ကိုယ့်နေ့စဥ်အတူတကွနေတဲ့ ကိုယ့်ရဲ့အခန်းဆိုတာကလည်း ကိုယ့်ရဲ့ Paradise  တစ်ခုလို့လည်း ပြောလို့ရသလို စိတ်အပန်းဖြေစရာတစ်ခုလည်း ဖြစ်ပါတယ်။ အိပ်ခန်းကို ကိုယ့်ရဲ့အငွေ့အသက်လေးတွေနဲ့ ဖန်တီးရတာကလည်း စိတ်ကျေနပ်မှုတစ်ခုလည်း ဖြစ်ပါတယ်။ အခန်းအရောင်ရွေးချယ်တဲ့ အခါမှာအလင်းအမှောင်ကိုလည်း သေချာလေးရွေးချယ်ဖို့လိုအပ်ပါတယ်။

တစ်နေ့တာလုံးမောပန်းနေတဲ့အချိန်မှာ ကိုယ့်ရဲ့အခန်းအရောင်လေးကလည်း ကိုယ့်ရဲ့စိတ်ဖိစီးမှုတွေကိုလည်း လျော့ကျသွားအောင်လည်းလုပ်ပေးနိုင်ပါတယ်။ အခန်းတစ်ခန်းရဲ့ အရောင်ကလူ့ရဲ့စိတ်ကိုအများကြီးပြောင်းလဲပေးနိုင်တယ်လို သုတေသနပညာရှင်တွေက ဆိုကျပါတယ်။  အခန်းအရောင်ပြောင်းမယ်လို့ စိတ်ကူးနေတဲ့သူတွေ ဒီအရောင်တစ်မျိုးတည်းကိုပဲ့ နှစ်ပေါင်းများစွာထားလာတာ ငြီးငွေ့နေတဲ့သူတွေအတွက် ဘယ်လိုအရောင်လေးတွေ ပြောင်းသင့်လဲ ဘယ်လိုအရောင်တွေက ဘယ်လိုမျိုးစိတ်ကျေနပ်မှုကို ပေးစွမ်းနိုင်လဲဆိုတာ မျှဝေပေးချင်ပါတယ်။

အဖြူရောင်


ကိုယ့်အခန်းရဲ့ဧရိယာက အရမ်းလည်းမကျယ်ဘူးဆိုရင်တော့ အဖြူရောင်ကိုရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။ အဖြူရောင်က ကိုယ့်ရဲ့အမြင်ကိုပိုပြီး ကျယ်စေသလို စိတ်လည်းအေးချမ်းစေတဲ့အရောင်တစ်မျိုးဖြစ်ပါတယ်။ ကိုယ့်ရဲ့အသုံးအဆောင်တွေရဲ့ အပြင်အဆင်ကလည်း ဘာအရောင်နဲ့မဆိုလိုက်ဖက်တဲ့အတွက် အဆင်ပြေပါတယ်။ အခန်းထဲဝင်လိုက်တာနဲ့ တကယ်လည်း စိတ်ငြိမ်းချမ်းမှုကိုရရှိနိုင်တဲ့အရောင်လည်း ဖြစ်ပါတယ်။

အဝါရောင်

အဝါရောင်ကိုတော့ မိန်းကလေးတွေအတွက် ရွေးချယ်သင့်တဲ့အရောင်တစ်ရောင် ဖြစ်ပါတယ်။ စိတ်ကိုနွေးထွေးစေတဲ့အရောင်တစ်မျိုးလည်း ဖြစ်သလို  သက်တောင့်သက်သာဖြစ်စေတဲ့ အရောင်တစ်မျိုးလည်း ဖြစ်ပါတယ်။ ကိုယ်က အဝါရောင်တောက်တောက်ကြီးတွေ မကြိုက်ဘူးဆိုရင်တော့ အဝါဖျော့လေးတွေလည်း ရွေးချယ်လို့ရပါတယ်။

Amazing Gray 

ဒီအရောင်က ဘိုလည်းဆန်ပြီး တည်တည်ငြိမ်ငြိမ်ရှိတဲ့ အရောင်တစ်မျိုးလည်းဖြစ်ပါတယ်။ သဘာဝလည်းဆန်သလို ဘိုလည်းဆန်တဲ့အရောင်တစ်မျိုးလို့လည်း ပြောလို့ရပါတယ်။ Nude အရောင်ဘက်သွားတဲ့အရောင်တစ်မျိုးဖြစ်တဲ့အတွက် Indoor Plants လေးတွေနဲ့ကိုယ့်ရဲ့အခန်းကို အလှဆင်မယ်ဆိုရင်လည်း လိုက်ဖက်ပါတယ်။

ခရမ်းဖျော့ရောင်

ခရမ်းရောင်ကြိုက်တဲ့ မမတွေအတွက်ဆိုရင်ဒီအရောင်ကတော့ လုံးဝကိုရွေးချယ်သင့်တဲ့အရောင်ထဲမှာပါဝင်ပါတယ်။ ခရမ်းရောင်က Classic လည်းဆန်စေသလို လူငယ်လည်းအနည်းငယ်ဆန်တဲ့အရောင်မျိုးဖြစ်ပါတယ်။ကိုယ်ကတကယ်လို ခရမ်းရောင်တစ်မျိုးတည်းကို မလိုချင်ဘူးဆိုရင်လည်း Soft Melody အရောင်လေးနဲ့လည်း တွဲစပ်လို့ရပါတယ်။

Photo Source – Free.pik