ဝက်ခြံပုံမှန်ထွက်နေကျ သူတစ်ယောက်လား ။ ဝက်ခြံထွက်ရင်ရော ဘယ်လိုမျိုးတွေ ဂရုစိုက်ဖြစ်လဲ။ ဝက်ခြံထွက်ရင် ဘယ်သူပဲဖြစ်ဖြစ် စိတ်ညစ်ကြရပါတယ်။ အစားအသောက်ကြောင့်လည်း ဝက်ခြံထွက်နိုင်သလို ကိုယ့်ရဲ့ Lifestyle ကြောင့်လည်း ဝက်ခြံထွက်တတ်ကြပါတယ်။ တစ်ချို့သူတွေကလည်း မျက်နှာမှာ ဝက်ခြံထွက်ကြသလို ခန္ဓာကိုယ်မှာထွက်တဲ့ သူတွေလည်းရှိပါတယ်။

ဝက်ခြံတွေထွက်လာရင် Skin Care ကိုထိထိမိမိလုပ်လည်း ဝက်ခြံလေးတွေက ပျောက်မသွားဘူးဆိုရင် တစ်ချို့အချက်လေးတွေကိုတော့ သတိထားသင့်ပါတယ်။ ဝက်ခြံထွက်နေတဲ့ အချိန်မှာဒီအချက်လေးတွေကို သတိထားပေးရင် ဝက်ခြံထွက်တာကိုလည်း ထပ်ပြီးထွက်အောင်မလုပ်ပေးနိုင်သလို အမာရွတ်လေးတွေ ကျန်တာကိုလည်း လျော့နည်းစေပါတယ်။

ဝက်ခြံမညှစ်ပါနဲ့ 


ဝက်ခြံထွက်ရင် ညှစ်ချင်တာ ကလိချင်တာကလည်း သဘာဝပါ။ ဒါပေမယ့် ဝက်ခြံညှစ်လိုက်ရင် ပိုပြီးဆိုးသွားမယ်ဆိုတာကလည်း သိကြမယ်ထင်ပါတယ်။ တကယ်လို ကိုယ့်ကဝက်ခြံပေါက်နေတာကို အသဲယားပြီး ညှစ်ချင်တယ်ဆိုရင်တော့ ဝက်ခြံညှစ်တဲ့ အတံလေးတွေရှိပါတယ်။ လက်နဲ့လုံးဝမညှစ်ကြပါနဲ့ ။ ပိုးဝင်တတ်ပြီး အမာရွတ်တွေကျန်စေနိုင်တဲ့အတွက် သတိထားဖို့လိုပါတယ်။

အချဥ်အစပ်တွေလျော့စားပါ


Fast Food တို့ အချဥ်အစပ်တွေက ဝက်ခြံထွက်စေဖို့ ပိုပြီးအားပြုပေးပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကတော့ တူတော့မတူပါဘူးနော်။ ကိုယ်က အချဥ်အစပ်စားရတာကို ကြိုက်တဲ့သူတစ်ယောက်ဆိုရင်တော့ ဝက်ခြံကတော့အရှင်းပျောက်သွားမှာတော့ မဟုတ်ပါဘူးနော်။ Period ကာလတွေမှာလည်း ဝက်ခြံလေးတွေက ထွက်လေ့ထွက်ထရှိပါတယ်။

မျက်နှာ အရမ်းမသစ်ပါနဲ့ 

ဝက်ခြံက ဘက်တီးရီးယားကြောင့် ထွက်လာတယ်ဆိုပေမယ့် သန့်ရှင်းချင်တဲ့စိတ်နဲ့ မျက်နှာကို ခဏခဏမသစ်မိပါစေနဲ့။ ပုံမှန်အတိုင်း တစ်နေ့ကိုနှစ်ကြိမ်သစ်ပေးရင် ရပါပြီ။ ဖြစ်နိုင်ရင် မျက်နှာကိုလက်နဲ့တိုက်ရိုက် မထိတွေ့တာ ပိုပြီးကောင်းပါတယ်။ မျက်မှာသစ်များခြင်းကြောင့် အသားအရေကို ပိုပြီးခြောက်လာနိုင်သလို ရောင်းရမ်းမှုတွေပါ ဖြစ်လာနိုင်ပါတယ်။

Photo Source – Free.pik