တစ်ချို့က မနက်အိပ်ယာနိုးတာနဲ့ မနက်စာ breakfast ကို မစားပဲနေလေ့ရှိပါတယ်။ နေ့တိုင်းလိုလို အမြဲတမ်း မနက်စာမစားပဲနေမယ်ဆိုရင်တော့ သင့်ခန္ဓာကိုယ်မှာ ဒီလိုအရာတွေ ဖြစ်ပေါ်လာပါလိမ့်မယ်။

အစာအိမ်ထိခိုက်စေတယ်

မနက်စာကိုအမြဲလိုလိုမစားပဲနေတာတွေဟာ အစာအိမ်ထဲမှာ အစာမရှိတဲ့အတွက် အချဉ်ဓာတ်ပိုတိုးလာစေပြီး ဗိုက်အောင့်တာ၊ အစာအိမ်အချဉ်ပေါက်တာ၊ အစာစားတဲ့အခါမှာ အစာမကြေဖြစ်တာ၊ ရင်ပူရင်ဆာဖြစ်တာမျိုးတွေ ဖြစ်လာစေပါတယ်။

ခေါင်းကိုက်လာမယ်

ညအိပ်ထဲက ဗိုက်ထဲမှာအစာမရှိတော့တာကို မနက်စာပါ မစားပဲနေမယ်ဆိုရင် blood-glucose level လျော့ကျလာစေပါတယ်။ အားမရှိသလိုလို၊ ရင်တုန်သလိုလိုဖြစ်ပြီး ခေါင်းမကြည်တာ၊ ခေါင်းကိုက်တာတွေလည်း ဖြစ်စေပါတယ်။

ခံတွင်းနံ့နံစေတယ်

မနက်စာမစားပဲနေတာက ဗိုက်ထဲမှာ လုံးဝအစာမရှိတဲ့အတွက် ခံတွင်းနံ့နံစေပါတယ်။

၁၂ နာရီ နဲ့ ၄ နာရီကြားမှာ ပင်ပန်းသလိုဖြစ်လာမယ်

မနက်စာမစားတာက energy လျော့ကျစေပါတယ်။ စိတ်ရောလူပါ မလန်းဆန်းပဲ ဗိုက်ဆာတာ၊ ခေါင်းနောက်တာတွေဖြစ်ပြီး နေ့ခင်းဘက် အပူချိန်များတဲ့အချိန်တွေဖြစ်တဲ့ ၁၂ နာရီနဲ့ ၄ နာရီကြားမှာ ပင်ပန်းသလို၊ နုံးချိသလိုတွေ ပိုဖြစ်လာပါတယ်။ အလုပ်မှာ အာရုံစူးစိုက်နိုင်မှုလည်း လျော့ကျစေပါတယ်။

ဝိတ်ပိုတက်စေတယ်

မနက်စာကို အာဟာရပြည့်ဝအောင်စားရမှာပါ။ မနက်စာကိုမစားပဲ နေ့လည်စာကျမှ အများကြီးစားမိတာ၊ ညစာကို အများကြီးစားမိတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုတွေကြောင့်ပဲ ဝိတ်ပိုတက်လာစေတာပါ။

Mood မကောင်းတာ

မနက်စာမစားရင် လူကအားမရှိသလိုလိုနဲ့ ခေါင်းနောက်ပြီး၊ ခေါင်းမူးတာ၊ ရင်တုန်တာ၊ သွေးတွင်းသကြားဓာတ်လျော့ကျတာတွေ ဖြစ်လာပါတယ်။ ဒီလိုတွေကြောင့်ပဲ စိတ်မကြည်မလင်ဖြစ်ပြီး မိုးလင်းထဲက တစ်နေကုန် mood မကောင်းတာမျိုး ဖြစ်လေ့ရှိပါတယ်။

source:www.brightside.me