ကျန်းမာရေးနဲ့ညီညွတ်တဲ့ သစ်သီးဖျော်ရည်တွေက ကျန်းမာရေးနဲ့လည်း ညီညွတ်စေနိုင်သလို ခန္ဓာကိုယ်မှာရှိတဲ့ အဆီပိုတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ သစ်သီးတိုင်းက သူ့ကောင်းကျိုးနဲ့သူပြည့်စုံပြီးသားပါနော်။ သစ်သီးဝလံတွေကို ဒီအတိုင်းစားရတာလည်း ပျင်းလာပြီဆိုရင် ကိုယ်အတွင်းအဆီတွေလည်း ကျစေပြီးတစ်ခြားရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့ သစ်သီးဖျော်ရည်တွေကို ပြောပြပေးချင်ပါတယ်။

သလဲသီးဖျော်ရည်

သလဲသီးက သွေးတွင်းသကြားဓာတ်ကိုအဓိကအားကောင်းစေတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ သွေးပေါင်ချိန်လည်းထိန်းနိုင်တဲ့အတွက် သွေးတိုးရှိတဲ့သူတွေအတွက်ဆိုရင်တော့ တစ်နေ့ကိုတစ်ခွက်ပုံမှန်သောက်ပေးသင့်ပါတယ်။ ဗီတာမင်စီ ပါဝင်ခြင်းကြောင့် အသားအရေအတွက်လည်း ကောင်းစေပါတယ်။ ကိုလက်စထရော ကလည်း 0% ဆိုတော့ ကျန်းမာရေးအတွက်လည်းမှီဝဲသင့်တဲ့ အသီးဖျော်ရည်တစ်မျိုးဖြစ်ပါတယ်။

ဖရဲသီးဖျော်ရည်

ကိုယ်အလေးချိန်ကို လျော့ချပေးနိုင်တဲ့အသီးတစ်မျိုးလည်းဖြစ်သလို ရေဓာတ်ကိုလည်း ဖြည့်ပေးနိုင်တဲ့အသီးတစ်မျိုးဖြစ်ပါတယ်။နှလုံးကျန်းမာရေးအတွက်လည်း ကောင်းမွန်တဲ့အသီးတစ်မျိုးဖြစ်ပါတယ်။ လုပ်ရတာလည်း လွယ်ကူပြီး Blender ကိုအသုံးပြုပြီးလည်း ဖျော်လို့ရပါတယ်။ ကယ်လိုရီပါဝင်မှုကလည်း မရှိသလောက်ပဲဆိုတော့ အဆီတက်ဖို့လုံးဝစိတ်ပူစရာမလိုပါဘူးနော်။

ပန်းသီးဖျော်ရည်


ပန်းသီးက ဗီတာမင်အေပါဝင်တဲ့အတွက် မျက်လုံးအတွက်လည်း အထူးကောင်းမွန်သလို အဆီကျဖို့လည်း သောက်ပေးသင့်တဲ့ အသီးဖျော်ရည်တစ်မျိုးဖြစ်ပါတယ်။ အူလမ်းကြောင်းကိုလည်း ရှင်းပေးနိုင်တဲ့အတွက် နေ့လည်နေခင်း မှာသောက်ပေးသင့်သင့်ပါတယ်။
Photo Source – Free.pik