လူတစ်ယောက်ရဲ့ ဘဝမှာ ကိုယ့်ဘက်က စချစ်ခဲ့ရတဲ့ First Love အချစ်ဦးအတွက် အချစ်က အနက်ရှိုင်းဆုံး ဖြစ်တတ်ပါတယ်။ လူအချို့က သူတို့ရဲ့ အသည်းနှလုံးကို ပထမဆုံး ခူးဆွတ်သွားတဲ့ လူကို ဘယ်တော့မှ မမေ့တတ်ကြပါဘူး။ သင်က လက်ရှိမှာ ပျော်ရွှင်တဲ့ အချစ်ရေး အသစ်ထဲ ရောက်နေရင်တောင် တစ်ခါတလေ အချစ်ဦးကို အိပ်မက်ထဲ ထည့်မက်တတ်ပါသေးတယ်။ ဒီလိုမျိုး အချစ်ဦးကို အိပ်မက် မက်နေရခြင်းက ဘာကြောင့်များလဲ၊ လက်ရှိ လက်တွဲဖော်ကို တကယ်မချစ်လို့လား စတဲ့ မေးခွန်းတွေက သင့်အတွက် တွေဝေစရာပါပဲ။ ဒီထဲမှာတော့ အချစ်ဦးကို ဘာကြောင့် အိပ်မက်မက်တာလဲ ဖော်ပြသွားပါမယ်။

၁။ သင်က သူ့ကို အခဲမကြေသေးလို့

သင်နဲ့ အချစ်ဦး ပြတ်စဲသွားတာက အဆိုးများစွာနဲ့ ပြတ်စဲသွားတာ ဖြစ်နိုင်ပါတယ်။ သင်က သူနဲ့ မထိုက်တန်ဘူးလို့ သူ့ဘက်က ပြောခဲ့ဖူးတာ ဖြစ်နိုင်သလို၊ သင်ကိုယ်တိုင် ဒီလို ခံစားခဲ့ရတာ ဖြစ်နိုင်ပါတယ်။ သူက သင့်ကို အထင်သေးခဲ့ရင် သေးခဲ့ဦးမှာပါ။ သင်က လက်ရှိမှာ ငယ်စဉ်ကထက် ပိုသာတဲ့ နေရာတစ်ခု၊ ပိုလှပတဲ့ ဘဝကို ရောက်နေနိုင်ပါတယ်။ ဒါကြောင့် သင့်စိတ်ထဲ သူထားခဲ့တာအတွက် နောင်တ ရရမယ်ဆိုတဲ့ စိတ်လည်း ရှိနေနိုင်ပါတယ်။ ဒီလို အခဲမကြေတဲ့ စိတ်တွေကြောင့် အချစ်ဦးကို အိပ်မက်မက် နေတာ ဖြစ်နိုင်ပါတယ်။

၂။ အတိတ်က နာကျင်မှုက ထပ်ဖြစ်နိုင်မယ် ခံစားရလို့

သင့်ရဲ့ အချစ်ဦးက သင့်အပေါ် ဖောက်ပြန်ခဲ့ဖူးရင် သင်ဟာ ထပ်တွဲတဲ့ ရည်းစားသစ်တွေနဲ့လည်း ဒီလို ဖြစ်နိုင်တယ်လို့ မှတ်သွားတတ်ပါတယ်။ ရှေ့ ရည်းစားတွေလည်း ဒီလို ထပ်ကြုံဦးမှာပဲလို့ သင့်မသိစိတ်က တရားသေ မှတ်ထားနိုင်ပါတယ်။ အချစ်ဦး ရဲ့ အပြုအမူလို လက်ရှိ အချစ်မှာ တွေ့နေရတယ်ဆိုရင် အတိတ်အကြောင်း ပြန်တွေးရင်း First Love အကြောင်း အိပ်မက် မက်နိုင်ပါတယ်။

