လူတစ်ယောက်မှာ အခြေခံကျလှတဲ့နေထိုင်စားသောက်မှုဆိုတာ ရှိပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်ဖို့အတွက် လူတွေကနောက်ပိုင်းမှာတော့ နေထိုင်မှုပုံစံလေးတွေကအစပြောင်းလဲလာကြပါပြီ။ နေထိုင်မှုပုံစံမှန်ကန်မှလည်း အသက်ရှည်ရှည်နဲ့ ကျန်းကျန်းမာမာနဲ့နေနိုင်မှာဖြစ်ပါတယ်။ အခြေခံကျတဲ့နေထိုင်မှုဆိုတဲ့အတိုင်း ဒီအချက်လေးတွေကို အသက်အရွယ်မကြီးခင်ကနေစပြီး လုပ်ပေးရင်တောင် သိသိသာသာနဲ့ကျန်းမာတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်မှာဖြစ်ပါတယ်။ အလှအပဆိုတာကလည်း လူတစ်ယောက်အတွက်လိုအပ်ပါတယ်။ အရေးပြားတွေက အသက်တွေကြီးရင့်လာတာနဲ့အမျှ Anti Aging တွေကထွက်လာတဲ့အတွက် ဂရုစိုက်ပေးဖို့ကလည်း လိုပြန်ရော။ ဒီအချက်လေးက သင့်ရဲ့တစ်နေ့တာကို တက်ကြွအောင်လည်းလုပ်ပေးနိုင်သလို ကျန်းမာတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ဖို့အတွက်လည်း အထောက်အကူပြုပေးနိုင်ပါတယ်။

ရေသောက်ပါ

ရေကိုတစ်နေ့တာအတွက် လုံလောက်စွာသောက်ပေးဖို့သတိပေးရတာကလည်း နေ့စဥ် Reminder တစ်ခုလိုပါပဲ။လူတစ်ယောက်က တစ်နေ့တာရေဓာတ်ကို အနည်းဆုံး 2l ပြည့်ဝနေဖို့လိုအပ်ပါတယ်။ ရေသောက်နည်းခြင်းက ဆီးသွားနှုန်းကိုလည်း ကျဆင်းစေနိုင်တဲ့အတွက် ခန္ဓာကိုယ်အတွင်းဘက်တီးရီးယားတွေက ပိုပြီးများပြားလာတတ်ပါတယ်။ ရေသောက်ပေးခြင်းအားဖြင့် ဝမ်းမှန်ကန်စေနိုင်တဲ့အတွက် အဆီလည်းကျစေနိုင်ပါတယ်။

အိပ်ရေးဝဝအိပ်ပါ

အိပ်ရေးမဝခြင်းက ဦးနှောက်အလုပ်လုပ်နိုင်စွမ်းကိုကျဆင်းစေနိုင်သလို ခန္ဓာကိုယ်အတွင်းကောင်းမွန်တဲ့ဆဲလ်တွေကိုလည်း သေစေနိုင်ပါတယ်။ အိပ်ချိန်ကတစ်နေ့တာမှာဆိုရင်တော့ လူကြီးတစ်ယောက်ကအနည်းဆုံး ၆ နာရီရှိသင့်ပါတယ်။ ညဘက်မှာ ကောင်းမွန်စွာမအိပ်စက်ပဲနဲ့ နေ့လည်ဘက်မှာပဲ အိပ်စက်တာကလည်း မှားယွင်းတဲ့အချက်ဖြစ်ပါတယ်။ ဒါကြောင့်လူကြီးပဲဖြစ်ဖြစ် လူငယ်ပဲဖြစ်ဖြစ် မှန်ကန်တဲ့အိပ်ချိန်လိုအပ်ပါတယ်။

အာဟာရပြည့်ဝစွာ စားပေးပါ

ခန္ဓာကိုယ်မှာအစားအသောက်က အရေးပါဆုံးဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမဲ့ အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကို ညီညွတ်စွာ စားပေးဖို့လိုအပ်ပါတယ်။ Fast Food တွေစားတာများတာများရင်လည်း ခန္ဓာကိုယ်တွင်း အဆီတွေပိတ်နိုင်ပြီး အသဲဆီဖုံးနိုင်ပါတယ်။ တစ်နေ့တာမှာ ဟင်းသီးဟင်းရွက် ၊ အသားဓာတ်တိုကို မျှမျှတတဖြစ်အောင်စားပေး သင့်ပါတယ်။
Photo Source – Free.pik