ဝိုင်ကိုတော့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ အရည်တစ်မျိုးအဖြစ်နဲ့သောက်သုံးတဲ့သူတွေအတွက်  ဝိုင်နီရဲ့ ကောင်းကျိုးတွေကတော့ ဘယ်လိုရှိမလဲဆိုတဲ့ အသေးစိတ်လေးမျှဝေပေးချင်ပါတယ်။ ဝိုင်နီဆိုတဲ့အတိုင်း စပျစ်သီးကနေ ရရှိလာတဲ့ Polyphenols Antioxidants ပါဝင်တယ်လို့ အာဟာရပညာရှင်တွေက လေ့လာတွေ့ရှိပါတယ်။ Polyphenols Antioxidants ရဲ့အဓိကစွမ်းဆောင်ရည်က နှလုံးကိုအဓိကကျန်းမာရေစေပြီး  သွေးဖိအားကိုလည်း ကောင်းမွန်စေပါတယ်။ ဝိုင်နီကို နေ့စဥ်အိပ်ရာဝင်ခါနီးတိုင်း ပုံမှန်သောက်ပေးခြင်းအားဖြင့် ကျန်းမာရေးအတွက် များစွာသောကောင်းကျိုးတွေကိုရနိုင်မှာ ဖြစ်ပါတယ်။

 

ဝိုင်နီကို အသက်အရွယ်တစ်ခုရောက်လာရင် ဘာလို့ပုံမှန်သောက်ပေးရင် Alzheimer ရောဂါကိုကာကွယ်ပေးနိုင်ပြီး ဖြစ်ဖို့ရာခိုင်နှုန်းနည်းသွားပါတယ်။ Alzheimer ရောဂါက မှတ်ဉာဏ်ချို့ယွင်းလာတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီရောဂါက မျိုးရိုးဗီဇကြောင့်လည်းဖြစ်နိုင်သလို အသက်အရွယ်တစ်ခုမှာ စိတ်ဖိစီးမှုအရမ်းများရင်လည်း ဖြစ်နိုင်ပါတယ်။အစာချေစနစ်ထဲကို ဝိုင်နီကရောက်ရှိသွားတဲ့အတွက် ဦးနှောက်အာရုံကြောစနစ်ကို အလွယ်တကူပျက်စီးစေနိုင်တဲ့ ဆဲလ်တွေကို ကာကွယ်ပေးနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

အဆုတ်အားကောင်းစေတဲ့အတွက် အဆုတ်ကင်ဆာဖြစ်စေတဲ့ ဆဲလ်တွေကိုလည်း သေစေနိုင်ပါတယ်။ အထူးသဖြင့် ဝိုင်နီက သွေးရည်ကြည်နဲ့ သွေးနီဥထဲမှာ ပါဝင်တဲ့ Omega -3  Fatty Acid တိုးတက်အောင်လုပ်ဆောင်ပေးနိုင်တဲ့အတွက် နှလုံးကိုအဓိက ကျန်းမာစေနိုင်ပါတယ်။ ဘယ်အရာမဆို ကောင်းကျိုးလည်းရှိသလို ဆိုးကျိုးလည်း ရှိပါတယ်။ ကျန်းမာရေးအတွက်သောက်သုံးမယ်ဆိုရင်တော့ တစ်ပတ်ကို လေးခွက် ငါးခွက်လောက်သာ  သောက်ပေးသင့်ပါတယ်။ ကျန်းမာရေးအတွက် အထူးကောင်းမွန်တယ်ဆိုပြီး အလွန်အကျူးသောက်ရင်တော့ အကျိုးမရှိတဲ့အပြင် ဆိုးကျိုးပါဖြစ်လာနိုင်ပါတယ်။ အရွယ်ရောက်ပြီးတဲ့ လူတိုင်းတော့ ဝိုင်နီကို မှီဝဲသင့်တယ်လို့ အာဟာရပညာရှင်တွေရော ကျန်းမာရေးပညာရှင်တွေကပါ တိုက်တွန်းထားပါတယ်နော်။

Photo Source – Free .pik