ကိုယ့်ရဲ့ပုံစံက ပွင့်ပွင့်လင်းလင်းနဲ့ ဟန်ဆောင်မှုမရှိပဲနဲ့  သူငယ်ချင်း၊မိတ်ဆွေတွေကြားမှာ နေတတ်တဲ့သူတစ်ယောက်လား။ ပွင့်ပွင့်လင်းလင်းနေတတ်တာက ကောင်းတဲ့အချက်လည်းရှိသလို မကောင်းတဲ့အချက်လည်းရှိပါတယ်။ တစ်ချို့သူတွေက ကိုယ်ကပွင့်ပွင့်လင်းလင်းနေတတ်တာကို အခွင့်ကောင်းယူပြီး အနိုင်ယူချင်တတ်တဲ့သူတွေလည်း ရှိပါတယ်။ တကယ်တော့ ပွင့်ပွင့်လင်းလင်းနေတတ်တဲ့သူတွေရဲ့ ဘေးနားပတ်ဝန်းကျင်ကလူတွေကို နွေးထွေးမှုလည်းပေးနိုင်သလို သူတို့နဲ့အတူရှိနေရင် စိတ်အေးချမ်းရတဲ့ခံစားချက်ကိုလည်း ပေးနိုင်ပါတယ်။

သင့်ဆီမှာ ပွင့်ပွင့်လင်းလင်းနေတတ်တဲ့သူတစ်ယောက်နဲ့ အပေါင်းအသင်းဖြစ်နေပြီဆိုရင်တော့ သင်ကအရမ်းကိုကံကောင်းတဲ့သူတစ်ယောက်ပါနော်။ သူတို့ရဲ့အများနဲ့မတူတဲ့ ထူးခြားချက်လေးတွေက…..

ပျော်ပျော်နေတတ်တယ်


သူတို့နဲ့အတူနေရှိနေတဲ့အချိန်တွေဆို ဟာသဥာဏ်ရွှင်ပြီး ပျော်ပျော်လည်းနေတတ်ကြပါတယ်။ ပေါတောတောနေတတ်တယ်ဆိုပေမယ့် တစ်ချို့အရာတွေဆိုရင်လည်း အများနဲ့မတူအောင် သေချာလေးနက်ပြီးစဥ်းစားတတ်ကြပါတယ်။

ဟန်ဆောင်မှုမရှိခြင်း 


မာနမကြီးတဲ့အပြင် ဟန်ဆောင်မှုမရှိတဲ့သူမျိုးဖြစ်တဲ့အတွက် သူငယ်ချင်းမိတ်ဆွေတွေကြားမှာလည်း ချစ်တဲ့ခင်တဲ့သူတွေပေါပါတယ်။ လူတစ်ယောက်က ကိုယ့်နောက်ကွယ်မှာတော့ ကိုယ့်အတင်းကိုချနေပြီး ရှေ့မှာတော့ကိုယ့်ကိုအရမ်းချစ်တဲ့အကြောင်းတွေနဲ့ ဟန်ဆောင်ပြီး ပြောတတ်တဲ့အပေါင်းအသင်းမျိုးက ကြောက်စရာကောင်းပါတယ်နော်။

အားပေးတတ်သူ 

ကိုယ်တစ်ခုခုပြဿနာတွေနဲ့ ရင်ဆိုင်နေရလို့ စိတ်ဓာတ်တွေကျနေတဲ့ အခြေအနေမျိုးမှာဆို ပွင့်လင်းမှုရှိတဲ့သူငယ်ချင်းက ကိုယ့်ကိုစိတ်ခွန်အားလည်းပေးနိုင်သလို စိတ်ဓာတ်သန်မာအောင်လည်း နည်းမျိုးစုံနဲ့အားပေးတတ်တဲ့ သူမျိုးဖြစ်ပါတယ်။ သူတို့ကိုယ်တိုင် စိတ်ညစ်နေရင်တောင် တစ်ပါးသူအတွက်ဆို ပြုံးတတ်ပြီးအားပေးတတ်တဲ့သူမျိုး  ဖြစ်ပါတယ်။

Photo Source – Free.pik