မိန်းကလေးတစ်ယောက်မှာ ဆံပင်စတိုင်ကလည်း ကိုယ့်ရဲ့ရှိရင်းစွဲအလှကိုလည်း ပြောင်းလဲအောင်လုပ်ပေးနိုင်သလို ပိုပြီးတော့ကျက်သရေရှိအောင်လည်း လုပ်ပေးနိုင်ပါတယ်။ ဆံပင်ဆိုတဲ့အတိုင်း နေ့တိုင်းကြီး ဆံသားလေးတွေက တောက်ပြောင်ပြီးလှပနေတာမျိုး မဟုတ်ပါဘူးနော်။ ခေါင်းလျှော်ပြီးတဲ့နေ့တွေကသာ Good Hair Day ကို မိန်းကလေးတွေက ပိုင်ဆိုင်ကြပါတယ်။ ခေါင်းလျှော်ပြီးတဲ့အချိန်တွေကတော့ မိန်းကလေးတစ်ယောက်ရဲ့အပျော်ဆုံးအချိန်ဆိုလည်း မမှားပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် ခေါင်းမလျှော်ဖြစ်ဘူး မိန်းကလေးတွေရဲ့ Period ရက်ပိုင်းတွေမှာဆိုရင်လည်း ခေါင်းလျှော်ဖို့ အဆင်မပြေတာမျိုးတွေရှိပါတယ်။ ခေါင်းမလျှော်ဖြစ်တော့ ဆံပင်ပုံစံကြီးက ပုံမကျပဲ့နဲ့စေးကပ်ကပ်ကြီးတွေ ကြုံတွေရတတ်ပါတယ်။ ကဲ့ ဒီလိုမျိုးနေ့တွေရောက်လာရင် ကိုယ့်ရဲ့ဆံပင်စတိုင်လေးကို ဘယ်လိုပုံစံလေးတွေလုပ်လို့ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။
Sleek Bun

Sleek Bun ဆံပင်ပုံစံကကျော့ရှင်းပြီး ဆံပင်အဆီပြန်နေတာတောင် Hair Stylist လုပ်ထားသလိုမျိုးဖြစ်နေပါတယ်။ Celebrity တွေရဲ့ပွဲတက် Hair Style တစ်ခုဆိုလည်းမမှားပါဘူးနော်။ Sleek Bun ဆံပင်စတိုင်က ဆံပင်တွေကိုအကုန်လုံးစုထုံးလိုက်တဲ့ ပုံစံမျိုးလေးဖြစ်ပါတယ်။ ပူအိုက်တဲ့ရာသီဥတုနဲ့လည်း သင့်တော်သလို ရှင်းရှင်းလင်းလင်းရှိတဲ့ ပုံစံမျိုးလေးဖြစ်ပါတယ်။ တကယ်လို့ ကိုယ်ကလူငယ်ဆန်ချင်တယ်ဆိုရင်တော့ Double Bun လေးတွေမျိုး အလယ်ခွဲထုံးပြီးလည်း စည်းလို့ရပါသေးတယ်နော်။
Tri-Fishtail Braid

ငယ်ငယ်တုန်းက ဆံပင်ရှည်ထားတဲ့ကောင်မလေးတွေရဲ့ ဆံပင်စတိုင်လေးဆိုလည်း မမှားပါဘူး။ ဘာဘီဇာတ်ကားလေးတွေကလို Princess လေးလို့ဖြစ်သွားစေတဲ့ ကျစ်ဆံမြီးဆိုလည်း မမှားပါဘူးနော်။ ဒီမှာTri- Fishtail Braid ကိုငါးရိုးကျစ်ဆံမြီးဆိုပြီးလည်း ပြောကြပါတယ်။ဒီဆံပင်ပုံစံလေးကလည်း မိန်းကလေးဆန်ပြီး Bad Hair Day အတွက်ဆိုရင်တော့ လုံးဝကိုအဆင်ပြေတဲ့ ဆံပင်စတိုင်မျိုးဖြစ်ပါတယ်။ တကယ်လို့ကိုယ်က Tri- Fishtail Braid ကိုလုပ်ဖို့အချိန်မရှိဘူးဆိုရင်တော့ ရိုးရိုးရှင်းရှင်းနဲ့ Double Braid လေးတွေလည်း အဆင်ပြေပါတယ်။
Bubble Braid

Bubble Braid စတိုင်ကကိုယ့်ကို ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်လို ဖြစ်သွားစေနိုင်ပါတယ်။ အချိန်ကုန်သက်သာပြီး ဆံပင်အတိုပဲ ဖြစ်ဖြစ်ဆံပင်အရှည်ပဲဖြစ်ဖြစ်လုပ်လို့ရပါတယ်။ ခေါင်းစည်းကွင်းလှလှလေးတွေနဲ့ ဆံပင်ကိုခြားခြားလေးစည်း ပြီးရင်တော့ဘီးလေးနဲ့ ဖောင်းဖောင်းလေးဖြစ်အောင် လုပ်ပေးရပါမယ်။
Photo Source – Pinterest