အားလုံးပဲ မင်္ဂလာပါ။ လူတစ်ယောက်နဲ့ တစ်ယောက် စိတ်ချင်း အကြိုက်ချင်း မတူညီနိုင်ပါဘူး။ ယောကျာ်းလေးတွေအတွက်လည်း ဒီလိုပါပဲ။ သူတို့ လိုချင်တဲ့ မိန်းကလေးပုံစံက ကွဲလွဲနိုင်ပါတယ်။ သင်က မိန်းကလေးတစ်ယောက်ဆိုရင် သင့်အနေနဲ့ကော ယောကျာ်းလေးတစ်ယောက်က သင့်ဆီက ဘာတွေလိုချင်တယ်လို့ တွေးမိလဲ။ ယောကျာ်းလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ဆီက အမှန်တကယ်လိုချင်တဲ့အရာတွေကတော့-

၁။ ဉာဏ်ပညာ


Albert Einstein လို ဉာဏ်ကောင်းလွန်းစရာမလိုပါဘူး။ မိန်းကလေးတယောက်အနေနဲ့ သူတို့ နဲ့ သက်ဆိုင်ရာ နယ်ပယ်မှာ ထူးချွန်တာမျိုးကို ယောကျာ်းလေးတွေက သဘောကျ ကျကြပါတယ်။ ကိုယ်လုပ်ချင်တဲ့အလုပ်တစ်ခုကို အောင်မြင်ဖို့ ဉာဏ်ပညာရှိရှိ ကြိုးစားသူမိန်းကလေးတွေကို ယောကျာ်းလေးတိုင်း စိတ်ဝင်စားကြပါတယ်။

၂။ နားလည်နိုင်စွမ်း

ယောကျာ်းလေးတွေက သူတို့ရဲ့ အတွေးအခေါ်၊ ခံယူချက်တွေ၊ ခံစားချက်တွေကို တလေးတစားနဲ့ နားထောင်ပေးတဲ့ မိန်းကလေးတွေကို သဘောကျကြပါတယ်။ သူလုပ်တဲ့အလုပ်အပေါ် နားလည်ပေးနိုင်တဲ့ မိန်းကလေးတွေကို နှစ်သက်ကြပါတယ်။


၃။ ဆွဲဆောင်နိုင်စွမ်း

မိန်းကလေးတယောက်က သူချစ်ရသူနဲ့ နီးစပ်ဖို့ အဝတ်အစားအရ အမူအရာအရ မာယာများပြီး ဆွဲဆောင်နေတယ်ဆိုရင် ယောကျာ်းလေးအတွက် Definitely No No ပါပဲ။ ကိုယ့်ကိုကိုယ် လေးစားပြီး ယုံကြည်မှုရှိသူ၊ ကိုယ့်ဖြစ်တည်မှုအတိုင်း လက်ခံတဲ့ မိန်းကလေးတွေကိုပဲ ယောကျာ်းလေးတွေက ဆွဲဆောင်မှုရှိတယ်လို့ ယူဆကြပါတယ်။

၄။ အထင်ကြီးဖို့


ယောကျာ်းလေးတစ်ယောက်အထင်ကြီးတာလိုချင်ရင် သူတို့ သဘောကျတာကို သင်ကိုယ်တိုင် ကျွမ်းကျွမ်းကျင်ကျင်သိနေတာမျိုးက အမိုက်ဆုံးပါပဲ။ ဒါပေမဲ့ နားမလည်ဘဲနဲ့ နားလည်ချင်ယောင်ဆောင်တာမျိုးတော့မလုပ်သင့်ပါဘူး။ ကိုယ်မသိရင် သူ့ကို အမှန်အတိုင်း ဝန်ခံပြီး မေးမြန်းတာက ကိစ္စမရှိပါဘူး။

၅။ အတူတူမျှဝေတာ

ယောကျာ်းလေးတွေက စားသောက်ဆိုင်တစ်ခုမှာ အတူတူစားတဲ့အချိန် သူတို့ရှင်းရမယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ သင်ကလည်း ထပ်ဝက်တက်နိုင်တာကို ပြုလုပ်ပေးသင့်ပါတယ်။ အတူတူ မျှဝေပြီး ရင်ဆိုင်တာကို ယောကျာ်းလေးတွေက သဘောကျကြပါတယ်။


၆။ ဂရုစိုက်ပေးတဲ့မိန်းကလေး

ယောကျား်လေးတွေက သူတို့ ဂရုစိုက်သလို သူတို့ကို ပြန်ဂရုစိုက်မယ့် မိန်းကလေးကို လိုချင်ကြပါတယ်။ သူများအတင်းအဖျင်း ပြောတတ်တဲ့ မိန်းကလေးတွေကို ယောကျာ်းလေးတွေက မကြိုက်ကြပါဘူး။

၇။ တစ်ကိုယ်ရေသန့်ရှင်းမှု


ယောကျာ်းလေးတွေ လိုချင်တဲ့အချက်ထဲမှာ သန့်ရှင်းမှု၊ ကိုယ့်ကိုကိုယ်ဂရုစိုက်မှုလည်း ပါဝင်ပါတယ်။ ဒီတော့ သန့်သန့်ပြန့်ပြန့် နေပါနော်။

Photo Source: Pinterest

By MyStyle Myanmar