ကိုယ်ကျင့်တရားကောင်းတယ် မကောင်းဘူးဆိုတာ အပြင်ပန်းကြည့်ရုံနဲ့ ဆုံးဖြတ်ဖို့ ခက်ခဲပါတယ်။ ဒါ့ကြောင့် ဒီနေ့ဆောင်းပါးလေးကနေပြီး ကိုယ်ကျင့်တရားမကောင်းတဲ့သူတွေမှာ တွေ့ရလေ့ရှိတဲ့ အချက်လေးတွေကို ဖော်ပြပေးသွားမှာပါ။

တပါးသူ ယုံကြည်အောင် လိမ်လည်ပြောဆိုတတ်သူများ

သူတို့တွေဟာ တခြားလူတွေက သူတို့အပေါ် ယုံကြည်လာအောင် အမျိုးမျိုး လိမ်လည်ပြောဆိုတက်ကြပါတယ်။ ဒီလိုလူမျိုးတွေက ကိုယ်ကျင့်တရားကို ဂရုမစိုက်တဲ့ သူတွေဖြစ်ကြတယ်။

ကတိမတည်သူများ

သူတို့တွေဟာ ပေးထားတဲ့ ကတိစကားတွေကို မကြာခဏ ချိုးဖျက်လေ့ရှိသူတွေပါ။ ဒီလိုလူတွေက ကိုယ်ကျင့်တရားကို အလေးမထားဘဲ ပြောဆိုနေထိုင်တက်သူတွေဖြစ်ကြတယ်။

ပတ်ဝန်းကျင်ကို လေးစားမှုမရှိသူများ

ကားစီး/ဆိုင်ကယ်စီးနေရင်း ကားပြတင်းမှန်မှတဆင့် အမှိုက်များပစ်ချတာမျိုး၊ တိရစ္ဆာန်လေးတွေကို အကိုင်အတွယ်ကြမ်းခြင်း၊ နှိပ်စက်တတ်တာတို့ပဲ ဖြစ်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး လက်လွတ်စပယ် ဂရုတစိုက်မရှိတာဟာလည်း ညံ့ဖျင်းတဲ့ အကျင့်စရိုက်ကို ပြသခြင်းဖြစ်ပါတယ်။

အကာအကွယ်လုပ်လွန်းသည့်သူများ

ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးကို အပြုအမူလုပ်ဆောင်ချက်တွေက မဟုတ်ဘဲ စကားတွေကနေတဆင့် သင့်ကို ယုံကြည်လာအောင် ပြောဆိုနေတဲ့သူများဟာ တကယ်မလုပ်ဆောင်နိုင်ဘဲ ဘယ်အရာတွေမှာ ထူးချွန်နေကြောင်းကို အကာအကွယ်လုပ် ပြောဆိုနေခြင်းသာ ဖြစ်ပါတယ်။

အတ္တကြီးသူ

ငါလုပ်တာအမှန် ငါပြောတာ အဟုတ် ဆိုတဲ့လူတွေအများစုကိုလည်း ကိုယ်ကျင့်တရား ခေါင်းပါးတဲ့သူတွေလို့ သက်မှတ်လို့ရပါတယ်။ သူတို့တွေဟာ တခြားသူတွေရဲ့ လုပ်ဆောင်ချက်၊ ပြောစကားတွေကို နားထောင်လေ့မရှိတဲ့အပြင် တခြားလူတွေရဲ့ ခံစားချက်ကိုလည်း ဂရုမစိုက်သူတွေ ဖြစ်ကြတယ်။