တစ်ယောက်နဲ့တစ်ယောက်သဘောကျပြီး လက်တွဲခဲ့ကြတယ်။ ကိုယ်က အရင်Relationship တွေမှာ သစ္စာဖောက်တာခံခဲ့ရတယ်။ အမြဲတမ်းထားခဲ့ခံရတယ် စသဖြင့်သောအကြောင်းအမျိုးမျိုုးတွေကြောင့် လက်ရှိ Relationship မှာလည်းသံသရာစိတ်တွေများနေမယ်၊ ယုံကြည်မှုတွေမရှိဘူး စသည်ဖြင့် အခြေအနမျိုးတွေပေါ့နော်။ Trust Issues မရှိတော့ရင်ဘာတွေဆက်ဖြစ်လာနိုင်မလဲ ?

အပြစ်မြင်လာခြင်း 

ငါနဲ့အတူမရှိတဲ့အချိန်ဆို သူဘာတွေလုပ်နေမလဲ၊ တစ်ခြားကောင်မလေးတစ်ယောက်ယောက်နဲ့များ အတူတူရှိနေမလား စတဲ့အတွေးတွေကနေ အပြစ်မြင်ခြင်းက စတတ်ပါတယ်။ သူတကယ်အလုပ်တွေရှုပ်နေလဲ ငါကိုအချိန်မပေးဘူးဆိုပြီး သံသရတွေများနေတတ်ပါတယ်။ တကယ်တော့ ဒီအချက်ကနှစ်ယောက်ကြားမှာ စိတ်ရှုပ်ထွေးစရာလည်းဖြစ်သလို မပျော်ရွှင်ရတဲ့ Relationship တစ်ခုဖြစ်သွားမှာပါနော်။

Healthy ဖြစ်တဲ့ Relationship ကိုမတည်ဆောက်နိုင်ခြင်း 

သံသယစိတ်တွေများလာတဲ့အခါ အကြောင်းအရင်းကိုမရှာပဲနဲ့ ကိုယ့်အပြစ်ကနေလွဲပြီး တစ်ဖက်လူကိုပဲအပြစ်တွေပုံချနေရင် ကိုယ့်နဲ့အတူလက်တွဲနေတဲ့သူက ကိုယ့်နဲ့အတူရှိတာတောင် မပျော်တော့တာမျိုး မွန်းကြပ်တာမျိုးတွေ ခံစားနေရပြီဆိုရင် လမ်းခွဲဖို့က ၈၀%နှုန်းလောက်ဖြစ်လာနိုင်ပါတယ်နော်။ နှစ်ယောက်က ချစ်လို့ပဲ့ လက်တွဲခဲ့ကြတာဆိုတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ နေသင့်ပါတယ်နော်။

စိတ်ကုန်လာခြင်း  ချစ်သူရည်းစားတွေကြားမှာ ရန်တွေဖြစ်တိုင်းခဏခဏပြောကြတဲ့စကားတွေက ငါနင့်ကိုစိတ်ကုန်နေပြီလို့ အရမ်းစိတ်ပျက်နေပြီဆိုပြီး ဒီလိုမျိုးNegative ဆန်တဲ့စကားလုံးတွေက စကားများတိုင်းပါလာမယ်။ လမ်းခွဲမယ်ဆိုတဲ့စကားတွေ ထပ်ခါထပ်ခါပြောမယ်။ ဒီလိုမျိုးစိတ်ခံစားချက်တွေဖြစ်လာရခြင်းအကြောင်းအရင်းကလည်း နားလည်မှုတွေမရှိတော့တာ၊ ယုံကြည်မှုတွေလျော့နည်းလာလို့ပါပဲ့။

Photo Source – Free.pik