အိပ်စက်အနားယူခြင်းဟာ ကျန်းမာရေးအတွက်အရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။ အိပ်နေတဲ့အချိန်မှာ ခန္ဓာကိုယ်အတွင်းက ကုန်ခမ်းသွားတဲ့ အားအင်တွေ ပြန်လည်တည်ဆောက်ပြီး ကြွက်သားတွေတည်ဆောက်သလို ဦးနှောက်ကလည်း တစ်နေ့တာလုံးမှာ ကိုယ်တွေရရှိခဲ့တဲ့ သတင်းအချက်အလက်အသစ်တွေ စုစည်းထားပါတယ်။

နှလုံးခုန်နှုန်းတွေ တည်ငြိမ်ပြီး မှတ်ဉာဏ်တွေ ပြန်လည်သိုလှောင်နေတဲ့အချိန်ဆိုလည်းမမှားပါဘူး။  အိပ်စက်ခြင်းက အရမ်းကိုအရေးကြီးလို့ မအိပ်ခင်မှာ စာဖတ်သူတို့ မလုပ်သင့်တဲ့အရာတွေကို မျှဝေပေးလိုက်ပါတယ်။

Tv ကြည့်ခြင်း

ညစာစားပြီးလို့ရှိရင်တော့ ကိုယ်အကြိုက်ဆုံး ရုပ်ရှင်ဇာတ်ကားတွေကြည့်ကြပါတယ်။ တစ်နေ့တာလံး အလုပ်တွေလုပ်ပြီးလို့ ပင်ပန်းနွမ်းနယ်နေတဲ့အချိန်မှာ tvကြည့်ရင်း အိပ်ပျော်သွားတာလည်း ဖြစ်နိုင်ပါတယ်။ တခါတလေကျတော့လည်း ဇာတ်လမ်းက အရှိန်တက်နေလို့ ကြည့်ရင်းကြည့်ရင်းနဲ့ အိပ်မပျော်တော့ပါဘူး။ အခုလို TV ကြည့်တာဟာ ဟော်မုန်းကိုထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် ဦးနှောက်ကိုလည်း အိပ်စက်အနားယူဖို့အချိန်မပေးဘဲ ဇာတ်ကားအကြောင်းကို အမြဲလိုလို စဉ်းစားခိုင်းနေတတ်ပါတယ်။ (အကောင်းဆုံးကတော့ မအိပ်ခင် ၁၅ မိနစ်လောက်အလိုမှာ တီဗီပိတ်ပြီး သီချင်းအေးအေးလေးနားထောင်ပါ။)

ဖုန်း (သို့) ကွန်ပျူတာ သုံးခြင်း

လူတိုင်းလုပ်နေကျဖြစ်ပါတယ်။ စာဖတ်သူတို့လည်းလုပ်ကြမယ်လို့ထင်ပါတယ်။ ဒီလိုလုပ်တာဟာ ကျန်းမာရေးအတွက်မကောင်းပါဘူး။ ီးနှောက်ကို အလုပ်တွေအများကြီးပေးစေပြီးတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခြင်းမရှိဖြစ်တတ်ပါတယ်။

(အကောင်းဆုံးကတော့ မအိပ်ခင် ၁၅ မိနစ်လောက်အလိုမှာ သီချင်းအေးအေးလေးနားထောင်ပါ။)

သည်းထိတ်ရင်ဖို ဝတ္တုဖတ်ခြင်း (သို့) ဇာတ်လမ်းကြည့်ခြင်း

လဖက်မှာ သည်းထိတ်ရင်ဖို ဇာတ်လမ်းတွေကြည့်တာဟာ မကြာခခဆိုသလို လူကို လန့်လန့်နိုးစေပါတယ်။ ဇာတ်လမ်းထဲမှာ ဖြစ်တဲ့အတိုင်း လူကို အရှိန်တွေအမျိုးမျိုး ခံစားချက်အမျိုးမျိုးတွေပေးစွမ်းနိုင်တာကြောင့် နှလုံးခုန်နှုန်းကိုမြန်စေပြီး ဦးနှောက်ရဲ့လုပ်ဆောင်ချက်ကို မြန်စေပါတယ်။

(အကောင်းဆုံးကတော့ မအိပ်ခင် ၁၅ မိနစ်လောက်အလိုမှာ တီဗီပိတ်ပြီး သီချင်းအေးအေးလေးနားထောင်ပါ။)

