တချို့ဟင်းတွေ၊ အစားအသောက်တွေက အလွန်တရာ စပ်ပါတယ်။ တချို့စာဖိုမှူးတွေဆိုရင် အစပ်ချက်တဲ့အချိန် Mask နဲ့တောင် ကာချက်ရတတ်ပါတယ်။ အစပ်စားတဲ့အချိန် ကောင်းတာလည်းရှိသလို ဆိုးတာလည်းရှိနိုင်ပါတယ်။ သင်က အစပ်ကြိုက်ကြိုက်မကြိုက်ကြိုက် စားတဲ့အချိန် ဘာတွေဖြစ်နိုင်မလဲ သိထားသင့်ပါတယ်။

၁။ ကိုယ်အလေးချိန်ကျနိုင်တယ်


အစပ်စားတာက အဆီကျဖို့ ကူညီပေးနိုင်ပါတယ်။ ငရုတ်သီးမှာပါဝင်တဲ့ Capsinoid က ခန္ဓာကိုယ်အဆီကို လျှော့ချပေးနိုင်ပါတယ်။

၂။ နာကျင်မှုကို ခံနိုင်စွမ်းမြင့်လာတယ်


အစပ်မစားနိုင်တဲ့သူတွေဆိုရင် စားမိတာနဲ့ကို မခံမရပ်နိုင် စပ်တတ်ကြပါတယ်။ အစပ်စားတာများသူတွေကတော့ နာကျင်မှုကို လျစ်လျူရှုသလို ဖြစ်ပြီး ပူတဲ့အရာတွေဆို တော်ရုံမကြောက်တော့ပါဘူး။

၃။ ကိုယ်ခံအားတက်လာတယ်


ပူစပ်ပူလောင် အစားအသောက်တွေက အက်တီအောက်ဆီးဒင့်ကြွယ်ဝပါတယ်။ အက်တီအောက်ဆီးဒင့်က ခန္ဓာကိုယ်ထဲဝင်ရောက်တဲ့ပိုးမွှားတွေကို ကာကွယ်ပေးနိုင်ပါတယ်။ သင်သာ ဖျားနေတယ်ဆိုရင် ကိုယ်ခံအားတက်ဖို့ ငရုတ်သီးစားနိုင်ပါတယ်။

၄။ အသက်ပိုရှည်မယ်


တစ်ပတ်မှာ ၆ ရက်ကနေ ရရက် အစပ်စားသူတွေဟာ သေဆုံးနိုင်ချေ ၁၄ ရာခိုင်နှုန်းလျော့ကျတယ်လို့ လေ့လာမှုတွေက ဆိုထားပါတယ်။

၅။ သကြားအချိုစားတာ နည်းလာမယ်


အချိုစားတာက သင့်ခန္ဓာကိုယ်အတွက်မကောင်းတာကိုတော့ သင်သိမှာပါ။ ကျွမ်းကျင်သူတွေက ကိုယ်စားတဲ့အစားအသောက်ထဲမှာ အစပ်ထည့်ပေးတာဟာ အချိုစားချင်စိတ်ကို လျော့ကျစေတယ်လို့ ဆိုထားပါတယ်။

၆။ အရသာခံအဖုလေးတွေက သက်သာတာမြန်မယ်


လျှာမှာ အရသာခံအဖုလေးတွေရှိပါတယ်။ အစပ်စားတာများတဲ့အခါ လျှာက ခဏခဏ ပူနေတတ်တာမို့ တခုခုဖြစ်ခဲ့ရင်လည်း သက်သာတာ ပိုမြန်တတ်ပါတယ်။

၇။ Allergic ဖြစ်နို်င်တယ်


တချို့တွေ ငရုတ်သီးစားပြီးနောက် မျက်နှာယောင်တာ ယားယံတာဖြစ်တတ်ပါတယ်။ ဒါက ငရုတ်သီးနဲ့ ဓာတ်မတည့်တာပါ။ ဒါကို ကာကွယ်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

၈။ အစာအိမ်အတွက်မကောင်းဘူး


သင့်အစာအိမ်က အထိခိုက်လွယ်တယ်ဆိုရင် အစပ်မစားသင့်ပါဘူး။ ဝမ်းလျှောနိုင်ပါတယ်။

၉။ ရင်ဘတ်ပူနိုင်တယ်


ငရုတ်သီးမှာ အက်စစ်ဓာတ်ပါဝင်တာကြောင့် အစာအိမ်နံရံတွေက လောင်ကျွမ်းနိုင်ပါတယ်။ အပူအစပ်စားတာများတဲ့အခါ ရင်ဘတ်ပူလာတတ်ပါတယ်။ ဒီလိုဖြစ်တဲ့အချိန် ရေခဲမုန့်စားပေးတာ၊ နွားနို့သောက်ပေးတာ ပြုလုပ်နိုင်ပါတယ်။

သင်က အစပ်ကြိုက်တဲ့သူလား။ ပြောပြခဲ့ပါဦး။

Source: Brightside.me

By MyStyle Myanmar