လက်သည်းနီတွေက ဖန်တီးနိုင်စွမ်း ကောင်းရင် ကောင်းသလို ပုံစံလှလှလေးတွေ ထွက်တတ်ပါတယ်။ ပြင်ဆင်ရ လွယ်ကူသလို ဖျက်ရလည်း လွယ်တဲ့ လက်သည်းနီတွေက ပျိုမေတို့ကြား အဆိုးများပါတယ်။ လက်သည်းနီဆိုးနေကျ ပျိုမေတို့အနေနဲ့ သတိထားမိမယ့် အရာတစ်ခုက အရောင်တစ်မျိုးကို သဘောကျပြီဆိုရင် ဒီအရောင်ကိုပဲ ထပ်ခါ ထပ်ခါ ဆိုးမိဖူးမှာပါ။

ဒီအရောင်က သင်အရင်တည်းက သဘောကျခဲ့တဲ့ အရောင် ဖြစ်နိုင်သလို ဆိုးကြည့်မှ သဘောကျသွားတဲ့ အရောင်တွေလည်း ရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ သင်သဘောကျတဲ့ လက်သည်းနီအရောင်ကနေ သင့်အကြောင်းကို သိနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။

လက်သည်းအကြည် ဒါမှမဟုတ် အရောင်ဖျော့

ဒီအရောင်ကို ခဏခဏ ဆိုးတတ်တဲ့ သင်က ထိန်းသိမ်းရလွယ်ကူတဲ့ လက်သည်းနီအရောင်လိုပဲ ချေးမများတတ်သူ တစ်ယောက်ဖြစ်ပါတယ်။ သင်က အေးအေးဆေးဆေး သမားဖြစ်ပြီး ဖက်ရှင် Trend နောက် မလိုက်တတ်သူ ဖြစ်ပါတယ်။

အနီရောင်

သင်က လက်သည်းနီ အနီရောင်ကို ခဏခဏ ဆိုးတတ်သူဆိုရင် ဆွဲဆောင်မှု ရှိပြီး စွန့်စားရတာ နှစ်သက်သူ ဖြစ်ပါတယ်။ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရဲသူပါ။

အနက်ရောင်

လက်သည်းနီတွေထဲကမှ အနက်ရောင်ကို ရွေးဆိုးတတ်သူ တစ်ဦးဆိုရင် သင်က စိတ်ထိခိုက်လွယ်သူ တစ်ဦးဖြစ်ပါတယ်။ ဒါ့အပြင် တီထွင်နိုင်စွမ်း မြင့်မားပြီး ဂီတ၊ အနုပညာကို ရူးသွပ်သူ ဖြစ်ပါတယ်။

ပန်းရောင်

သင်က မိန်းကလေးဆန်ပြီး ဆွဲဆောင်မှု ရှိတဲ့ ပန်းရောင် လက်သည်းနီအရောင်ကို နှစ်သက်သူပါ။ ဟာသဉာဏ်လည်း ကြွယ်သူဖြစ်ပါတယ်။

အဖြူရောင်

အဖြူရောင် လက်သည်းနီသဘောကျတဲ့ သင်က ချက်ကျလက်ကျ တွေးတတ်သူ ဖြစ်ပြီး အရာရာကို အစီအစဉ်တကျ လုပ်ကိုင်တတ်သူပါ။ ဘဝကို လက်တွေ့ဆန်ဆန် နေထိုင်တတ်သူ ဖြစ်ပါတယ်။

ခ၇မ်းရောင်

တော်ဝင်နန်းဆန်တဲ့ ခရမ်းရောင်နှစ်သက်သူ မိန်းကလေးရေ… သင်က ဘုရင်မတစ်ဦးလို ယုံကြည်မှု ရှိသူ ဖြစ်ပြီး စိန်ခေါ်မှုတွေကို မကြောက်ရွံ့သူ ဖြစ်ပါတယ်။

မီးခိုးရောင်

မီးခိုးရောင် လက်သည်းနီကို နှစ်သက်သူ ပျိုမေတို့က များသောအားဖြင့် စူးစမ်းတတ်သူတွေဖြစ်ပြီး ဘယ် Trend မဆို လိုက်လုပ်ဖို့ လက်မတွန့်သူပါ။

အပြာရောင်

အပြာရောင် လက်သည်းနီ နှစ်သက်သူ မိန်းကလေးတွေက ဘယ်နေရာရောက်ရောက် တည်တည်ငြိမ်ငြိမ် သဟဇာတ ကျကျ နေတတ်သူတွေ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေကိုလည်း ကောင်းကောင်း စီမံနိုင်သူ ဖြစ်ပါတယ်။

အစိမ်းရောင်

သင်က သဘာဝကို နှစ်သက်သူ မိန်းကလေးဖြစ်ပြီး အိုင်ဒီယာ အသစ်တွေနဲ့ အမြဲ ဖန်တီးနေတတ်သူ ဖြစ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar