ကိုယ့်ရဲ့ မေးစေ့ကို အနီးကပ်ကြည့်ဖူးပါသလား။ မကြည့်ဖူးရင် အခုပဲ မှန်လေးထောင်ပြီး ကြည့်လိုက်တော့နော်။ မေးရိုး ကနေတစ်ဆင့် သင့်ရဲ့ စိတ်နေစိတ်ထားတစ်ချို့ကို ဖော်ပြနေပါတယ်။ အားလုံးမှန်တယ်လို့တော့မဆိုနိုင်ပေမယ့် တိုက်ဆိုင်မှုတွေရှိကြတာကိုတော့ ကမ္ဘာတစ်ဝှမ်းက လက်ခံကြပါတယ်။ ဒါဆို အချက်လေး နည်းနည်းလောက်တိုက်ဆိုင်ရင် မှတ်ချက်လေးတွေ ပေးခဲ့ကြပါဦးနော်။

၁။ လေးထောင့်ဆန်တဲ့ မေးရိုး

လေးထောင့်ဆန်ဆန် မေးရိုး  ပိုင်ရှင်တွေဟာ စွဲဆောင်မှုရှိကြတယ်။ ဒါပေမယ့် သတိတော့ထားပါနော်။ သူတို့တွေဟာ ခေါင်းသိပ်မာတာပဲတဲ့။ သူတို့ရဲ့ စိတ်ခံစားချက်ကို အလွယ်တကူ အသာတကြည် ထုတ်ဖော်မပြတတ်ပါဘူး။ သူတို့ကို ကြမ်းတမ်းတယ် နည်းနည်းရိုင်းတယ်လို့ ထင်ကြပေမယ့် သူတို့တွေဟာ တကယ်ပဲ စိတ်ထားမှန်တဲ့သူတွေပါ။

၂။ မေးရိုး ချွန်ချွန်လေး

မေးရိုး ချွန်ပြီး တိုတိုလေးဆိုရင် သင်ဟာ ဆတ်ဆတ်ထိမခံတဲ့သူဖြစ်ပါတယ်။ သင်က စကားကို ပွင့်ပွင့်လင်းလင်းပြောတတ်ပါတယ်။ အဲဒီလို ဘွင်းဘွင်းရှင်းရှင်းကြီးပြောတတ်ပေမယ့် သင့်ကို လူတွေက ချစ်ကြပါတယ်တဲ့။

၃။ မေးရိုး အရှေ့ဘက်ချွန်တဲ့ပုံစံ

အရှေ့ဘက်မှာ ချွန်ထွက်နေတဲ့မေးရိုး ပိုင်ရှင်တွေဟာ အမြဲတမ်း အားအင်ပြည့်ဝနေတဲ့သူတွေပါ။ ဒါ့ကြောင့် သူတို့တွေဟာ ခေါင်းဆောင်နိုင်တဲ့ အရည်အချင်းတွေရှိကြပါတယ်။ သင့်ရဲ့ လုပ်ငန်းတွေမှာလည်း ရှေ့ရောက်ပြီး အနာဂတ်ဟာလည်း လှပနေမှာပါနော်။

၄။ အတွင်းဘက်ဝင်နေတဲ့ မေးရိုး

ဒီမေးရိုး ပုံစံလေးကတော့ မှေးမရှိသလိုပါပဲ။ သူတို့လေးတွေဟာ သစ္စာရှိတယ် လူသိများကျော်ကြားတဲ့သူတွေဖြစ်တယ်။ ငွေကြေးကို စနစ်တကျသုံးစွဲနိုင်တယ်။ ဆုံးဖြတ်ချက်ချတော့မယ်ဆို အမြဲတမ်း အခက်တွေ့ရလေ့ရှိတယ်။

၅။မေးရိုး ရှည်ရှည်

သင်ဟာ ပေါင်းသင်းရလွယ်တယ်။ သစ္စာရှိတယ်။ သူငယ်ချင်းမိတ်ဆွေဖွဲ့တာသိပ်လွယ်တယ်။ ပျော်ရွှင်တဲ့မိသားစုကို ပိုင်ဆိုင်ထားတယ်။

၆။ မေးရိုး ဝိုင်းဝိုင်း

အကောင်းမြင်တတ်တယ်။ သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်တယ်။ သူငယ်ချင်းတွေအတွက်ဆိုရင်လည်း အတတ်နိုင်ဆုံး ကူညီပေးတယ်။ သူတို့က ခေါင်းဆောင်တွေတော့မဟုတ်ဘူး။ သူများကိုဦးဆောင်ရတာထက် ကိုယ့်ကိုကိုယ် အကောင်းဆုံးလုပ်ရတာကိုပဲ ပိုနှစ်သက်ကြတယ်။

စာဖတ်သူတို့ကော နံပါတ်ဘယ်လောက်လဲ။ တိုက်ဆိုင်ရဲ့လားရှင်။ မတိုက်ဆိုင်ရင်လည်း ပွင့်ပွင့်လင်းလင်းရေးခဲ့ပါဦးနော်။ ကျေးဇူးတင်ပါတယ်။