လူအများစုက ထမင်းစားပြီးနောက် ထမင်းလုံးစီတတ်ကြပါတယ်။ ဆိုလိုတာက အိပ်ငိုက်တတ်ကြပါတယ်။ တကယ်တော့ ဒီအပြုအမူကို ရှောင်ရှားသင့်ပါတယ်။ အစာစားပြီးနောက် မအိပ်ဘဲ လှဲလိုက်တာကိုက သင့်အတွက် မကောင်းတဲ့အကျိုးဆက်တွေဆီ ဦးတည်စေပါတယ်။ ဒီလက္ခဏာတွေထဲက တချို့ကိုဆိုရင် သင်ကြုံပြီးဖြစ်မှာပါ။ ဒီအကျိုးဆက်တွေက ထမင်းစားပြီး အိပ်တာကြောင့် ဖြစ်လာတာလို့ သင်မသိသေးတာပဲရှိတာပါ။
စားပြီးနောက် ဘယ်လောက်ကြာကြာစောင့်ပြီးမှ အိပ်သင့်လဲ ပြောပြထားတာမို့ အဆုံးထိ ဖတ်ပေးပါနော်-
၁။ ရင်ဘတ် ဒါမှမဟုတ် လည်ချောင်းနေရာက ပူတာ
အစာစားပြီးနောက် အစာချေဖို့အတွက် အက်ဆစ်ထွက်လာပါတယ်။ သင်လဲလျောင်းလိုက်တဲ့အခါ အက်ဆစ်က အစာအိမ်ကို ဖြတ်ကျော်ပြီး အစာချေစနစ်မှာရှိတဲ့ ထိခိုက်လွယ် အစိတ်အပိုင်းတွေနဲ့ ထိတွေ့မှုဖြစ်ပါတယ်။ အက်ဆစ်နဲ့ထိတွေမှုကြောင့် အိပ်လိုက်တာက ရင်ဘတ်ဒါမှမဟုတ် လည်ချောင်းမှာ နာကျင်မှုဖြစ်တတ်ပါတယ်။
၂။ အိပ်မပျော်ဖြစ်တတ်တယ်
သင်က မအိပ်ခင် အများကြီး စားထားတယ်ဆိုရင် အပြည့်အဝအစာချေခြင်းက သင်အိပ်တဲ့အခါ ဆက်ဖြစ်ပျက်နေပါတယ်။ ဇီဝဖြစ်စဉ်အတောအတွင်းမှာ သင့်စိတ်က တက်ကြွနေပါတယ်။ ဒါကြောင့် သင်အိပ်မပျော်ဖြစ်နိုင်ပါတယ်။ ရင်ဘတ်နေရာက ပူလောင်မှုကြောင့်လည်း အိပ်မပျော်ဖြစ်စေပါတယ်။ အိပ်မပျော်တာက သင်စားတဲ့အစားအစာ အမျိုးအစားပေါ်လည်း မူတည်ပါသေးတယ်။
၃။ အိပ်မက်ဆိုး ပိုမက်နိုင်တယ်
အပေါ်မှာပြောထားသလိုပဲ ဇီဝဖြစ်စဉ်ဖြစ်တဲ့အခါ သင့်ဦးနှောက်က တက်ကြွနေပါတယ်။ ဒီလိုအချိန်မှာ REM (အိပ်မက်မက်တာ အများဆုံးအချိန်) ကို ဝင်ရောက်သွားတတ်ပါတယ်။ သင်က အိပ်မက်ဆိုးတွေ မက်တတ်တယ်ဆိုရင် အစာစားပြီး ချက်ချင်းအိပ်တာ ဒါမှမဟုတ် အချိန်ကပ်အိပ်တာကို ရှောင်သင့်ပါတယ်။
၄။ ခဏခဏ ဆီးသွားချင်လာတယ်
တချို့လူတွေက ညဘက် ဆီးခဏခဏ သွားတတ်တဲ့ အခြေအနေကို ကြုံတတ်ကြပါတယ်။ ဒီလိုဆီးသွားတာက သင်စားတဲ့အစားအသောက်မှာ ပါဝင်တဲ့ ကဖင်းဓာတ်ပမာဏနဲ့ သက်ဆိုင်နေပါတယ်။ ကော်ဖီသောက်ရင် ပိုဖြစ်တတ်ပါတယ်။ ကဖင်းဓာတ်က လက်ဖက်ရည်၊ ချော့ကလက်ပါဝင်တဲ့ အချိုစာတွေနဲ့ တခြားဆေးအချို့မှာလည်း ပါဝင်တတ်ပါတယ်။
၅။ ဝိတ်တက်မယ်
သင်က စားပြီးနောက် အိပ်ရာဝင်တဲ့အခါ ခန္ဓာကိုယ်အတွက် ကယ်လိုရီတွေလောင်ကျွမး်ဖို့ အချိန်မပေးသလိုဖြစ်စေပါတယ်။ ဒါကြောင့် သင်က စားပြီးနောက် မအိပ်ရ မနေနိုင်ဘူးဆိုရင်တောင် အတတ်နိုင်ဆုံးကြိုးစားပြီး မအိပ်ဘဲနေသင့်ပါတယ်။ အဆီတွေ ကိုယ်အလေးချိန်တက်လာတာကို မလိုချင်ရင်ပေါ့။
စားပြီးနောက် အိပ်ဖို့ ဘယ်လောက်ကြာကြာ စောင့်ဆိုင်းသင့်လဲ
ရင်ဘတ်ပူတာ အိပ်မပျော်တာတွေမဖြစ်ဖို့ အစာချေဖို့အတွက် အချိန်အလုံအလောက်ပေးသင့်ပါတယ်။ အစာချေဖို့ ၃ နာရီလိုအပ်ကြောင်း အာဟာရပညာရှင်တွေက ဆိုထားပါတယ်။ ဒါက ပျမ်းမျှ Guideline သဘောပဲရှိပါသေးတယ်။
သင်က အစာစားပြီးနောက် ဘာလုပ်တတ်လဲ ပြောပြခဲ့ပါဦး။
Source: Brightside.me
By MyStyle Myanmar