မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်ကြီးတို့ရေ… ဒီနေ့မှာတော့ ယောဂကျင့်ခြင်းကြောင့် ဘယ်လိုမျိုးအံ့ဖွယ်ကောင်းကျိုးတွေ ရရှိစေမလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့အပြင် ခန္ဓာကိုယ်ကျစ်လစ်လှပစေတဲ့ ယောဂလေ့ကျင့်ခန်းကို မိန်းကလေးတွေ အချိန်ပေးပြီး လုပ်ပေးသင့်တဲ့ တခြားအကြောင်းအရင်းတွေလည်း ရှိပါတယ်။ ဘယ်လိုမျိုးအကြောင်းပြချက်တွေက သင့်ကို ယောဂလေ့ကျင့်ခန်းလုပ်ဖို့ တိုက်တွန်းနေသလဲဆိုတာ ကြည့်လိုက်ရအောင်။

၁။ ယောဂကျင့်ခြင်းက အမျိုးသမီးတွေ အသက်ကြီးတဲ့အချိန်ဖြစ်တတ်တဲ့ အရိုးပွရောဂါကို ကာကွယ်ပေးပါတယ်။

၂။ ခုခံစွမ်းအားတိုးတက်စေပါတယ်။ ဒါကြောင့် ယောဂမှန်မှန်ကျင့်ပေးတာက တုပ်ကွေးမိတာတွေ၊ ဖျားနာတာတွေ ရော့ပါးစေပါတယ်။

၃။ ယောဂက စိတ်အေးအေးထားပြီး ဆော့ရတာကြောင့် သင့်စိတ်ကို တည်ငြိမ်စေပါတယ်။ ဘယ်သူနဲ့မှ ပြိုင်နေစရာမလိုတဲ့ လေ့ကျင့်ခန်းတစ်ခုပါ။

၄။ ယောဂကျင့်စဉ်က အစာအိမ်စနစ်အတွက်ကောင်းမွန်ပါတယ်။ သင်က အစာချေစနစ် ပြဿနာရှိရင် ယောဂကျင့်သင့်ပါတယ်။

၅။ ပန်းနာရင်ကျပ်ရောဂါရှိသူ ဒါမှမဟုတ် အသက်ရှူရပြဿနာရှိသူတွေအနေနဲ့ ယောဂကျင့်ပေးသင့်ပါတယ်။

၆။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေလည်း ယောဂကျင့်ပေးသင့်ပါတယ်။ ကလေးမွေးခါနီးဆိုရင် လေ့ကျင့်ခန်းမလုပ်နိုင်ပေမယ့် ယောဂလေ့ကျင့်ခန်းကိုတော့ ပြုလုပ်နိုင်ပါသေးတယ်။ ယောဂကျင့်ပေးပါက မွေးဖွားရလွယ်ကူစေပါတယ်။

၇။ နာတာရှည်နာကျင်မှုတွေကိုလည်း ယောဂလေ့ကျင့်ခန်းက သက်သာစေပါတယ်။ ကလေးအရွယ်ကနေ လူကြီးအထိ ယောဂကျင့်နိုင်ပါတယ်။

၈။ ယောဂကျင့်စဉ်မှာသွေးပူအောင်လုပ်တဲ့ လေ့ကျင့်ခန်းတွေပါဝင်တာကြောင့် နှလုံးကောင်းမွန်စေပါတယ်။

၉။ ယောဂကျင့်တဲ့အချိန် ကိုယ့်လိုပဲ စိတ်တူကိုယ်တူလာကျင့်သူတွေနဲ့ ရင်းနှီးနိုင်ပါတယ်။ အပေါင်းအသင်းမိတ်ဆွေတိုးပွားစေပါတယ်။

၁၀။ ယောဂလေ့ကျင့်ခန်းက နေရာကြီးကြီးကျယ်ကျယ်မလိုပါဘူး။ အိမ်မှာ ပန်းခြံမှာ ဒါမှမဟုတ် ခရီးသွားတဲ့အချိန်လည်း အလွယ်တကူလေ့ကျင့်နိုင်ပါတယ်။

၁၁။ ယောဂလေ့ကျင့်ခန်းက ဗိုက်အဆီကျချင်သူတွေအတွက်လည်း သင့်တော်ပါတယ်။

၁၂။ ယောဂကျင့်စဉ်က အရင်ကထက် ပိုကျန်းမာတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်စေပါတယ်။

၁၃။ ကိုယ်နေဟန်ထားမှန်ကန်စေပါတယ်။

၁၄။ ယောဂလေ့ကျင့်ခန်းက အကြောလျှော့ပေးရတာကြောင့် သင့်ခန္ဓာကိုယ်ကို ပျော့ပျောင်းစေပါတယ်။

၁၅။ ယောဂလေ့ကျင့်ခြင်းက အသက်ကြီးတဲ့အချိန် ဖြစ်တတ်တဲ့ အယ်ဇိုင်းမားရောဂါကိုလည်း သက်သာစေပါတယ်။

Source: Herbeauty.co