အပိန်လွန်ချင်ပြီး ခန္ဓာကိုယ်မှာအဆီတွေ မထွက်ချင်တဲ့စိတ်နဲ့ Diet တွေအသည်းအသန်လုပ်နေရပြီလား။ တစ်ခုခုစားလိုက်ရင်လည်း ငါဝလာတော့မလား ငါအဆီပိုတွေထွက်လာတော့မလား ဆိုပြီးဖြစ်တတ်ကြပါတယ်။ ဒါကမှားယွင်းတဲ့ အချက်လို့လည်းပြောလို့မရသလို မှန်လည်းမမှန်ကန်ပါဘူးနော်။ ကိုယ်လိုချင်တဲ့ Body Target မရလို့ တစ်နေ့လုံးအစားမစားပဲနဲ့  ရေပဲသောက်တယ်ဆိုလည်း မှားပါတယ်နော်။ တစ်ချို့  Diet လုပ်တဲ့သူတွေက ထမင်းသာမစားတာ တစ်ခြားအဆီတက်စေတဲ့အစားစားတွေ အများကြီး ခဏခဏစားနေတတ်ကြပါတယ်။

Diet လုပ်ခြင်းရဲ့သဘောက ခန္ဓာကိုယ်မှာကိန်းအောင်နေတဲ့ အဆီပိုတွေကို နည်းစနစ်မှန်ကန်စွာနဲ့ လျော့ချခြင်းဖြစ်ပါတယ်။ တစ်နေ့တာရဲ့အစားအသောက်ပုံစံမှာ ထမင်းကိုပါရုံလေးစားမယ်၊ ကာဗိုဟိုက်ဒရိတ်ပါတဲ့ အရာတွေကိုလျော့စားမယ်။ အချိုကိုလည်း နည်းနည်းပဲစားပြီး အသီးအနှံများများစားပေးသင့်ပါတယ်။ နောက်တစ်ချက်က Diet လုပ်တဲ့သူတိုင်းက ညစာမစားဘူးဆိုပြီး လုပ်တတ်ကြပါတယ်။ တကယ်တော့ ညဘက်မှာကိုယ်စားလိုက်တဲ့ အစားစားထဲမှာ ကယ်လိုရီများတဲ့ အစားစားတွေဖြစ်မှသာ ဝိတ်တက်စေနိုင်ပါတယ်။ စားတိုင်းလည်း အဆီတွေထွက်ပါဘူးနော်။ ညလယ်ဘက်မှာသာ အစားစားပြီး ပြန်အိပ်လိုက်တာမျိုးကိုသာ လုံးဝရှောင်သင့်ပါတယ်။


Photo Source – Free.pik