စိတ်ဖိစီးမှုတွေရှိနေတယ်ဆိုတာက မကောင်းတဲ့အရာတစ်ခုပါပဲ။ ကျန်းမာရေးကိုလည်း ထိခိုက်လာစေနိုင်သလို အလှအပကိုလည်း ထိခိုက်စေပါတယ်။ တော်တော်များများက စိတ်ဖိစီးမှုတွေများလာတဲ့အခါမှာ ကျန်းမာရေးကိုပဲ ထိခိုက်စေတယ်လို့ သိထားကြပေမယ့် အလှအပကိုလည်း ထိခိုက်နေပါတယ်။ အလှအပကို အရမ်းဂရုစိုက်တတ်တဲ့ ပျိုမေတို့အတွက် စိတ်ဖိစီးမှုတွေများလာရင် ဘာတွေဖြစ်တတ်တယ်ဆိုတာကို ဖော်ပြပေးလိုက်မယ်နော်။
အရေးအကြောင်း
Photo Source: Pexels
စိတ်ဖိစီးမှုများခြင်းက သင့်အသားအရေကို အရေးအကြောင်းတွေဖြစ်စေဖို့ အများကြီးတိုက်တွန်းသလို ဖြစ်နေပါတယ်။ စိုးရိမ်ပူပန်မှုတွေ၊ စိတ်ညစ်စရာတွေအရမ်းများနေတဲ့ သူတွေကတော့ အရွယ်မတိုင်ခင်မှာထဲက အရေးကြောင်းတွေဖြစ်နေပြီး ကြည့်ရလည်းဆိုးစေတာပေါ့။
ဝက်ခြံတွေကိုဖြစ်စေတယ်
Photo Source: ennecloset
သင်ရဲ့စာမေးပွဲနေ့တွေမှာ စိတ်ဖိစီးမှုတွေများလွန်းလို့ ဝက်ခြံတွေဖြစ်တာကိုတော့ ကြုံဖူးကြမှာပေါ့။ အကြောင်းအရင်းကတော့ စိတ်ဖိစီးမှုတွေများလွန်းနေတာက သင့်အသားအရေမှာ အဆီပြန်တာတွေကိုဖြစ်ပေါ်လာစေပြီး ဝက်ခြံတွေထွက်လာစေဖို့ ပိုပြီးအခွင့်အရေးများနေတော့တာပေါ့။
ဆံပင်တွေကျွတ်မယ်
Photo Source: netdoctor
စိတ်ဖိစီးမှုတွေများလွန်းလို့ ဆံပင်တွေကျွတ်တာရော သင်ကြုံတွေ့ဖူးပါသလား။ ဆံပင်တွေက သင့်ခန္ဓာကိုယ်အတွက် အကောင်းဆုံးဆက်စပ်နေတဲ့အရာတစ်ခုပါ။ တကယ်လို့ သင့်ခန္ဓာကိုယ်မှာလိုအပ်တဲ့ အာဟာရဓာတ်တွေ မရရှိနေတော့ဘူးဆိုရင် ဆံပင်ကျွတ်တာတွေကို ဖြစ်လာစေတော့မှာပေါ့။
မျက်ကွင်းတွေညိုလာမယ်
Photo Source: Shape Magazine
စိတ်ဖီစီးမှုတွေကြောင့်လည်း မျက်ကွင်းတွေညိုလာတတ်ပါတယ်။ စိတ်တွေညစ်နေရမယ်၊ စိုးရိမ်စရာတွေနဲ့ ကြုံတွေ့နေရတဲ့အချိန်မှာ ညဘက်တွေလည်း ကောင်းကောင်းအိပ်မပျော်တော့ပဲ မျက်ကွင်းညိုတာတွေကိုပါ ဖြစ်လာစေတော့တာပေါ့။
ဒီအချက်တွေကတော့ စိတ်ဖီစီးမှုနဲ့ပတ်သက်ပြီး ပျက်စီးလာနိုင်တဲ့အလှအပရေးရာတွေပဲဖြစ်ပါတယ်။ အလှအပကိုတန်ဖိုးထားတဲ့သူတိုင်း ဒီလိုမျိုးတွေမဖြစ်ချင်ရင်တော့ စိတ်ဖိစီးမှုတွေကို တတ်နိုင်သလောက်ပျောက်အောင်နေထိုင်ဖို့ အရေးကြီးပါတယ်။