လူတစ်ယောက် တစ်နေ့ကို ရေဘယ်လောက် သောက်သင့်သလဲဆိုတဲ့ မေးခွန်းအတွက် ယေဘုယျအဖြေတွေ ရှိပါတယ်။ တစ်ချို့က ရေ ၈ ဖန်ခွက်ဆို လုံလောက်တယ်လို့ ဆိုပါတယ်။ တကယ်တော့ ရေသောက်တဲ့နှုန်းဟာ လက်ရှိရာသီဥတု ၊ ကိုယ်လုပ်နေတဲ့ လေ့ကျင့်ခန်း နဲ့ ကိုယ့်ခန္ဓာကိုယ်အရွယ်အစားပေါ်လိုက်ပြီး အတိုးအလျှော့ ရှိပါတယ်။

မကြာသေးခင်က တစ်နေ့ ရေ ၂ လီတာ ပုံမှန်သောက်တဲ့ အလေ့အထရဲ့ ကိုယ်တွင်းအင်္ဂါတွေပေါ် သက်ရောက်မှုကို လေ့လာခဲ့ပါတယ်။ ဒီလေ့လာချက်အရ တစ်နေ့ ရေ ၂ လီတာ နေ့စဉ်သောက်မယ်ဆိုရင် အခုပြောတဲ့ စိတ်ဝင်စားစရာ အကျိုးကျေးဇူးတွေ ပေးတယ်လို့ ဆိုပါတယ်။

ဝမ်းအတွက်ကောင်းတယ်

Beautiful woman drinking fresh water in the bed at the morning

Photo: WaterWorld

ရေ ၂ လီတာ ပုံမှန်သောက်သူဟာ ဝမ်းချုပ်ခြင်းနဲ့ ဝမ်းပျက်ခြင်းကို သက်သာစေတယ်လို့ ဆိုပါတယ်။ ဝမ်းချုပ်ခြင်းဟာ အူအတွင်း ရေဓါတ်ခမ်းခြောက်မှုနဲ့ ဆက်စပ်နိုင်လို့ ရေများများသောက်သူဟာ ဝမ်းမှန်နိုင်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောသူဟာလည်း ရေဓါတ်ခမ်းခြောက်ထားလို့ ရေများများသောက်ပေးဖို့ လိုပါတယ်။

ကင်ဆာတစ်ချို့ ဖြစ်ပွားမှုမှ လျော့ပါးစေပါတယ်

woman stands on the kitchen and drinks water

Photo: Freepik

ရေသောက်တာနဲ့ ကင်ဆာမဖြစ်အောင် ကာကွယ်နိုင်တယ်လို့ ပြောလို့ မရပါဘူး။ သိပ္ပံဆိုင်ရာ တိကျတဲ့ သက်သေလည်း မရှိပါဘူး။ ဒါပေမယ့်လည်း ရေသောက်များခြင်းဟာ ဆီးအိမ်နဲ့ အူမကြီး ကင်ဆာဖြစ်ပွားမှု နည်းစေနိုင်တယ်လို့ လေ့လာမှုတစ်ချို့က ဆိုပါတယ်။

ကျောက်ကပ်ဝေဒနာ အဖြစ်နည်းစေတယ်

oman in casual clothing drinking water and using laptop while working in flat

Photo: Freepik

နေ့တိုင်း ရေလုံလောက်အောင် သောက်သုံးခြင်းဟာ ကျောက်ကပ်မှာ ကျောက်တည်ခြင်းကို လျော့ပါးစေတယ်လို့ ယူဆထားကြပါတယ်။

အသားအရေစိုပြေစေတယ်

Happy sportswoman drinking water in park

Photo: Freepik

ရေသောက်များခြင်းနဲ့ အသားအရေကို အစိုထိန်းခြင်းဟာ ဝက်ခြံနဲ့ ယားယံခြင်း မဖြစ်အောင် လျှော့ချနိုင်ပါတယ်။ ရေသောက်များသူတွေဟာ အသားအရေ ပိုကြည်လင်တာတော့ အမှန်ပါပဲ။

အခုခေတ်မှာ ဝိတ်မတက်အောင် ရေကို အကျင့်လုပ် သောက်နေကြပါတယ်။ ရေသောက်များခြင်းဟာ စားချင်စိတ်ကို လျော့ပါးစေလို့ အစားအသောက် သိပ်မစားဖြစ်ဘဲ ဝိတ်ချဖို့ ပိုလွယ်စေမှာ ဖြစ်ပါတယ်။ ထိုင်းမှိုင်းလေးလံလာပြီး ပါးစပ်ခြောက်တာ ခေါင်းကိုက်တာမျိုး ကြုံလာရင် သင့်ခန္ဓာကိုယ်ဟာ ရေဓါတ်ခမ်းခြောက်နေတယ်လို့ ယူဆနိုင်ပါတယ်။ နည်းနည်းလေး ရေဆာတယ် ခံစားရတာနဲ့ သင့်အနီးနားမှာ ရေပုလင်းထားပြီး သောက်ပေးသင့်ပါတယ်။