ဈေးကွက်ထဲမှာ Bra တွေက ထူးခြားတဲ့ပုံစံတွေ ၊ ဒီဇိုင်းကွဲတွေက ပုံစံအမျိုးမျိုးနဲ့မလို စိတ်ကြိုက်ရွေးချယ်စရာတွေ အများကြီးရှိလာပါပြီ။ ဒါပေမယ့် Bra ကို ရွေးတဲ့အခါ ကိုယ်နဲ့ကိုက်ညီတဲ့ Bra ထက် အလှအပကို ဦးစားပေးမိရင် သင့်နောက်ကျောကို ထိခိုက်နိုင်တယ်ဆိုတာ ကြားဖူးကြမှာပါ။

ကြီးတဲ့ရင်သားနဲ့ ခွက်အရွယ်အစားရှိတာက လည်ပင်းကို တင်းမာစေပြီး ကျောနဲ့ ပခုံးတွေကို နာကျင်စေနိုင်ပါတယ်။ ဒါကြောင့် သက်တောင့်သက်သာရှိပြီး အံဝင်ခွင်ကျဖြစ်တဲ့ Bra ကိုဝတ်မှသာ နာကျင်မှုကိုသက်သာဖို့ ကူညီပေးနိုင်မှာပါ။

ကိုယ်ဟန်အနေအထားမှန်ဖို့နဲ့ ကျောရိုးပြဿနာတွေကို လျှော့ချဖို့ကလည်း ကိုယ့်ရင်သားနဲ့ကိုက်ညီတဲ့ Bra ကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။

တချို့မိန်းကလေးတွေဟာ လေ့ကျင့်ခန်းလုပ်တဲ့အချိန်တွေမှာ ရင်သားတစ်သျှူးတွေ လှုပ်ရှားမှုကြောင့်ရင်သားနာတာကို ခံစားရတတ်ပါတယ်။ ဒါကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းက နာကျင်မှုမှန်သမျှကို လျှော့ချနိုင်ဖို့ လေ့ကျင့်ခန်းလုပ်ချိန်ဝတ်ဖို့ သီးသန့်ထုတ်ထားတဲ့ ကိုယ်နဲ့ကိုက်ညီတဲ့ Sport Bra ကို ရွေးချယ်တာပါ။

ကိုယ်နဲ့ကိုက်ညီတဲ့ Bra သို့မဟုတ် အတွင်းခံ ၀တ်စုံကို ၀တ်ဆင်ထားရင်ကိုဘဲ လှတယ်လို့ခံစားရတာမလို့ အရေးကြီးတဲ့နေ့တွေအတွက် ယုံကြည်မှုပိုရှိစေပါတယ်။

ကိုယ်နဲ့လည်း အဆင်ပြေပြီး သက်တောင့်သက်သာရှိတဲ့ စတိုင်ကျပြီး ကြည့်ကောင်းတဲ့ Bra ကို ရွေးပြီး ခါးမြင့်တဲ့ စကတ် ဒါမှမဟုတ် ဘောင်းဘီနဲ့ တွဲဝတ်ကြည့်ပါ။ ဘယ်လောက်ကြည့်ကောင်းလဲဆိုတာ တွေ့ရမှာပါ။