Oatmeal ဟာ မျက်နှာပေါ်ရှိ အဆီပိုတွေကို စုပ်ယူခြင်းဖြင့် ဝက်ခြံတွေကို ကုသရာမှာ ကူညီပေးပါတယ်။ မျက်နှာပေါ်မှာ ဖုန်နဲ့ အညစ်အကြေးတွေက ချွေးပေါက်တွေကို ပိတ်ဆို့စေကာ ဝက်ခြံတွေ ဖြစ်ပေါ်လာစေတာပါ။

Oatmeal က Skin Types အားလုံးအတွက် အသုံးဝင်ပြီး Cleanser/ Moisturizer အနေနဲ့ လုပ်ဆောင်ပေးတာကြောင့် အသားအရေ ညစ်ညမ်းခြင်းကို လျော့ကျသက်သာစေမှာပဲ ဖြစ်ပါတယ်။

(၁) အသားအရေကို ကာကွယ်ပေးတယ်

Oats မှာ ပရိုတင်းဓာတ်နဲ့ အဆီဓာတ်တွေ ပါဝင်တာကြောင့် အသားအရေကို သဘာဝအတိုင်း ကာကွယ်ထိန်းသိမ်းပေးပြီး ခရမ်းလွန်ရောင် ခြည်ဒဏ်မှ ကာကွယ်ပေးပါတယ်။

ဒါ့အပြင် အဆိုပါ ဓာတ်တွေက အသားအရေ နီမြန်းယားယံခြင်းကို ဖြစ်စေတဲ့ ပြင်ပက ညစ်ညမ်းတဲ့လေထုနဲ့ အရေပြားဆိုင်ရာ ဓာတုပစ္စည်းတွေရဲ့ အန္တရာယ်မှလည်း ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။

(၂) အသားအရေကို အစိုဓာတ်ထိန်းပေးတယ်

Oatmeal က အသားအရေကို သဘာဝအတိုင်း အစိုဓာတ်ထိန်းပေးတာကြောင့် အဆီပြန်တက်တဲ့ Oily Skin သမားတွေနဲ့ ဝက်ခြံပေါက်လွယ်တဲ့ Acne-Prone Skin အသားအရေပိုင်ရှင်တွေအတွက် အထူးကောင်းမွန်ပါတယ်။

အကြောင်းကတော့ Oats မှာ အသားအရေအတွင်းပိုင်းအထိ ရေဓာတ်ဖြည့်ပေးနိုင်ပြီး အဆီပြန်ခြင်း လုံးဝမရှိပဲ အရေပြားထဲသို့ လျင်မြန်စွာ စိမ့်ဝင်နိုင်တဲ့ သဘာဝအဆီတွေ ပါဝင်တာကြောင့်ဖြစ်ပါတယ်။

ဒါ့အပြင် အရေပြားပေါ်က ပိုလျှံနေတဲ့ အဆီပိုတွေကို စုပ်ယူနိုင်ပြီး အဆီပြန်ခြင်းကို သက်သာစေကာ ဝက်ခြံထွက်ခြင်းကို ကာကွယ်ပေးပါတယ်။

အသုံးပြုနည်း အဆင့်ဆင့်

Oatmeal စားပွဲတင်ဇွန်း ၄ ဇွန်းခန့်ကို ကြေညှက်သွားတဲ့အထိ ကြိတ်ချေပေးပါ။ ကြိတ်ထားတဲ့ Oatmeal အမှုန့်ထဲကို နွားနို့အစိမ်း (Raw Milk) စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းတို့ကို ရောထည့်ပြီး သမအောင်မွှေပေးပါ။

သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း ထပ်မံထည့်ပြီး ကောင်းစွာမွှေပေးရပါမယ်။ မျက်နှာကို ဆေးကြောသန့်စင်ပြီး မွှေထားတဲ့ Oatmeal အနှစ်ကို မျက်နှာအရေပြားပေါ်မှာ အနှံ့လိမ်းကျံကာ ၁၅ မိနစ်ခန့်ထားပါ။

ပြီးရင်တော့ ရေအေးနဲ့ ဆေးကြောသန့်စင်လိုက်လို့ ရပါပြီ။ တစ်ပတ်ကို ၂ ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်

(၃) ဝက်ခြံတွေကို ပျောက်ကင်းစေတယ်

ဝက်ခြံပျောက်ကင်း သက်သာချင်သူတွေအတွက်ဆိုရင်တော့ Oatmeal ၊ ပျားရည် ၊ ဒိန်ချဉ် နဲ့ Neem Oil တို့ကို ရောစပ်ပြီး မျက်နှာအနှံ့လိမ်းကာ စက်ဝိုင်းပုံစံ မိနစ်အနည်းငယ်ကြာ ညင်သာစွာ နှိပ်နယ်ပေးခြင်းဖြင့် ပေါင်းတင်ပေးနိုင်ပါတယ်။