ခေတ်ဟောင်းဆိုတဲ့အတိုင်း အတိတ်ကပုံစံလေးတွေကို အခုခေတ်နဲ့ယှဥ်ပြီးတွဲလိုက်ရတာကလည်း စိတ်ဝင်စားစရာကောင်းတဲ့တီထွင်မှုတစ်ခုပါနော်။ ဆံပင်စတိုင်ဆိုလည်း အတုယုစရာအများကြီးကောင်းသလို မိတ်ကပ်ဆိုလည်း Look မျိုးစုံနဲ့ သူ့ဟာနဲ့သူအတုယူစရာတွေ ရရှိပါတယ်။ ကိုယ့်အမေ‌ခေတ်က ဆံပင်စတိုင်ကိုပြန်ပြီးတော့ ညှပ်တာမျိုးဖြစ်ဖြစ် ခေတ်ဟောင်းအမျိုးသမီးတွေရဲ့ပုံစံကိုကြည့်ပြီး ကိုယ်နဲ့လိုက်လောက်တဲ့ ပုံစံမျိုးလေးတွေကို ပြောင်းရတာကလည်း ဒီခေတ်အမြင်နဲ့ဆို Retro ဆန်တယ်ပဲပြောရမှာပေါ့နော်။ 1970s ဆိုတဲ့အတိုင်းအရမ်းလည်းခေတ်နောက်မကျတဲ့ ခေတ်တစ်ခေတ်လည်း ဖြစ်တယ်ဆိုတော့ ဒီခေတ်မှာဘာဆံပင်စတိုင်လေးတွေ ခေတ်စားခဲ့လဲဆိုတာကို မျှဝေပေးချင်ပါတယ်။

The Farrah Fawcett Hair Style 


ဒီ Hair Style ကတော့ ၇၀ရာစုနှစ်လောက်ကနေစတင်ပြီး ၉၀ရာစုနှစ်အထိခေတ်စားခဲ့တဲ့ ဆံပင်စတိုင်ဆိုလည်း မမှားပါဘူး။ အမေရိကန်သရုပ်ဆောင် မင်းသမီး Farrah Fawcett ရဲ့ဆံပင်စတိုင်လည်း ဖြစ်ပါတယ်။ဒီဆံပင်ပုံစံက အထပ်အထပ်ဖြစ်နေပြီး အခုခေတ်မှာလည်း တော်တော်များများ ဒီလို ဆံပင်ပုံစံလေးကိုတွေ့ရှိရပါတယ်။

Long And Straight 



ဒီဆံပင်စတိုင်က အခုခေတ်ထိတောင်လူကြိုက်များတဲ့ ဆံပင်စတိုင်ဆိုလည်း မမှားပါဘူး။ဆံပင်ရှည်ပြီးတော့ အဖြောင့်ဆိုတော့ ဘယ်အသက်အရွယ်နဲ့မဆိုလိုက်ဖက်တဲ့ ဆံပင်စတိုင်လည်းဖြစ်ပါတယ်။ ဆံပင်အရှည်ဖြစ်တဲ့အတွက် ကိုယ့်ဆံပင်ကဘယ်လောက်ထိရှည်လဲဆိုတာကိုလည်း သိနိုင်ပါတယ်။ အမြဲစတိုင်ကျနေပြီး ရိုးရှင်းတဲ့ဆံပင်ဆိုလည်း မမှားပါဘူးနော်။

The Wedge 

The Wedge စတိုင်ကဆံပင်အတိုလေးတွေနဲ့ဆို ပိုပြီးတော့ လိုက်ဖက်တယ်လို့ မြင်ပါတယ်။ ဒီဆံပင်ပုံစံကို 1976 အိုလံပစ်အနိုင်ရရှိသူ Dorthy Hamill ကနေစတင်ပြီး ပထမဆုံးခေတ်စားလာခဲ့တဲ့ဆံပင်စတိုင်လေးဖြစ်ပါတယ်။အခုခေတ်အထိလည်း ခေတ်စားနေတဲ့ ဆံပင်စတိုင်တစ်ခုလည်း ဖြစ်ပါတယ်။ ဒီဆံပင်စတိုင်ကိုတော့ လူငယ်တွေထက် အသက်လတ်ပိုင်းတွေမှာ ပိုပြီးတွေ့ရလေ့ရှိပါတယ်။

Photo Source – Free.pik