အဝါရောင်ဟာ ကမ္ဘာပေါ်က လူကြိုက်အနည်းဆုံးအရောင်တွေထဲက တစ်ရောင်ဖြစ်ပါတယ်။ “ဘယ်အရောင်အကြိုက်ဆုံးလဲ” ဆိုပြီးတော့ တခြားတစ်ယောက်ကိုမေးလိုက်ချိန်မှာ အဝါရောင်လို့ပြန်ဖြေသူက အင်မတန်ရှားပါတယ်။ ဒါပေမယ့်လည်း အဝါရောင်ချစ်သူတွေရဲ့ စိတ်နေစိတ်ထား၊ စရိုက်တွေကို ပြောပြရာမှာတော့ အကောင်းတွေကများပါတယ်။ ဒါကြောင့် အဝါရောင်ကြိုက်သူတွေအနေနဲ့ ကိုယ့်ဆီမှာ ဘယ်လိုပုံစံ၊ စရိုက်မျိုးရှိနေလဲဆိုတာကို ဆက်ပြီးဖတ်ကြည့်လိုက်ရအောင်ပါ။

၁။ သင်ယူလေ့လာရတာနှင့် ဗဟုသုတတွေကို ပြန်လည်မျှဝေရတာကို သဘောကျတယ်

Source: The Strand

အဝါရောင်ကို အကြိုက်ဆုံးအရောင်လို့ သတ်မှတ်သူတွေဟာ လေ့လာသင်ယူဖို့နဲ့ သင်ယူထားတဲ့ ဗဟုသုတတွေကို တခြားသူတွေနဲ့ ပြန်လည်မျှဝေရမှာကို အရမ်းသဘောကျပါတယ်။ ဗဟုသုတလို့ဆိုရာမှာ တိတိကျကျ တစ်ခုခုမဟုတ်၊ အလုပ်နဲ့ပတ်သက်တာမဟုတ်ပါဘူး။ အသေးအဖွဲကိစ္စလေးတွေလည်းဖြစ်နိုင်သလို ဆန်းဆန်းပြားပြားနိုင်တာတွေလည်းဖြစ်နိုင်ပါတယ်။ အရာရာကိုသိသူ၊ ဥာဏ်ကောင်းသူတစ်ယောက်ဖြစ်ရတာကို သဘောကျတာကြောင့် သင်ယူနိုင်သမျှအရာတွေကို ကြိုးစားသင်ယူတတ်သူဖြစ်ပါတယ်။

၂။ ပျော်ပျော်နေတတ်တယ်

Source: BrightSide

သင့်ဘဝမှာ ပူပန်စရာမရှိလို့၊ အရာရာပြီးပြည့်စုံနေလို့ ပျော်ပျော်နေတတ်တာကို ပြောချင်တာမဟုတ်ပါဘူး။ ပျော်ရွှင်မှုကို အမြဲရှာဖွေနေတတ်တဲ့ အကောင်းမြင်တတ်သူဖြစ်တာကြောင့် သူများအပေါ်မှာအပြစ်မြင်တတ်စိတ် အင်မတန်နည်းပါတယ်။ အရာရာကို မကောင်းမြင်စိတ်နဲ့ကြည့်ဖို့က ပိုပြီးလွယ်ကူပေမယ့်လည်း အဝါရောင်ကိုကြိုက်သူတွေကတော့ အခြေအနေတိုင်းမှာ အကောင်းဖက်ကကြည့်နိုင်အောင် အမြဲကြိုးစားတတ်ကြပါတယ်။

