ချစ်သူရဲ့ နဖူးလေးကို ကြင်ကြင်နာနာ နမ်းဖူးတဲ့သူတွေရှိသလို အနမ်းခံရဖူးတဲ့သူတွေလည်းရှိမှာပါနော်။ အများအားဖြင့်တော့ အမျိုးသားတွေက အမျိုးသမီးတွေကို နမ်းလေ့ရှိတဲ့ အနမ်းလေးပါ။ ပါးနဲ့ နှုတ်ခမ်းကိုမဟုတ်ဘဲ နဖူးလေးကို နူးနူးညံ့ညံ့လေး သူအနမ်းချွေလိုက်တဲ့အခါ ရင်ထဲမှာ နွေးထွေးကြည်နူးရတဲ့ အခိုက်တန့်လေး ချစ်သူတိုင်းမှာရှိကြမှာပါ။

ကိုယ့်ချစ်သူ ကိုယ့်ကို ဘယ်အချိန်မှာ နဖူးကိုနမ်းတယ်လို့ သင်သတိထားမိလဲ။ ဘာလို့နမ်းတယ်လို့ထင်သလဲ။ MyStyle Myanmar ကနေ မျှဝေပေးချင်ပါတယ်။

၁။ သင်တစ်ခုခုကို မကျေမနပ်ဖြစ်နေတဲ့အခါ

သင်တစ်ခုခုကြောင့် စိတ်မကျေမနပ်ဖြစ်နေတဲ့အခါ ချစ်သူက သင့်နဖူးကိုဖွဖွလေးနမ်းလေ့ရှိပါတယ်။ သင်ငိုနေတဲ့အခါ သင်နာကျင်နေတဲ့အခါ ချစ်သူက မကြည့်ရက်လို့ အဲလိုနမ်းတာဖြစ်ပြီး အဲဒီရဲ့အဓိပ္ပာယ်ကတော့ မကောင်းတဲ့အတွေးတွေ နာကျင်မှုတွေကနေ ရုန်းထွက်လိုက်ပါတော့လို့ အဓိပ္ပာယ်ရါတယ်။

၂။ သင့်ကို ကာကွယ်ပေးချင်တဲ့အခါ။

သင့်နဖူးလေးကို သူနမ်းလိုက်တာဟာ သူသင့်ကို ကကွယ်ပေးချင်တယ်လို့ ပြောတာနဲ့အတူတူပါပဲ။ သင်စိတ်ဖိစီးနေတဲ့အခါ (သို့) အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့ရတဲ့အခါ နဖူးလေးကို သူနမ်းလေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ သူသင့်ကို ကာကွယ်ပေးချင်လို့ပါတဲ့။ သင့်ဘေးမှာ မကောင်းတဲ့ကိစ္စတွေမှန်သမျှ သူကာကွယ်ပေးသွားမယ်ဆိုတဲ့ အဓိပ္ပာယ်ဆောင်ပါတယ်။

၃။ သူဟာအရပ်ရှည်ပြီး သင့်ကိုချစ်စရာကောင်းတယ်လို့မြင်တယ်။

နဖူးကိုနမ်းတယ်ဆိုကတည်းက သေချာပြီ။ သင့်ချစ်သူက သင့်ထက်အရပ်ပိုရှည်ပြီး သင့်ကို ကလေးလေးတစ်ယောက်လိုနမ်းတာပါပဲ။

၄။ သင့်အပေါ် သူလေးစားလို့

သင့်ချစ်သူဟာ သင့်အပေါ် လေးစားမှု ကြင်နာမှုအပြည့်ရှိလို့ နဖူးလေးကို နမ်းတာပါ။ နဖူးကိုနမ်းတာလောက် ရိုမန့်တစ်ဆန်တာ ဘယ်မှာရှိဦးမှာလား။

၅။ ချစ်လို့နမ်းတာပါ။

နဖူးကိုနမ်းတာဟာ ကမ္ဘာပေါ်မှာ လူကြိုက်များတဲ့ အနမ်းတစ်ခုပါပဲ။ အဲဒီအနမ်းရဲ့ အဓိပ္ပာယ်ကတော့ သင့်ကို ဂရုစိုက်ချင်တယ်။ သင့်ကိုအရမ်းချစ်တယ်လို့ အဓိပ္ပာယ်ဆောင်ပါတယ်။ ချစ်လားလို့ မေးလိုက်တဲ့အခါ ဖြေစရာမလိုဘဲ သူနဖူးလေးကိုနမ်းလိုက်ရင် အလိုလိုသဘောပေါက်ထားရမှာကတော့ သူသင့်ကို အရမ်းချစ်တယ်ဆိုတာပါပဲ။