်ပါ။ ချောင်ပြီး ကိုယ်နဲ့ ကွက်တိမကျတဲ့အခါ သင့်ခန္ဓာကိုယ်ကို မလှမပဖြစ်စေပါတယ်။

လည်ပင်းပိတ်အင်္ကျီများ ဝတ်ဆင်ခြင်း

လည်ပင်းပိတ်အင်္ကျီတွေ ဝတ်တဲ့အခါ သင့်လည်ပင်းကို ပိုပုသယောင်ထင်မြင်စေပါတယ်။ V-shape အင်္ကျီလေးတွေ၊ လည်ပင်းဖွင့်ထားတဲ့ အင်္ကျီများကို ရွေးချယ်ဝတ်ဆင်ပါ။ အမြင်ရိုင်းမှာစိုးရင် မာဖလာလေး ပတ်ထားလိုက်တော့ ပိုပြီးဖက်ရှင်ကျတာပေါ့။

သင့်ခြေထောက်ထက် ဆိုဒ်အလွန်ကြီးနေသော ဖိနပ်များ

ကိုယ့်ခြေထောက်ထက် ဆိုဒ်ကြီးတဲ့ ဖိနပ်တွေက လမ်းလျှောက်တဲ့အခါ သင့်ကို သက်သောင့်သက်သာမဖြစ်စေဘဲ ဖိနပ်ကိုပဲ အာရုံရောက်နေစေမှာပါ။

စကပ်အတိုဝတ်တဲ့အခါ ခြေမျက်စိဖုံးတဲ့ ဒေါက်ဖိနပ်ဝတ်ဆင်ခြင်း

ခြေမျက်စိဖုံးတဲ့ ဒေါက်တွေက မိမိခြေထောက်အလှကို ထိခိုက်စေပါတယ်။ အဲ့ဒီအစား စကပ်အတိုနဲ့ ရိုးရိုးဒေါက်ကိုသာ ရွေးချယ်ဝတ်ဆင်ပါ။

အလွန်ကြီးမားလွန်းသော စလင်းဘတ်အိတ်များ ရွေးချယ်ဝတ်ယူခြင်းမှ ရှောင်ကြဉ်ပါ။

ရှည်လျားလွန်းသော အင်္ကျီများ

ခါးကျော်တဲ့ အင်္ကျီများက သင့်အရပ်ကို ပိုပုသွားတဲ့ ပုံပေါ်စေပါတယ်။ အထူးသဖြင့် အင်္ကျီအရှည်ကို ဘောင်းဘီအတိုနဲ့ တွဲဝတ်ရင် ပိုဆိုးတာပေါ့။ ဒါဆိုရင် အဲ့ဒီလို အင်္ကျီအရှည်ဝတ်တဲ့အခါ အင်္ကျီကို ဂျင်းဘောင်းဘီထဲသာ ထည့်ဝတ်လိုက်ပါ။

Source: Brightside.me