၃။ သူတို့ကို မမေ့နိုင်သေးတာ

အချစ်ဦးရဲ့ မျက်နှာလေးကို အိပ်မက်ထဲ ပြန်မြင်ရတဲ့အခါ သင် ပျော်ရွှင်ပြီး နိုးထလာနိုင်ပါတယ်။ ဒါအတွက် သင်က လန့်သွားစရာ မလိုပါဘူး။ ဘာလို့လဲဆိုတော့ ပထမဆုံး အချစ်ဟာ ကိုယ့်ရင်ထဲ နက်ရှိုင်းစွာ အလေးအနက်ထားခဲ့တာမို့ မေ့ပျောက်ဖို့ ခက်ပြီး အိပ်မက်ထဲ ရောက်လာနိုင်ပါတယ်။ လူတွေဟာ သူတို့ ဘဝမှာ ဖြစ်ခဲ့တဲ့ အတိတ်ဟောင်း၊ အမှတ်တရတွေကို အိပ်မက် အနေနဲ့ ပြန်မက်နိုင်ပါတယ်။ ဒီလို မက်တာက လက်ရှိအချစ်ကို မချစ်တော့တာ မဟုတ်သလို အချစ်ဦးနဲ့ ပြန်တွဲချင်တာကြောင့်လည်း မဟုတ်ပါဘူး။ ပထမဆုံးအတွက် ထားခဲ့တဲ့ အချစ်တွေက နက်ရှိုင်းတာကြောင့် ဘယ်လောက်ပဲ အချိန်ကြာပါစေ သင်ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။

၄။ မဖြေရှင်းရသေးတဲ့ ပြဿနာတွေ ရှိသေးလို့

အချစ်ဦးကြောင့် ကွဲရတဲ့ အသည်းက လက်ရှိအချိန်ထိ အနာမကျက်သေးတာ ဖြစ်နိုင်ပါတယ်။ သင့်အချစ်ဦးက သင့်ကိုယ်သင် ယုံကြည်မှုကို ဟိုးအောင်ဆုံးထိရောက်အောင် ဆွဲချနိုင်ပါတယ်။ အချစ်ရေးကံမကောင်းဘူးဆိုတဲ့ အစွဲတွေ၊ ပြဿနာတွေ ရှိသေးတာကြောင့် အချစ်ဦးကို အိပ်မက်မက်တာ ဖြစ်နိုင်ပါတယ်။

၅။ လက်ရှိအချစ်ရေးမှာ ပြဿနာရှိနေလို့

သင်က လက်ရှိအချစ်ရေးမှာ မပျော်ရင် အချစ်ဦးတုန်းက ပျော်ခဲ့ရတဲ့ အချိန်တွေကို ပြန်တမ်းတနိုင်ပါတယ်။ ဒီလိုကြောင့် အိပ်မက်မက်တယ်ဆိုရင် သင့်လက်ရှိအချစ်ရေးကို ပြန်သုံးသပ်ဖို့ လိုလာပါပြီ။

၆။ သင်က မပြတ်နိုင်သေးတာ

ပထမဆုံး အချစ်က သင့်ကို နာကျင်စေခဲ့ကာ သင်တို့ နှစ်ဦး ဆိုးဆိုးဝါးဝါး လမ်းခွဲခဲ့ကြတာ ဖြစ်နိုင်ပါတယ်။ သင့်စိတ်ထဲ အချစ်ဦးကို မျှော်လင့်နေသေးတာ ဖြစ်နိုင်ပါတယ်။ ဘယ်သူမှ သင့်ကို လုံးဝမေ့နိုင်အောင် ကူညီပေးမှာ မဟုတ်ပါဘူး။ သင်ကိုယ်တိုင် ကြိုးစားရမှာပါ။

၇။ သင့်ရဲ့ လက်ရှိအချစ်ရေးက မမြဲလောက်ဘူး ထင်နေတာ

သင်လက်ရှိတွဲနေတဲ့ ချစ်သူနဲ့ အဆင်မပြေတဲ့အချိန် ရှေ့အချစ်ဦးနဲ့ ပြန်နှိုင်းယှဉ်တတ်ပါတယ်။ လက်ရှိချစ်သူနဲ့ လက်တွဲ မြဲပါ့မလား၊ ရှေ့ အချစ်နဲ့ တိုက်စစ်ရင်း အချစ်ဦးကို အိပ်မက် မက်နိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar