အမဲစက်များ၊ ဝက်ခြံများနှင့် ပြည့်နှက်နေသော မျက်နှာကို ဘယ်သူမှ မလိုချင်ကြပါဘူး။ နူးညံ့ချောမွတ်တဲ့ မျက်နှာအသားအရေ ပိုင်ဆိုင်နိုင်ဖို့ရန်အတွက် Skincare များများ ပြုလုပ်ပေးရပါတယ်။ ဒါက အသားအရေအလှအပအတွက် ကောင်းမွန်တဲ့အလေ့အကျင့်တစ်ခုပါပဲ။

ဒီဆောင်းပါးလေးထဲမှာတော့ အသားအရေ နူးညံ့ချောမွတ်ချင်တဲ့သူများအတွက် မိမိအသားအရေအလိုက် ဘယ်လိုမျက်နှာပေါင်းတင်နည်းများနဲ့ ပေါင်းတင်သင့်သလဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။

အရေးအကြောင်းနှင့် ပါးရေတွန့်သူများအတွက်

ငှက်ပျောသီးမှည့်တစ်လုံး၊ ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဝက်၊ ဒိန်ချဉ် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် နနွင်းမှုန့် လက်တစ်ဖျစ်စာခန့်တို့ လိုအပ်ပါတယ်။ ငှက်ပျောသီးကို အတုံးသေးသေးလေး တုံးပြီးနောက် ခက်ရင်းဖြင့် ချေမွလိုက်ပါ။ ထို့နောက် ကျန်ရှိနေသော ပါဝင်ပစ္စည်းများနဲ့ အနှစ်များရလာသည်အထိ မွှေပေးလိုက်ပါ။

နောက်တစ်ဆင့်အနေနဲ့ သန့်စင်သော မျက်နှာပေါ်တွင် သုတ်လိမ်းကာ ၁၀ မိနစ်ခန့် ပေါင်းတင်ထားပါ။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ ကြက်သီးနွေးရေနွေးဖြင့် မျက်နှာသစ်လိုက်ပါ။ ပြီးရင်တော့ Moisturizer လိမ်းဖို့ မမေ့ပါနဲ့။

ဝက်ခြံပေါက်သော အသားအရေပိုင်ရှင်များအတွက်

ရှားစောင်းလက်ပတ်ဂျယ်လ် စားပွဲတင်ဇွန်း ၁ ဇွန်းကို Tea Tree Oil တစ်စက်ဖြင့် သမအောင် ရောနှောလိုက်ပါ။ ထို့နောက် ဝက်ခြံပေါက်သောနေရာတဝိုက်တွင် ၁၀ မိနစ်ခန့် အုံထားလိုက်ပါ။ ပြီးရင် မျက်နှာသစ်ချလိုက်ပါ။ Moisturizer ပြန်လိမ်းပေးဖို့လည်း မမေ့ပါနဲ့။

အသားအရေအဆီပြန်သူများအတွက်

အသားအရေအဆီပြန်သူများကတော့ ကြက်ဥအကာတစ်လုံးကို ရှားစောင်းလက်ပတ်ဂျယ်လ် စားပွဲတင်ဇွန်း ၂ ဇွန်းဖြင့် သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် မျက်နှာပေါ် သုတ်လိမ်းပေးလိုက်ပါ။ ၁၀ မိနစ် ခန့်အကြာမှ မျက်နှာသစ်ပေးလိုက်ပါ။

အသားခြောက်သူများအတွက်

အသားအရေခြောက်သွေ့သူများကတော့ ထောပတ်သီးမှည့်တစ်ခြမ်းကို ခက်ရင်းဖြင့် အနှစ်များရအောင် ချေမွလိုက်ပါ။ ထို့နောက် ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းဖြင့် သမအောင် ရောမွှေလိုက်ပါ။

ထို့နောက် မျက်နှာပေါ် သုတ်လိမ်းပေးလိုက်ပါ။ ၁၅ မိနစ်၊ မိနစ် ၂၀ ခန့်ာကာမှ မျက်နှာသစ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ သင့်အသားအရေက စိုစိုပြေပြေလေးနဲ့ ကြည့်လို့ကောင်းလာပါလိမ့်မယ်။