အားလုံးပဲမင်္ဂလာပါနော်။ မိတ်ကပ်လိမ်းတဲ့အခါ အမြဲတမ်းပြောပြောနေတဲ့ Primer ဆိုတာ ဘာလဲလို့ မေးနေကြတဲ့သူတွေအတွက်ပါ။

၁။ မိတ်ကပ် Primer ဆိုတာဘာလဲ

မိတ်ကပ် Primer ဆိုတာက သင့်အသားအရေနဲ့ မိတ်ကပ်ကြားမှာ နောက်ထပ်အလွှာတစ်ခုအနေနဲ့ ထပ်ခံထားပေးတာမျိုးပါ။ မိတ်ကပ်ကို ပိုပြီးတာရှည်ခံအောင်နဲ့ အဆီပြန်တာကို ထိန်းပေးသလို သင့်အသားအရေနဲ့ မိတ်ကပ်ကိုလည်း တစ်သားတည်းဖြစ်စေပါတယ်။

သင့်မျက်နှာအသားအရေကို ပိုပြီးချောမွတ်စေပြီး ချွေးပေါက်တွေ၊ အရေးကြောင်းတွေကို မမြင်အောင်ဖုံးပေးပါတယ်။

၂။ မိတ်ကပ် Primer ကို ဘယ်လိုလိမ်းရမလဲ

အရင်ဆုံး မျက်နှာကို သေချာလေးသစ်ပေးလိုက်ပြီး တိုနာနဲ့ Moisturizer လိမ်းပေးရမှာဖြစ်ပါတယ်။

ပြီးမှ မိတ်ကပ် Primer ကို လိမ်းပေးရမှာပါ။ မိတ်ကပ် Primer ကိုနည်းနည်းပဲယူပြီး သင့်လက်ချောင်းလေးနဲ့ နှာခေါင်း၊ နဖူး၊ မေးစေ့ နဲ့ ပါးပြင်တွေမှာ လိမ်းပေးပြီး သေချာလေး Blend လုပ်ပေးလိုက်ပါ။

ပြီးမှပဲ ဖောင်ဒေးရှင်းလိမ်းတာ၊ ပေါင်ဒါလိမ်းတာမျိုးလုပ်ရမှာပါ။

Source: www.stylecraze.com