မိန်းကလေးတော်တော်များများက တိုနာကို သုံးစရာမလိုဘူး၊ ဒီအတိုင်း အာနိသင်အရမ်းမရှိတဲ့Skin Care အဆင့်လို့ ထင်နေကြပါတယ်။ တကယ်တော့ Toner က တကယ်လည်းလိုအပ်ပြီး စွဲစွဲမြဲမြဲသုံးသင့်တဲ့အရာဖြစ်ပါတယ်။ တိုနာက အသားအရေအတွက် တကယ်အခြေခံကျထဲ Skin Care Step ထဲကတစ်ခုဖြစ်ပါတယ်။ နေ့ဘက်မှာ မိတ်ကပ်မလိမ်းခင်မှာ Skin Care လုပ်ရင်တိုနာကို ပုံမှန်သုံးပေးသင့်ပြီး မျက်နှာအညစ်အကြေးတွေဖယ်ရှားပြီးတဲ့အဆင့်မှာ သုံးပေးသင့်ပါတယ်။ တိုနာသုံးရင်လည်း နည်းလမ်းမှန်ကန်အောင် ဘယ်လိုသုံးမလဲဆိုတာ ပြောပြပေးချင်ပါတယ်။

မျက်လုံးတစ်ဝိုက်ရှောင်သုံးရန်

မျက်လုံးအနီးတစ်ဝိုက်ကို အဓိကရှောင်သင့်ပါတယ်။ အထူးသဖြင့် မေးစေ့၊ ပါးပြင်၊ နှာခေါင်း အနီးတစ်ဝိုက်ကို သေချာလိမ်းပေးရပါမယ်။ မျက်လုံးအနီးတစ်ဝိုက်ကို ရှောင်သင့်တာက တိုနာကအရည်ဖြစ်တဲ့အတွက်ဖော်စပ်ထားတဲ့ Chemical တွေက မျက်လုံးထဲကိုဝင်သွားခဲ့ရင် အန္တရာယ်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် တိုနာသုံးရင် မျက်ခုံး၊ မျက်လုံး အနီးတစ်ဝိုက်တော့ရှောင်ပေးသင့်ပါတယ်။

ဂွမ်းသာအသုံးပြုရန်

တကယ်တော့ တိုနာသုံးရင် မိန်းကလေးတွေရဲ့အမှားတတ်ဆုံးအချက်က တိုနာဂွမ်းကို အသုံးမပြုပဲနဲ့ လက်ထဲအရည်ထည့်ပြီး မျက်နှာပေါ်မှာ တစ်ခြားSkin Care တွေလိမ်းသလိုပဲ ပွတ်လိမ်းလိုက်လို့မရပါဘူး။ ကြမ်းတမ်းတဲ့ အဝတ်အစတို့၊ မျက်နှာသုပ်ပဝါတွေကိုလည်း လုပ်ဝအသုံးပြုမသင့်ပါဘူးနော်။ တိုနာဂွမ်းတို့ကိုသာ အသုံးပြုပေးရပါမယ်။ ဒါမှလည်း မျက်နှာက အဆီတွေ၊ အညစ်အကြေးတွေကို Deep ဖြစ်တဲ့အထိ သန့်စင်ပေးနိုင်မှာ ဖြစ်ပါတယ်။ တိုနာဂွမ်းတို့ အသုံးပြုတဲ့အခါမှာလည်း လှချင်တဲ့စိတ်နဲ့ အရည်ကိုရွှဲနစ်နေအောင် စိမ်ပြီးမသုံးရပါဘူး။ အနေတော်လောက်သာ ထည့်ပြီး သုံးပေးရမှာဖြစ်ပါတယ်။

Skin Care လုပ်ပြီး ချက်ချင်းမသုံးရန်

မျက်နှာကို Cleaning လုပ်တယ် ပြီးရင် တိုနာကိုအသုံးပြုတယ်။ နောက်ပြီးမှာ ကျန်တဲ့ Skin Care Step တွေကိုအသုံးပြုတဲ့အခါ တိုနာသုံးပြီး ကျန်တဲ့Skin Care ကို ချက်ချင်းမသုံးရပါဘူး။ ကြားထဲမှာ ၁မိနစ်လောက်ဖြစ်ဖြစ် ဒါမှမဟုတ်အရည်လေး ခြောက်သွားတဲ့ အနေအထားရောက်မှ ဆက်သုံးပေးသင့်ပါတယ်။