လူတော်တော်များများက အုန်းရည်ကိုသောက်ဖို့မေ့မေ့နေတတ်ကြပါတယ်။ အုန်းရည်ကို ကမ်းခြေရောက်မှ သောက်တာမျိုးတို့ လုပ််တတ်ကြပါတယ်။ အုန်းရည်ကို တော်ရုံတန်ရုံမသောက်ဖြစ်ကြတာများပါတယ်။ အုန်းရည်ကို ရေရှည်သောက်ရင် ကျန်းမာရေးအတွက်အရမ်းကိုကောင်းမွန်စေပါတယ်။ အုန်းရည်ကိုလည်း အခုခေတ်မှာ အလွယ်တကူဝယ်လို့လည်းရနေပြီးဆိုတော့ လူကြီးလူငယ်မရွေး နေ့တိုင်းသောက်ကြည့်ဖို့အကြံပေးချင်ပါတယ်။ အုန်းရည်ဆိုတာက သဘာဝအရည်တစ်မျိုးဖြစ်တဲ့အတွက် ဘေးဥပဒ်ကင်းပြီး ရေဓာတ်ပြည့်ဝစေနိုင်တဲ့အတွက် အရမ်းကိုကောင်းတဲ့အရည်တစ်မျိုးဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်တွေအတွက်လည်းနေ့တိုင်းသောက်ပေးသင့်ပါတယ်။

ကဲ့ဒီလိုဆိုရင် အုန်းရည်းသောက်ပေးခြင်းမှ ရလာနိုင်တဲ့အကျိုးကျေးဇူးလေးတွေကို မျှဝေပေးချင်ပါတယ်။ အစာခြေစနစ်ကို အရမ်းကိုအထောက်အကူပြုနိုင်တဲ့အတွက် ညနေဘက်ထမင်းစားပြီး တစ်နာရီကျော်လောက်သောက်ပေးသင့်ပါတယ်။ အစားခြေစနစ်ကို ကောင်းမွန်စေနိုင်တဲ့အတွက် ဝိတ်လည်းကျစေနိုင်သလို အဆီပိုတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ ဒီအချက်ကိုတော့ ဝိတ်လျော့နေတဲ့ ပျိုပျိုမေမေလေးတွေအတွက်တော့ ဒီအချက်နဲ့တောင် အုန်းရည်ရဲ့ကောင်းကျိုးတွေက တော်တော်အသုံးဝင်နေပါပြီနော်။

ဝမ်းမှန်စေတဲ့အတွက် ဝမ်းချုပ်တတ်တဲ့သူတွေအတွက်ဆို ပိုသောက်သုံးပေးသင့်ပါတယ်။ နောက်တစ်ချက်က ဆရာဝန်တွေရဲ့ဆေးတစ်မျိုးအနေနဲ့ အုန်းရည်က ခေါင်းကိုက်ဝေဒနာကိုခဏခဏခံစားနေရတတ်တဲ့ သူတစ်ယောက်ဆိုရင်လည်း အုန်းရည်ကိုနေ့တိုင်းသောက်သုံးဖို့ အကြံပြုထားပါတယ်။ အုန်းရည်က သကြားဓာတ်ပါဝင်မှုမရှိတဲ့အတွက် အသားအရေအတွက်လည်း ကောင်းမွန်စေနိုင်ပါတယ်။ အုန်းရည်ကို သောက်သုံးတာကောင်းသလောက် အုန်းနို့စားခြင်းကိုတော့ လျော့ချပေးဖို့လိုအပ်ပါတယ်နော်။အုန်းနို့က ကစီဓာတ်များစွာ ပါဝင်တဲ့အတွက် အုန်းနို့ကိုတော့ သွေးတိုးရှိတဲ့သူတွေအတွက်ဆို လုံးဝကိုရှောင်ရှားပေးသင့်ပါတယ်။ အုန်းနို့အစား အုန်းရည်သောက်ပေးတာကိုပဲ အားပေးချင်ပါတယ်။ နောက်တစ်ချက်က အားကစားလုပ်နေတဲ့ သူတစ်ယောက်ဆိုရင် အုန်းရည်ကချွေးထွက်လွန်ခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။

Photo Source – free.pik