၃။ အမြဲစိတ်ညစ်မနေတတ်ဘူး

Source: Lionesse – Beauty Bar

အဝါရောင်ဆိုရင် အကုန်ကြိုက်တယ်ဆိုသူတွေကို လူတွေက မကြာခဏဆိုသလို နေရောင်ခြည်နဲ့ နှိုင်းယှဥ်လေ့ရှိပါတယ်။ သင်ဟာပျော်ပျော်နေတတ်တယ်၊ အရာရာကိုအကောင်းမြင်တတ်ပြီး ပျော်ရွှင်မှုကို အမြဲရှာဖွေနေတတ်လို့ သင်ရှိနေရင် ဘာစိတ်ညစ်စရာမှ မပေါ်လာတတ်ပါဘူး။ အခြေအနေတိုင်းမှာ အကောင်းဖက်ကပဲ မြင်တတ်အောင်ကြိုးစားလို့ သင့်မျက်နှာပေါ်က အပြုံးပန်းတစ်ပွင့်က ဘယ်တော့မှညိုးမှိန်မသွားပါဘူး။

၄။ ပေါင်းတတ်သင်းတတ်တယ်

Source: BrightSide

ဘယ်လိုအခက်အခဲတွေ၊ စိန်ခေါ်မှုတွေရှိလာပါစေ ပေါင်းတတ်သင်းတတ်တဲ့စရိုက်ကြောင့် သူငယ်ချင်းပေါတာကလည်း အဝါရောင်ကြိုက်သူတွေရဲ့ အားသာချက်တစ်ခုဖြစ်ပါတယ်။ လူစိမ်းတွေနဲ့သွားပြီးစကားပြောရတာ၊ သူတို့အကြောင်းသိဖို့ကြိုးစားတာတွေက သင့်အတွက်တော့ ခက်ခဲတဲ့ကိစ္စတစ်ခုမဟုတ်ပါဘူး။ အကယ်လို့သင်ကနည်းနည်းရှက်တတ်ရင်တောင်မှ တခြားသူတွေနဲ့ အပေါင်းအသင်းလုပ်နိုင်ပါသေးတယ်။

၅။ တက်ကြွလွန်းသူဆိုပေမယ့် ထိန်းထိန်းသိမ်းသိမ်းရှိတယ်

Source: Showbiz Cheat Sheet

ကိုယ့်ကိုယ်ကို အဝါရောင်ကြိုက်သူတစ်ဦးလို့ သတ်မှတ်ထားတယ်ဆိုရင်တော့ သင်ဟာ တက်တက်ကြွကြွနေတတ်သူဖြစ်ပါတယ်။ သို့သော်လည်း ဒီလိုပြောလိုက်လို့ အရာရာမှာ ဗြုတ်စဗြောင်းနင်းနိုင်တယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ အမြဲတမ်းတွက်ချက်နေတတ်ပြီး အရာအားလုံးကို သေချာခြုံငုံမကြည့်ဘဲနဲ့ ဆုံးဖြတ်ချက်လွယ်လွယ်မချတတ်ပါဘူး။ တစ်ခါတစ်လေကျရင်တော့ စိတ်လိုက်မာန်ပါပြုလုပ်တတ်ပေမယ့်လည်း တတ်နိုင်သလောက်တော့ ကိုယ့်ကိုယ်ကိုပြန်ပြီးထိန်းချုပ်ကာကွယ်တတ်ပါတယ်။

၆။ ဟာသဥာဏ်ရွှင်တယ်

Source: Seventeen Magazine

အဝါရောင်ချစ်သူတွေဟာ ကိုယ်ကိုယ်တိုင်လည်း ပျော်ပျော်နေတတ်သလို သူများတကာတွေကိုလည်း အပျော်တွေကိုကူးစက်စေသူဖြစ်ပါတယ်။ အမြဲတမ်းရွှင်ပျနေသူတစ်ဦးဖြစ်လို့လည်း အဖွဲ့ထဲမှာဆိုရင် လူရွှင်တော်လိုကိုဖြစ်နေပါတယ်။ “ပျော်ပျော်နေသေခဲ” ဆိုတဲ့စကားကို လက်ကိုင်စွဲထားသလို စိတ်ညစ်စရာသိပ်မထားဘဲ ပျော်ပျော်နေတတ်လို့ သူငယ်ချင်းအပေါင်းအသင်းတွေက သင့်ဆိုချစ်ကြပါတယ်။