ချစ်ရသူနဲ့ လမ်းခွဲရတာ အပေါ်ယံကကြည့်ရင် ကြေကွဲစရာကောင်းပါတယ်။ ကိုယ်ချစ်တဲ့သူနဲ့ ဘယ်သူကတော့ လမ်းခွဲချင်ပါ့မလဲ။ ဒါပေမယ့် ကိုယ်ကပဲ အရမ်းချစ်နေရပြီး သူဖက်က ကိုယ့်အပေါ် ဘာမှနားလည်မှုမရှိတာမျိုး ကိုယ့်အတွက်မဟုတ်တဲ့သူမျိုးကိုတော့ ဘယ်သူမှ ဆက်ပြီးလက်တွဲဖို့ စဉ်းစားနေကြမယ်မထင်ပါဘူး။

အခု သူ့အပေါ် ကိုယ်အရမ်းချစ်နေတုန်းသာ အပြစ်မမြင်ပေမယ့် အချိန်ကြာလာရင် အပြစ်တစ်ခုလို ဖြစ်လာမှာပဲလေ။

ချစ်သူနဲ့ လမ်းခွဲလိုက်ပြီးတဲ့အခါမှာ သင်ဘာတွေသိလာရမလဲဆိုတာကို မျှဝေပေးချင်ပါတယ်နော်။

၁။ ဘာမှ ကြီးကြီးမားမား ဆိုးရွားသွားစရာမရှိပါဘူး

၂။ သင့်အကြောင်းကို ပိုပြီးသိလာပါလိမ့်မယ်

၃။ သီးသန့် ကိုယ်ပိုင်အချိန်လေးတွေရလာပါလိမ့်မယ်

၄။ ချစ်သူရှိရက်နဲ့ အထီးကျန်နေတာထက် Single ဖြစ်ရတာ ပိုပြီးခုံမင်လာမယ်

၅။ သင်နဲ့ သင့်တော်ပြီး သင့်အပေါ်တကယ်ကောင်းတဲ့သူကိုတွေ့ဆုံဖို့ဆိုရင် သင်နဲ့မသင့်တော်တဲ့သူကိုအရင်ထားခဲ့ရမှာပါ။

၆။ သင့်တစ်ယောက်တည်း ကိစ္စတော်တော်များများကိုလုပ်နိုင်သွားပါလိမ့်မယ်

၇။ ဘယ်သူ့ကိုမှ ခွင့်တောင်းစရာမလိုဘဲ ကိုယ်ဝတ်ချင်တာ ဝတ်လို့ရလာမယ်။ သင်ပိုပြီးလွတ်လပ်လာပါလိမ့်မယ်။

ချစ်သူနဲ့ လမ်းခွဲပြီးတဲ့နောက် သိလာရမယ့် အချက် (၇) ချက်

Source: www.brightside.me