ဖက်ရှင်ကို ရှုပ်ရှုပ်ကြီးတွေဝတ်ရတာကို မကြိုက်ဘူး။ ကြည့်လိုက်ရင်ရှင်းရှင်းလေးနဲ့ သေသေသပ်သပ်ဖြစ်နေတာမျိုးကို ဝတ်ရတာမှနှစ်သက်တယ်ဆိုတဲ့ ပျိုပျိုမေမေလေးတွေအတွက် လိုက်ဖက်မယ့် ဖက်ရှင်စတိုင်လေးတွေကို Aestheticဆန်ဆန်လေးတွေ ဝတ်ရတာကိုကြိုက်တဲ့သူတွေအတွက် မျှဝေပေးချင်ပါတယ်။ လုံလုံခြုံခြုံလေးနဲ့ သက်တောင့်သက်သာဖြစ်စေဖို့ကလည်း အရေးကြီးပါတယ်။ ကိုယ့်ကို ကြည့်လိုက်တာနဲ့ Classic ဖြစ်ပြီး French Girl လေးတွေဖြစ်သွားစေမှာပါနော်။

Midi Skirt လေးတွေနဲ့ Sweater အပါး၊ ဒါမှမဟုတ် Long Neck လက်တိုလေးတွေနဲ့တွဲဝတ်ရင်လည်း လှပါတယ်။ ရုံးတက်ရုံးဆင်းပဲဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးဖြစ်တဲ့ Date လေးတွေမျိုးဖြစ်ဖြစ် ဝတ်သွားရင်လည်း အဆင်ပြေပါတယ်။ ဒီစတိုင်လေးကိုတော့ ကိုရီးယားမလေးတွေ အမြဲဝတ်ဝတ်နေတာတွေ့ရမယ်ထင်ပါတယ်။

Blouse Shirt လေးတွေက နောက်ပိုင်းမှာတော့ Retro Fashion Trend တစ်ခုအနေနဲ့ အရမ်းကိုခေတ်စားလာခဲ့ပါတယ်။ Blouse တွေကို ဝတ်လိုက်ရင်လည်း ခံစားရတဲ့အရသာလေးက အမေတို့ခေတ်ကို ပြန်ရောက်သွားသလိုပါနော်။ Blouse Shirt လေးကို အောက်က Jeans Pants နဲ့ပဲဝတ်ဝတ် Bell Pants လေးတွေနဲ့ပဲ့ ဝတ်ဝတ်လိုက်ဖက်ပါတယ်ရှင် ။

ချည်သား Shirt တစ်ထည်ရှိရုံနဲ့လည်း ကိုယ့်ရဲ့စတိုင်လေးကို စမတ်ကျနေအောင်ဝတ်လို့ရတယ်နော်။ Jeans Pants နဲ့တွဲဝတ်ရင်တော့ ချည်သား Shirt တွေက ဘယ်နေရာပဲထသွားထသွားလိုက်ဖက်နေရော။ ကိုယ်ကပိုပြီး စတိုင်ကျချင်တယ်ဆိုရင်တော့ အောက်က Floral Pants လေးတွေနဲ့တွဲဝတ်လို့လည်း ရပါတယ်။ Style Pants လေးတွေနဲ့လည်း တွဲမယ်ဆိုတွဲလို့ရပါတယ်နော်။

High Waist Long Pants အပွလေးတွေနဲ့ Crop- Top လေးတွေကလည်း စျေးဝယ်သွားတာပဲဖြစ်ဖြစ်၊ Shopping ထွက်တာမျိုးဖြစ်ဖြစ်ဝတ်သွားလို့ရပါတယ်။ တကယ်လို့ ကိုယ်က Crop- Top လေးတွေဝတ်ရတာမကြိုက်ဘူးဆိုရင်တော့ လက်ပြတ်လေးတွေနဲ့တွဲဝတ်စေချင်ပါတယ်။ Casual Style ဖြစ်ပြီး မိန်းကလေးအရမ်းမဆန်တဲ့ပုံစံမျိုးလေး ဖြစ်နေမှာပါ။

Photo Source – Pinterest