ပျိုမေတိုင်းမှာ ကိုယ်သဘောကျတဲ့ အဝတ်အစားပုံစံနဲ့ စတိုင်ကိုယ်စီ ရှိကြပါတယ်။ သင်ဝတ်တဲ့ အဝတ်အစားစတိုင် အလိုက် သင်က ဘယ်လိုလူမျိုးလဲ ဖော်ပြနေတတ်ပါတယ်။ သင်က သင့်အကြောင်း သိချင်လို့ပဲ ဖြစ်ဖြစ် ဒါမှမဟုတ် တခြားလူတစ်ယောက်ရဲ့ ဖက်ရှင်ကို ကြည့်ပြီး ဒီလူ အကြောင်း ခန့်မှန်းချင်လို့ပဲ ဖြစ်ဖြစ် ဒီအကြောင်းအရာကို ဖတ်ထားသင့်ပါတယ်။ ဒီတော့ ကြည့်လ်ိုက်ရအောင်နော်-

၁။ Preppy Style

Preppy Style ဆိုတာကတော့ ခါးမြင့်စကပ်တွေနဲ့ ရှပ်အင်္ကျီအထဲထည့်ဝတ်တာ၊ Cropped Blazer စတဲ့ စတိုင်တွေ ဖြစ်ပါတယ်။ သင်က ဒီလိုစတိုင်ကို နှစ်သက်တယ်ဆိုရင် အမြဲ လှအောင် နေပြီး သပ်သပ်ရပ်ရပ် နေသူတစ်ဦး ဖြစ်ပါတယ်။ သင်က လှပတဲ့ အဝတ်အစားစတိုင်ရဖို့ ကြိုးစားတတ်ပါတယ်။

၂။ Edgy Style

ထင်ပေါ်နေတဲ့ အဝတ်အစားတွေဖြစ်တဲ့ Leather Jacket, ဂျင်းပြဲနဲ့ ဘွတ်ဖိနပ်တွေကို သင်က အထာကျကျ ဝတ်ချင်လေ့ရှိပါတယ်။ သင်က ဒီစတိုင် ကြိုက်တယ်ဆိုရင်တော့ ထူးခြားတဲ့ စတိုင်ကို စွန့်စားရဲစွာ ဝတ်ဆင်ရဲသူ ဖြစ်ပါတယ်။

၃။ Classic

Classic Style Girls တွေကတော့ အနက်ရောင် ဒေါက်မြင့်၊ အနက်ရောင် အိတ်နဲ့ အရောင်တစ်ရောင်တည်းတွေ ဝတ်ရတာ ကြိုက်ပါတယ်။ သင်က ဒီလို စတိုင်ဆိုရင်တော့ လှပတဲ့ အဝတ်အစား တစ်ထည်တည်းကို ထပ်ခါထပ်ခါ ဝတ်တာ သဘောကျသူ ဖြစ်ပါတယ်။

၄။ Fashionable

သင်က ဖက်ရှင် အကြောင်းနားလည်ပြီး ဖက်ရှင် Magazine တွေ ပုံမှန်လေ့လာသူ ဖြစ်ပါတယ်။ သင်က ဖက်ရှင်အမြင် ရှိတယ်ဆိုရင်တော့ လက်ရှိ အခြေအနေ စတိုင်မှာ သင့်တော်အောင် ဝတ်တတ်သူ ဖြစ်ပြီး သင့်အဝတ်ဗီဒိုထဲ နောက်ဆုံးပေါ် အဝတ်အစားတွေလည်း ရှိတတ်ပါတယ်။

၅။ Girly

အရောင်နုနုလေးနဲ့ Cardigan တွေ၊ Knit Jumper တွေ၊ Pleated Skirt နဲ့ ဂါဝန်လေးတွေကို သင်က သဘောကျသူဆိုရင်တော့ အမြင်လှတဲ့ အရာတွေကို နှစ်သက်သူ ဖြစ်ပါတယ်။

၆။ Bold

သင်က အရောင်တောက်တောက်နဲ့ ထင်ရှားတဲ့ စတိုင်တွေကို နှစ်သက်သူဆိုရင်တော့ စွန့်စားရဲသူ ဖြစ်ပြီး လူကြားထဲ ထင်းထွက်နေဖို့ ဘာမဆို လုပ်ရဲသူ ဖြစ်ပါတယ်။

၇။ Carefree

သင်က ပေါ့ပေါ့ပါးပါးတွေကို ဝတ်ရတာ ကြိုက်ရင်တော့ ဘာဝတ်ဝတ် သက်တောင့်သက်သာ ဖြစ်သူ ဖြစ်ပါတယ်။

၈။ Modern

Modern Style သမားတွေကတော့ ဂျင်းအတိုနဲ့ Cut Out အမျိုးမျိုးရှိတဲ့ ဂါဝန်တွေကို နှစ်သက်ပါတယ်။ ဒါဆိုရင်တော့ သင်က လက်ရှိ ပေါ်နေတဲ့ စတိုင်တွေကို နှစ်သက်သူ ဖြစ်ပါတယ်။

၉။ Moody

သင်က စိတ်အပြောင်းအလဲ များသူ ဖြစ်ပြီး အနက်နဲ့ မှောင်တဲ့ အရောင်တွေကို ပိုပိုင်ဆိုင်ထားလေ့ရှိပါတယ်။ သင်က အနက်နှစ်သက်သူ တစ်ဦးဖြစ်ပါတယ်။

၁၀။ Sophisticated

Sophisticated စတိုင် ဝတ်သူကတော့ Suit ဝတ်စုံတွေ၊ Blazer တွေနဲ့ စကပ်တွေကို သဘောကျပါတယ်။ သင်က အခြေအနေအလိုက် လိုက်ဖက်အောင် ဝတ်ဆင်တတ်သူ ဖြစ်ပါတယ်။

Source: Allwomenstalk

By MyStyle Myanmar