သင်ရွေးချယ်ပြီး ဝတ်ဆင်လိုက်တဲ့ဘောင်းဘီပေါ်မူတည်ပြီး သင် ဘယ်လိုစတိုင်ကြိုက်လဲ၊ ဘာအလုပ်အကိုင်ရှိလဲ၊ ဘယ်လို Trends တွေကိုသဘောကျလဲ စတဲ့အချက်တွေကို သိရှိနိုင်တယ်ဆိုတာယုံပါသလား။ ရာစုနှစ်တွေ မရေမတွက်နိုင်တော့လောက်အောင် ဖက်ရှင်ရဲ့ တစ်စိတ်တစ်ဒေသဖြစ်လာခဲ့တဲ့ ဘောင်းဘီတွေက ဘယ်အချိန်ကြည့်လိုက်ကြည့်လိုက် ဘယ်လောက်ပဲမဝတ်ဖြစ်ဘူးဆိုပါစေ တစ်ထည်နှစ်ထည်လောက်တော့ လူတိုင်းရဲ့အဝတ်ဘီရိုထဲမှာ အမြဲရှိနေတတ်ပါတယ်။

ဒီလိုမျိုး ဖက်ရှင်နဲ့မခွဲခြားနိုင်တဲ့ ဘောင်းဘီဝတ်တာကို ရပ်လိုက်မယ်ဆိုရင် သင့်ခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာမယ့်အပြောင်းအလဲတွေကို အံ့အားသင့်စွာ မြင်တွေ့ရမှာဖြစ်သလို ကျန်းမာရေးဆိုင်ရာလည်း ကောင်းကျိုးတွေရှိလာမှာပါ။

ခန္ဓာကိုယ်ယားယံတာသက်သာလာခြင်း

မတူညီတဲ့ အဝတ်အထည်အသားတွေပေါ်မူတည်ပြီး ကိုယ့်အသားအရေမှာ အလက်ဂျစ်တွေဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကြောင့်လည်း တစ်ခါတစ်လေ ခန္ဓာကိုယ်မှာ ဟိုနားကယားသလိုလို ဒီနားကယားသလိုလိုနဲ့ ယားကျိကျိဖြစ်သလိုမျိုး ခံစားရတာပါ။ ဘောင်းဘီတွေ (အထူးသဖြင့် Skinny နဲ့ Leggings တို့လို အကြပ်တွေ) ဝတ်တဲ့အခါ ခြေထောက်ကအရေပြားနဲ့ အရမ်းပူးကပ်ထားသလိုဖြစ်တာမို့ ဖောရောင်ခြင်းနဲ့ ယားယံခြင်းတွေ ဖြစ်လာပါလိမ့်မယ်။ အကယ်လို့ သင့်အသားအရေက သတ္တုနဲ့ဓာတ်မတည့်ဘူးဆိုရင် သင်ဝတ်နေကျ ဂျင်းဘောင်းဘီတွေမှာထည့်ချုပ်ထားတဲ့ ကြယ်သီးတောင်မှ သတိထားပြီးဝတ်ရမှာဖြစ်ပါတယ်။

ခန္ဓာကိုယ်နဲ့ အတွင်းအင်္ဂါအစိတ်အပိုင်းများ ပြေလျော့လာခြင်း

အရမ်းကြပ်တဲ့အဝတ်အစားတွေ၊ ဂျင်းဘောင်းဘီတွေ၊ ခါးပတ်တွေနဲ့ အတွင်းခံတွေက အချိန်ကြာလာရင် ခန္ဓာကိုယ်မှာပြဿနာတွေဖြစ်လာစေနိုင်လို့ နည်းနည်းချောင်တာမျိုးကို ရွေးချယ်ဝတ်ပါ။ အထူးသဖြင့် အတိုင်းထက်အလွန် အစားစားမိသွားတဲ့အချိန်ဆို ပိုနေရခက်လာပါလိမ့်မယ်။ ဘောင်းဘီတွေနဲ့ ခါးပတ်တွေက ဖြစ်ပေါ်လာတဲ့ဖိအားက အစာအိမ်ပေါ်သက်ရောက်ရာကတဆင့် Acid Reflux တွေဖြစ်ကာ ရင်ပူတဲ့ဝေဒနာခံစားရနိုင်ပါတယ်။

Cellulite တွေကို ရှောင်ရှားနိုင်ခြင်း (သို့) ပိုဆိုးမလာစေခြင်း

ဘောင်းဘီဝတ်တာရပ်လိုက်မယ် အထူးသဖြင့် Skinny ဂျင်းတွေကို ဝတ်တာရပ်မယ်ဆိုရင် ကြည့်ရအင်မတန်ဆိုးတဲ့ Cellulite တွေ ပိုဆိုးလာခြင်းမှ ရှောင်ရှားနိုင်မယ်ဆိုပြီး ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။ ဒီလိုတင်းကြပ်တဲ့ဘောင်းဘီတွေဝတ်ခြင်း၊ ခြေထောက်ချိတ်ထိုင်ခြင်းတို့က ပေါင်ရင်းမှာ Cellulite တွေ ပိုဖြစ်စေနိုင်ပါတယ်။

Source: BrightSide

By MyStyle Myanmar