မိတ်ကပ်လိမ်းရင် တော်တော်များများ သတိမထားမိတဲ့ မှားယွင်းနေတဲ့အချက်လေးတွေ ရှိတတ်ကြပါတယ်။ လုံးလုံးကြီးမှားနေတာမျိုး မဟုတ်ဘူးဆိုပေမယ့် ဒီအချက်လေးတွေ သတိထားပေးရင် ပိုပြီးကောင်းပါတယ်။ မိတ်ကပ်လိမ်းခြယ်ခြင်းက ကိုယ့်မျက်နှာရဲ့ အလှတရားကိုပိုပြီးပေါ်လွင်စေအောင် လိမ်းခြယ်ခြင်း ဖြစ်ပါတယ်။ မိတ်ကပ်ဆိုတာကလည်း ကိုယ်ရဲ့ Mood ပေါ်လိုက်ပြီး တစ်နေ့တာအတွက် ပြင်ပြင်ဆင်ဆင်ပြုလုပ်ခြင်းဖြစ်ပါတယ်။

Moisture မလိမ်းခြင်း 


ကိုယ့်မျက်နှာကို သန့်စင်ပြီးတာနဲ့ မိတ်ကပ်လိမ်းဖို့ဆိုပြီး Foundation တန်းသုံးတာမျိုး လုံးဝမလုပ်သင့်ပါဘူးနော်။ အရေးပြားလေးတွေက ပါးလွှာတဲ့အတွက် Foundation တန်းလိမ်းလိုက်ပါက အရွယ်မတိုင်ခင် အိုမင်းခြင်းကိုဖြစ်စေနိုင်တဲ့အပြင် ဝက်ခြံတွေလည်းထွက်စေနိုင်ပါတယ်။ Skin Care အဆင့်တွေအများကြီးမလိမ်းချင်တဲ့သူအနေနဲ့ဆိုရင်တော့ မိတ်ကပ်မလိမ်းခင် Moisture ကို မဖြစ်မနေလိမ်းပေးရပါမယ်။ ဒါမှလည်း ကိုယ့်ရဲ့မိတ်ကပ်လေးက တစ်နေကုန်ခံပြီး ကွက်တာမျိုးတွေ မဖြစ်စေနိုင်တော့ပါဘူးနော်။

Concealer ကိုမှားယွင်းစွာသုံးခြင်း 


မိတ်ကပ်လိမ်းတဲ့အခါ မျက်ကွင်းညိုတဲ့နေရာတွေ ပါးရိုးတို့ အဲ့လိုနေရာတွေမှာ မှားယွင်းတဲ့Shape ပုံစံတွေနဲ့ Concealer မသုံးဖို့ အရေးကြီးပါတယ်။ Concealer ဆိုတာက ကိုယ့်ရဲ့အပြစ်အနာအဆာတွေကို ဖုံးပေးတာမျိုးဖြစ်ပါတယ်။ Concealer အသုံးပြုရင်လည်း ကိုယ့်အသားရောင်ထက် နှစ်ဆင့်ဖြူတဲ့အရောင်မျိုးကို ရွေးချယ်ပြီးသုံးပေးရပါမယ်။

Foundation အရောင်မှားခြင်း 


Makeup Look တစ်ခုကို Natural ဆန်ပြီး Glow ဖြစ်ချင်တယ်ဆိုရင် ကိုယ့်ရွေးချယ်လိုက်တဲ့ Foundation အရောင်က လုံးဝမမှားဖို့လိုအပ်ပါတယ်။ စျေးကြီးပေးပြီး Online ကနေဝယ်တာထက် အပြင်မှာအရောင်ကိုသေချာရွေးပြီး ကိုယ့်အသားရောင်နဲ့အရမ်းမကွာတဲ့အရောင်မျိုးကို ဝယ်ယူသင့်ပါတယ်။

Brush ကိုတစ်ချောင်းတည်းအသုံးပြုခြင်း 


Eyeshadow ခြယ်သတဲ့အခါမှာ ကိုယ်သုံးနေကျ Brush တစ်ချောင်းတည်းကိုပဲ သုံးတာမျိုးတွေမလုပ်သင့်ပါဘူးနော်။ အရောင်တစ်မျိုးကိုသုံးပြီး နောက်တစ်ရောင်ကိုလည်း ဒီBrush လေးနဲ့ပဲ့အသုံးပြုခြင်းက ကိုယ့်ရဲ့ Makeup Look ကိုလည်းဖျက်ဆီးနိုင်သလို အရောင်တွေကလည်း ဘာအရောင်မှန်းမသိဖြစ်သွားတတ်ပါတယ်။

Photo Source – Free.pik