အိုမင်းရင့်ရော်ခြင်းဆိုတာ လူတိုင်းကြုံတွေ့ရမယ့် သဘာဝတရားကြီးပါ။ နေထိုင်မှုစာသောက်မှုပုံစံတွေကြောင့်လည်း အရွယ်မတိုင်ခင် အိုမင်းသွားတတ်ကြပါတယ်။ ဒီနေ့တော့ အိုမင်းခြင်းကို နှောင့်နှေးစေပြီး အရွယ်တင်နုပျိုစေမယ့် အရာတွေကိုဖော်ပြပေးလိုက်ပါတယ်။

(၁) ငါးကြီးဆီ

ငါးကြီးဆီမှာ Omega 3 နဲ့ Fatty acid တွေ မြင့်မားစွာပါဝင်နေပါတယ်။ ဒါကြောင့် နှလုံးကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။ ဒါ့အပြင် အဆစ်ရောင်ခြင်းနဲ့ နာတာရှည်အရေပြားရောဂါတွေကိုလည်း ကုသပေးနိုင်ပါတယ်။ ငါးကြီးဆီဟာ အသက်ကြီးလာပြီး အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပြီး ဦးနှောက်ကျန်းမာရေးကိုလည်း အထောက်အကူပေးနိုင်ပါတယ်။

(၂) ဗီတာမင်ဘီအုပ်စု

ဗီတာမင်ဘီကို များသောအားဖြင့် အရေပြားကျန်းမာရေးအတွက် အသုံးပြုကြပါတယ်။ ဗီတာမင်ဘီဟာ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးတဲ့အပြင် ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ချို့ကို ကောင်းမွန်စွာ လှည်ပတ်နိုင်အောင် ကူညီထောက်ပံ့ပေးပါတယ်။ပြီးတော့ ဗီတာမင်ဘီဟာ ရေဓာတ်ကို ထိန်းသိမ်းပေးပြီး ပျက်စီးသွားတဲ့အသားအရည်တွေကိုလည်း ကုသပေးပါတယ်။

(၃) ငှက်သိုက်

သဘာဝငှက်သိုက်တွေမှာ ဓာတ်ပြုစွမ်းအားရှိတဲ့အဆီတွေ မြင့်မားစွာပါဝင်တာကြောင့် ဆဲလ်တွေကို ကာကွယ်ပေးပါတယ်။ ပြီးတော့ သတ္တုဓာတ်နဲ့ တခြား phytochemical တွေဟာ အရွယ်တင်နုပျိုစေပါတယ်။

နေ့စဉ်အားကစားတခုခု လုပ်ပေးပါ။ လမ်းလျှောက်တာဖြစ်ဖြစ် စက်ဘီးစီးတာဖြစ်ဖြစ် အနည်းဆုံး မိနစ် ၂၀-၃၀ အထိ အားကစားလုပ်ပေးပါ။ လုံလောက်စွာ အိပ်စက်အနားယူပါ။ ညဖက်အိပ်ရေးပျက်များတာက ကျန်းမာရေးကို ထိခိုက်စေတဲ့အပြင် လျင်မြန်စွာ အိုမင်းစေပါတယ်။ ဒါကြောင့် အသားအရေကျန်းမာရေးကို ဂရုစိုက်တယ်ဆိုရင်တော့ လုံလောက်တဲ့ အိပ်ချိန်ရှိပါစေ။