အလုပ် Email စစ်ခြင်း

အိပ်ယာမဝင်ခင် Email စစ်တာမျိုးလုပ်တတ်ကြပါတယ်။ ဒါဟာ နောက်တစ်နေ့မှ ကိုယ်လုပ်ရမယ့်အလုပ်ကို အခုကတည်းက ကြိုပြီး ပူပန်တာ စိတ်ဖိစီးတာမျိုးဖြစ်စေလို့ အိပ်ပျော်ဖို့ခက်ခဲပါတယ်။ အိပ်ယာမဝင်ခင် ၁ နာရီလောက်အလိုမှာ စစ်တာအကောင်းဆုံးပါပဲ။

ရန်ဖြစ်ခြင်း

အိပ်ယာမဝင်ခင်မှာ လင်မယားအချင်းချင်း စကားများတာပဲဖြစ်ဖြစ် ချစ်သူအချင်းချင်းစကားများတာပဲဖြစ်ဖြစ် အိပ်လို့မပျော်ဖြစ်တတ်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ဦးနှောက်ကိုအလုပ်ပေးလို့ ညဖက်မှာ မကြာခဏဆိုသလို နိုးနိုးတတ်ပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခြင်းကို အဟန့်အတားဖြစ်စေပါတယ်။

အစာစားခြင်း

ည ၉ နာရီရှိနေပေမယ့် အစားထစားတာဟာ သင့်အတွက် ကျန်းမာရေးကို ထိခိုက်စေပါတယ်။ အိပ်စက်အနားယူနေပေမယ့် အစာအိမ်ကိုအလုပ်ပေးထားသလိုဖြစ်သလို ကိုယ်အလေးချိန်လည်းတက်စေပါတယ်။

ကော်ဖီသောက်ခြင်း

ကော်ဖီသောက်တာ၊ ချော့ကလက်စားတာ၊ သကြားပါတဲ့အစားအစာစားတာတွေကို အိပ်ယာမဝင်ခင်မှာမလုပ်သင့်ပါဘူး။ ကဖိန်းဓါတ်ပါတဲ့အစားအစာတွေ အရေတွေကိုလည်း မသောက်သင့်ပါဘူး။ ရင်တုန်တာ အိပ်လို့မပျော်တာဖြစ်စေပါတယ်။ ညနေ ၄ နာရီ ဆိုရင် ကဖိန်းဓါတ်ပါတာ မစား မသောက်ပါနဲ့တော့။

ရေများများသောက်ခြင်း

ရေသောက်တာဟာကောင်းပါတယ်။ ဒါပေမယ့် အိပ်ယာမဝင်ခင် ရေအများအပြားမသောက်သင့်ပါဘူး။ အိပ်နေရင်းနဲ့ အပေါ့သွားချင်လို့ နိုးတတ်ပါတယ်။ ဒါဟာ ကိုယ့်ရဲ့ နှစ်နှဏ်ခြိုက်ခြိုက်အိပ်ပျော်ချိန်ကို အဟန့်အတားဖြစ်စေပါတယ်။

နောက်ထပ် ရှောင်ရမယ့်အရာတွေကတော့

အရက်အလွန်အကျွံသောက်ခြင်းနဲ့ ဆေးလိပ်သောက်ခြင်းတွေပဲဖြစ်ပါတယ်။ အရက်နဲ့ ဆေးလိပ်ကိုသောက်တာဟာ တခါတလေမှာ အိပ်စက်အနားယူခြင်းကို ကူညီပေးတယ်လို့ ထင်ကောင်းထင်ရပါတယ်။ ဒါပေမယ့်လည်း ညဖက်အိပ်စက်တဲ့အခါ အနှောင့်အယှက်ပေးလေ့ရှိပါတယ်။ ညသန်းခေါင်အချိန်မှ တရေးနိုးတာ ဦးနှောက်ကို အလုပ်ပေးနေတာမျိုး ဖြစ်ပါတယ်။ ပြီးတော့ အိပ်ယာမဝင်ခင်မှာ တမှေးအိပ်တာ၊ မှေးခနဲ့ မိနစ် ၂၀ လောက်အိပ်သွားတာမျိုးကို ရှောင်ကျဉ်သင့်ပါတယ်။ ခဏမှေးအိပ်တာဖြစ်လို့ ဦးနှောက်ကနိုးရမယ်ဆိုတဲ့ Alarm ရှိပြီးသားဖြစ်ပါတယ်။ ဒါ့အပြင် အခုလိုနည်းနည်းအိပ်ထားတော့ ညဖက်မှာ ခဏခဏနိုးတတ်ပါတယ်။