ကျွန်ုပ်တို့အားလုံးမှာ ကိုယ့်ရဲ့ ထိုင်နေကျ စတိုင်တစ်မျိုးရှိပါတယ်။ ခြေချိတ်ထိုင်တာက တချို့အတွက် သက်တောင့် သက်သာဖြစ်အောင် ထိုင်တယ်ဆိုပေမယ့် ဒီလိုထိုင်တာက ကျန်းမာရေးအတွက် ရေရှည်မှာ မကောင်းနိုင်ပါဘူး။ တချို့ဆိုရင် စမတ်ကျအောင် ဆိုပြီး ခြေချိတ်ထိုင်တတ်ကြပါတယ်။ မှန်ကန်တဲ့ထိုင်နည်းကတော့ ခန္ဓာကိုယ်ကို မတ်မတ်ထိုင်တာပါ။ ခြေချိတ်ထိုင်တာ ကြာလာတဲ့အချိန် ခန္ဓာကိုယ်မှာ ဘာဖြစ်တတ်လဲ ကြည့်လိုက်ရအောင်နော်-

၁။ အာရုံကြောကို အလုပ်မလုပ်စေတော့ဘူး

သင်က ခြေချိတ် ခဏခဏ ထိုင်ဖြစ်တဲ့အခါ Nerve Palsy ဖြစ်စေနိုင်ပါတယ်။ Nerve Palsy ဖြစ်တဲ့အချိန် ခြေထောက်ကို မသယ်နိုင်တော့ပါဘူး။ ဒီလိုမသယ်နိုင်တာကြောင့် Peroneal nerve အာရုံကြောမှာ ထိခိုက်ဒဏ်ရာ ရစေနိုင်ပါတယ်။

၂။ သွေးဖိအားတိုးစေတယ်

လေ့လာချက်တစ်ခုအရ ဒူးနဲ့ Level တူတူ ခြေချိတ်ထိုင်တာက သွေးဖိအားတိုးစေတယ်လို့ ဆိုထားပါတယ်။ ခြေချင်းဝတ်မှာ သွေးမစီးဆင်းတော့တာဖြစ်စေပါတယ်။ သင်က သွေးဖိအား တိုးတတ်သူဆိုရင် ခြေချိတ်ထိုင်တာကို သတိထားသင့်ပါတယ်။

၃။ ကိုယ်နေဟန်ထား မမှန်ကန်စေဘူး

ဒီလေ့လာမှုကပဲ ပြောထားတာက တစ်နေ့မှာ ၃ နာရီထက် ပိုပြီးတော့ ခြေချိတ်ထိုင်ခြင်းဟာ ပခုံးနဲ့ တင်ပါးဆုံရိုး စောင်းစေနိုင်ပါတယ်။ ခေါင်းအနေအထားကိုလည်း ရှေ့စိုက်စေပါတယ်။ ကြောရိုးမ မညီညာမှုကို ဖြစ်စေပြီး ကိုယ်နေဟန်ထား မမှန်ကန်တာဖြစ်စေပါတယ်။ ကိုယ်နေဟန်ထား မမှန်တာကြောင့် ကြွက်သား တောင့်တာ နာကျင်တာ ဖြစ်နိုင်ပါတယ်။

၄။ အဆစ်နာစေတယ်

ခြေချိတ်ထိုင်တာက ကိုယ်နေဟန်ထား မမှန်စေတဲ့အပြင် အဆစ်တွေပါ နာကျင်စေပါတယ်။ လည်ပင်း၊ တင်ပါးဆုံရိုး၊ ခါးနောက်နဲ့ ဒူး နာကျင်မှုတွေပါ ဖြစ်စေနိုင်ပါတယ်။ သင်က ဒူးနာတတ်တယ်ဆိုရင် ခြေချိတ်ထိုင်တာကို ရှောင်သင့်ပါတယ်။

၅။ ကိုယ်ဝန်ဆောင်တဲ့အချိန် ခြေထောက် ဖောင်းနိုင်တယ်

ခြေချိတ်ထိုင်တာက ကိုယ်ဝန်ဆောင်တဲ့အချိန် ကလေးကို မထိခိုက်စေပေမယ့် ခြေသလုံး ယောင်တာနဲ့ ကြွက်တက်တာ ဖြစ်နိုင်ပါတယ်။

Source: Brightside.me

By MyStyle Myanmar