ချစ်သူစထားပြီဆိုရင် အစပိုင်းမှာတော့ ပျော်ရွှင်စရာ စိတ်လှုပ်ရှားစရာကြီးပါပဲ။ ဒါပေမယ့်အချိန်တွေကြာလာတာနဲ့အမျှ ရင်ထဲမှာ လိပ်ပြာလေးတွေ လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားပါပြီ။ ချစ်သူနဲ့ ပိုပြီးရင်းနှီးမှုရလာတယ်။ လုပ်ရိုးလုပ်စဉ်တစ်ခုလိုဖြစ်သွားတော့ ရိုးသွားသလို ခံစားရတတ် ပါတယ်။ ဒါ့ကြောင့် အမြဲတမ်းပျော်ရွှင်နေတဲ့ ချစ်သူစုံတွဲအဖြစ် ထာဝရလက်တွဲသွားနိုင်မယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးသွားပါမယ်။

၁။ ချစ်သူကို မြတ်နိုးကြောင်း ပြသပါ။

ချစ်သူကို ဘယ်လောက်မြတ်နိုးကြောင်း သူဟာ ကိုယ့်ဘဝအတွက် ဘယ်လောက်အရေးပါကြောင်း ပြသပါ။ ပြီးရင် ကိုယ့်ကို ချစ်သူအဖြစ် ရွေးချယ်ပေးခဲ့လို့ ကျေးဇူးတင်တဲ့အကြောင်း ပြောပေးပါ။

၂။ ချစ်သူရဲ့ လိုအင်ဆန္ဒတွေ လိုအပ်ချက်တွေကို အမြဲဂရုစိုက်ပါ။

ချစ်သူနှစ်ဦးဆက်ဆံရေး ထာဝရအဆင်ပြေနေဖို့ဆိုရင် သူ့ရဲ့ လိုအင်ဆန္ဒတွေ၊ သူကြိုက်နှစ်သက်တဲ့အရာတွေကို ဂရုစိုက်ပါ။ သူဘာလိုချင်သလဲ။ သူဘာဖြစ်ချင်သလဲဆိုတာကို အမြဲသတိထားပါ။

၃။ သင့်စကားလုံးတွေကို ဂရုစိုက်ပါ။

ချစ်သူနှစ်ဦး ရန်ဖြစ်တဲ့အခါမှာပဲဖြစ်ဖြစ် သင့်စကားလုံး ရွေးချယ်မှုကိုသတိထားပါ။ တောင်းပန်ရင်တောင် sorry တစ်ခွန်းတည်းမပြောဘဲ သူ့ကို သေသေချာချာ ကိုယ်မှားသွားတဲ့အကြောင်း တောင်းပန်လိုက်ပါ။

၄။ ချစ်သူကို လေးစားပါ။

ချစ်သူနှစ်ဦး အပြန်အလှန်နားလည်မှုမရှိရင် Relationship ကလည်း ကြာရှည်ခံမှာမဟုတ်ပါဘူး။ ချစ်သူရဲ့ ခံစားချက် ခံယူချက်တွေကို အမြဲတမ်း အလေးထားပါ။ သူရဲ့ ခံစားချက်ကိုလည်း လေးစားဖို့လိုပါတယ်။

၅။ အမြဲတမ်း လုပ်ရိုးလုပ်စဉ်တွေကိုပဲမလုပ်ပါနဲ့။

ချစ်သူနှစ်ဦးဆက်ဆံရေး ရေရှည်ခိုင်မြဲဖို့နဲ့ အမြဲတမ်းပျော်ရွှင်နေဖို့ လုပ်ရိုးလုပ်စဉ်တွေပဲမလုပ်ပါနဲ။ ချစ်သူနဲ့ အမြဲတမ်း ရုပ်ရှင်ကြည့်တယ်။ ပီဇာစားလေ့ရှိတယ်။ စကြိုက်လာကတည်းက တစ်နှစ်ကြာလည်းဒါ နှစ်နှစ်ကြာလည်းဒါဆိုတာမျိုးမလုပ်ပါနဲ့။ အပြောင်းအလဲဖြစ်သွားအောင်ကြိုးစားပါ။ တစ်ခါတလေ surprise လေးတွေ လုပ်ပေးပါ။

၆။ အမှတ်တရတွေကို အတူတူ ဖန်တီးမယ်။

ခရီးတွေ အတူတူသွားမယ်။ စာသောက်ဆိုင်အသစ်တွေပေါ်လာတဲ့အခါ အတူတူသွားစားကြမယ်။ တောင်တက်ကြမယ် စသဖြင့် အမှတ်ရစရာလေးတွေ ကို အတူတူ ဖန်တီးပါ။

၇။ အချစ်အရသာပြည့်စုံပါစေ။

ချစ်နေရုံနဲ့မပြီးပါဘူး။ အချစ်ဆိုတာ သိပ်ကို ခက်ခဲနက်နဲတဲ့ ပုဒ်စာတစ်ပုဒ်ပါ။ အချစ်ရဲ့ ရသတွေ ပိုပြီးပေါ်လွင်စေဖို့ ရင်ခုန်စရာကောင်းတဲ့ romance လေးတွေ ဖန်တီးပေးပါ။ သူဟာ ကိုယ့်ဘဝအတွက် ဘယ်လောက်အရေးပါကြောင်း၊ ဘယ်လောက်ထိ အဓိပ္ပာယ်ရှိကြောင်း ပြသပါ။ ချစ်သူကို ချစ်ပေးပါ။