Serum ဆိုတာ ဘာလဲ

Serum ဆိုတာ အသားအရည်ကို ထိန်းသိမ်းပေးတဲ့အရာပါ။ သူ့မှာပါဝင်တဲ့ ပစ္စည်းတွေက အရေးအကြောင်းတွေကို လျှော့ချပေးနိုင်ပါတယ်။ အသားအရေကိုတောက်ပစေပြီး အစက်အပြောက်တွေကို ပြေလျော့စေတဲ့ ဗီတာမင်စီ နဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တဲ့ အက်ဆစ်ဓာတ်တွေလည်းပါဝင်ပါတယ်။

အဓိက ဖော်မြူလာ

အဓိက ဖော်မြူလာကတော့ ရေဓာတ်ကို အခြေခံထားပြီး ဆီလီကွန်လိုမျိုး အသားအရေကို ချောမွေ့စေပါတယ်။ အရေပြားမှာ ဖြစ်ပေါ်နေတဲ့ အညိုကွက်တွေ ၊ အရေးအကြောင်းတွေနဲ့ အသားရေမွဲခြောက်မှုတွေအတွက် အသုံးပြုနိုင်တဲ့ Serum တွေအများကြီး ရှိပါတယ်။

ပါဝင်ပစ္စည်းတွေ

အရေးကြောင်းတွေ ၊ အညိုကွက်နဲ့ ဝက်ခြံတွေကို တိုက်ရိုက်ကုသပေးနိုင်တဲ့ ပါဝင်ပစ္စည်းတွေအများကြီးပါဝင်ပါတယ်။ ဆဲလ်တွေကို ပြန်လည်မွေးဖွားပေးနိုင်တဲ့ Retinol ၊ ခရမ်းလွန်ရောင်ခြည်ကြောင့် ပျက်စီးမှုကို ကာကွယ်ပေးနိုင်တဲ့ ဗီတာမင်စီ ၊ အရေပြားရဲ့ အပေါ်ယံလွှာကို ထိုးဖောက်ဝင်ရောက်နိုင်တဲ့ Alpha Hydroxy ၊ Glycolic ၊ Latic Acid ချွေးပေါက်အတွင်းပိုင်းကို ဝင်ရောက်ပြီး ဝက်ခြံပေါက်တာကို ကုသပေးနိုင်တဲ့ Benzoyl Peroxide နဲ့ Salicylic Acid တို့ပဲ ဖြစ်ပါတယ်။

Serum နဲ့ Moisturizer တို့ရဲ့ကွာခြားချက်

Moisturizer က အရေပြားအတွင်းပိုင်း နဲ့ အပြင်ပိုင်းကို ကာကွယ်တားဆီးပေးပါတယ်။ အသားအရေကိုလည်း လိုအပ်တဲ့ ရေဓာတ်တွေ ဖြည့်ဆည်းပေးပါတယ်။ ဆီယမ်ကတော့ အရေပြားအတွင်းပိုင်းကို ထိုးဖောက်ပြီး ပါဝင်ပစ္စည်းတွေရဲ့ ဓာတ်တွေကို စိမ့်ဝင်စေပါတယ်။ ဆီယမ်မှာ ပါဝင်တဲ့ မော်လီကျူးလေးတွေက ပိုပြီးသေးငယ်တဲ့အတွက် Moisturizer ထက် အရေပြားထဲကို ပိုပြီး စိမ့်ဝင်နိုင်စွမ်းရှိပါတယ်။