မိန်းကလေးတိုင်းကတော့ လှပပြီးအပြစ်အနာဆာမရှိတဲ့ အသားအရေမျိုးကို ပိုင်ဆိုင်ချင်ကြတာတော့ အမှန်ပါပဲ… တစ်ယောက်နဲ့တစ်ယောက် မျက်နှာအသားအရေချင်းမတူညီတော့ တစ်ယောက်နဲ့အဆင်ပြေပေမယ့် နောက်တစ်ယောက်နဲ့ကအဆင်ပြေချင်မှလည်း ပြေမှာဆိုတော့ Skin Care တိုင်းကိုလည်း လိုက်ပြီးသုံးကြည့်လို့မရပါဘူး…။

ဒါပေမယ့် လူတိုင်းသိထားပြီးသားဖြစ်တဲ့ Rose Water ကတော့ နှင်းဆီပွင့်ဖက်တွေကနေတစ်ဆင့် ပြုလုပ်ထားတာဖြစ်တဲ့အတွက်ကြောင့် မျက်နှာအသားအရေတိုင်းနဲ့ သင့်တော်ပြီး အကျိုးသက်ရောက်မှုကလည်း ထိရောက်မြန်ဆန်မှုရှိပါတယ်နော်…။

မိတ်ကပ်ဖျက်ဆေးအဖြစ်အသုံးပြုလို့ရမယ်

မိတ်ကပ်ဖျက်ဆေးကို ဘယ်အမျိုးအစားဝယ်ရမလဲဆိုတာကို စဉ်းစားရခက်မနေတော့ပဲ Rose Water လေးကိုပဲပြောင်းပြီး သုံးကြည့်လိုက်ပါ… သင့်မျက်နှာမှာလိမ်းထားတဲ့ မိတ်ကပ်တွေကို ပြောင်စင်သွားစေဖို့ အထောက်အကူဖြစ်စေပြီး Waterproof ဖြစ်စေတဲ့ Eye MakeUp တွေကိုလည်း အလွယ်တကူပဲဖျက်လို့ရစေတော့ မိန်းကလေးတိုင်းနဲ့သင့်တော်မယ်လို့ထင်ပါတယ်…။

တိုနာအဖြစ်လည်းအသုံးပြုနိုင်တယ်

ပုံမှန်လိမ်းနေကြတိုနာနေရာမှာ Rose Water ကိုအစားထိုးပြီး အသုံးပြုလိုက်မယ်ဆိုရင် မျက်နှာပေါ်မှာကျန်နေခဲ့တတ်တဲ့ ဘက်တီးရီးယားတွေကိုလည်း ကင်းစင်သွားစေပြီး ဝက်ခြံဖြစ်တာတွေကိုလည်း လျော့နည်းသွားစေပြီး ကြည်လင်လှပတဲ့အသားအရေကို ရရှိပိုင်ဆိုင်စေမှာပဲဖြစ်ပါတယ်…။

မိတ်ကပ်သားကိုကောင်းမွန်အောင်လည်း လုပ်ဆောင်နိုင်ပါတယ်

ရုံးသူ၊ ကျောင်းသူမမတွေအနေနဲ့ တစ်နေကုန်အပြင်ရောက်နေတဲ့အခါ မနက်ထဲကလိမ်းထားတဲ့မိတ်ကပ်က အဆီပြန်လာတာ၊ မိတ်ကပ်ကွက်လာတာတွေ ကြုံတွေ့ရတဲ့အခါမှာ ဒီ Rose Water လေးဖြန်းပေးလိုက်မယ်ဆိုရင် မျက်နှာအသားအရေကို ပြောင်ပြောင်တင်းတင်းလေးဖြစ်စေပြီး အဆီပြန်တာတွေကိုလည်း ဖုံးအုပ်လိုက်နိုင်မှာပဲဖြစ်ပါတယ်…။

မျက်ကွင်းညိုတာတွေကို သက်သာစေပါတယ်

အိပ်ရေးပျက်တာတွေများလာတဲ့အခါ မျက်ကွင်းတွေညိုလာခဲ့ရင် Rose Water ကို Cotton Pad လေးမှာတို့ပေးပြီး မျက်လုံးပေါ်မှာ ၅ မိနစ်လောက်တင်ထားပေးလိုက်ပါ… ထူးခြားလျှင်မြန်စွာပါ မျက်ကွင်းညိုတာတွေကို သိသိသာသာလျော့နည်းလာတာကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်နော်…။

ကဲ ပျိုမေတို့ရေ ဒီအချက်လေးတွေကို ဖတ်ပြီးသွားပြီဆိုရင်တော့ အိမ်မှာတင်အလွယ်တကူပြုလုပ်လို့ရတဲ့ Rose Water နဲ့ပဲ သင့်မျက်နှာအသားအရေကို အကောင်းဆုံးဖြစ်အောင် ဖန်တီးပြုလုပ်လို့ရသွားပြီပေါ့…။

Photo Source : Pexels