Relationship တစ်ခုမှာ တစ်ယောက်အကြာင်း တစ်ယောက်သိသင့်တာတွေ ရှိသလို မသိသင့်သိတာ မသိရင်ပိုကောင်းတာတွေလည်းရှိပါတယ်။ လူတွေရဲ့ဘဝက အရမ်းရှူပ်ထွေးပါတယ်။ ဒါကြောင့် လူတစ်ယောက်ရဲ့ အကြောင်းကို အသေးစိတ်တိတိကျကျသိဖို့ ကြိုးစားဖို့ သင်ယူဖို့ကို အများကြီး မမျှော်လင့်ပါနဲ့။ အဲ့လို တစ်ယောက်နဲ့ တစ်ယောက်လျှို့ဝှက်ချက်လေးတွေ ရှိနေတာကလည်း သင့်တို့ အချစ်ရေးကို ပိုပြီးတော့တောင် စိတ်ဝင်စားစရာကောင်းစေပါတယ်။

Relationship တစ်ခုတည်ဆောက်ဖို့ဆိုတာကလည်း အချိန်ယူဖို့ လိုအပ်ပြီး တစ်ယောက်အကြောင်းတစ်ယောက်သိဖို့ သင်ယူဖို့နဲ့ တစ်ယောက်နဲ့ တစ်ယောက် အဆက်အသွယ်ပျက်မနေဖို့ပါပဲ။ အချစ်ရေးအတွက် တန်ဖိုးရှိမယ့်အကျိုးရှိမယ့် အကြောင်းအရာတွေရယ်၊ အနာဂတ်အတွက် အစီအစဉ်တွေကလွဲရင် ကျန်တာတွေက သိဖို့အရမ်းကြီးမလိုအပ်ပါဘူး။

အခု Relationship တစ်ခုမှာ သိသင့်တဲ့အရာတွေနဲ့ သိဖို့မလိုအပ်တဲ့ အရာတွေကို ပြောပြပေးသွားမှာပါ။

(၁) သူမရဲ့ အတိတ်နဲ့ ပတ်သက်တဲ့ တုန်လှုပ်ခြောက်ခြားစရာ အသေးစိတ်အကြောင်းအရာတွေ

သူမနဲ့ ပတ်သက်ပြီးတော့ သူကိုယ်တိုင် မပြောပေမဲ့ ချစ်သူကောင်လေးတွေ သတိထားမိမယ့်အချက်လေးတွေ ရှိမယ်ထင်ပါတယ်။ အထူးသဖြင့် အတိတ်က သူမရဲ့ ခက်ခဲခဲ့တဲ့အချိန်က အကြောင်းအရာတွေကို ပြောတဲ့အခါမှာပေါ့။ အတိတ်က ဖြစ်ရပ်တစ်ချို့အကြောင်း ပြန်ပြောဖို့ကြိုးစားတဲ့အခါမှာ သူမကို တကယ်ကို စိတ်မသက်မသာဖြစ်စေပါတယ်။

တစ်ချို့လူတွေက သူတို့အတိတ်က နာကျင်မှုတွေကို ကိုယ့်ချစ်တဲ့သူရှေ့မှာဖွင့်ပြောလိုက်တာဟာ ပိုပြီးစိတ်သက်သာရာရပေမယ့် တချို့က အဲ့အကြောင်းအရာတွေကြောင့် လက်ရှိ RS အနေအထားပျက်စီးသွားမလား အရင်အကြောင်းတွေကြောင့် သူ့ကိုအထင်လွဲသွားမလား စိတ်ပျက်သွားမှာတွေးပြီး စိုးရိမ်တတ်ကြပါတယ်။

သူမရဲ့ စိတ်မသက်သာစရာအတိတ်က အကြောင်းကိုဖွင့်ပြောဖို့ ကြိုးစားလာချိန်မှာ ချစ်သူကောင်လေးဘက်က နားထောင်ပေးဖို့ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ်အကူအညီလိုရင်ပေးနိုင်ဖို့ အသင့်ရှိနေနိုင်အောင် ကြိုးစားပါ။ အကယ်၍ သူက အတိတ်အကြောင်း မပြောချင်ဘူးဆိုရင်လည်း သင်တို့အနေနဲ့ အတင်းတွန်းအားမပေးမိဖို့ လိုအပ်ပါတယ်။ သူ့အတွက် ခက်ခဲနေတဲ့အရာဖြစ်နေတဲ့အတွက်ကြောင့် နားလည်ပေးလိုက်ပါ။

(၂) သူမ စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်းရှိနေတဲ့ ကြောက်ရွံ့မှုတွေ

တစ်ချို့ လူတွေက သူတို့ကြောက်တတ်တဲ့အရာတွေကို ထုတ်ဖော်ပြောဖို့ စိတ်အားထက်သန်ကြပေမယ့်  တချို့လူတွေကတော့ သူတို့ရဲ့ကြောက်ရွံ့မှုကို လျှို့ဝှတ်ထားတတ်ကြပါတယ်။ ဒါကို ချစ်သူအမျိုးသားတို့အနေနဲ့ နားလည်မှုအပြည့်အဝပေးဖို့လိုအပ်ပါတယ်။ ဒါလေးတောင် ကိုယ့်ချစ်သူကို မပြောရကောင်းလားဆိုပြီး အတင်းပြောဖို့ မတိုက်တွန်းပါနဲ့။

တစ်ချို့ လူတွေက သူတို့ကြောက်တတ်တဲ့အရာကို တခြားသူသိသွားမှာကို စိုးရိမ်လွန်တတ်ကြပါတယ်။ အကယ်၍များ သူမဖက်က ဖွင့်ပြောဖို့ လိုအပ်လာတဲ့အခါ သင့်အနေနဲ့ နားထောင်ပေးဖို့ အဆင်သင့်ဖြစ်ရင် လုံလောက်ပါပြီ။

(၃) သူမစိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ

တစ်ချို့လူတွေက သူတို့ရဲ့စိတ်ကျန်းမာရေးအခြေအနေကို နားလည်မှုပေးနိုင်တဲ့ သူတို့လက်တွဲဖော်နဲ့ မျှဝေရတာကို သဘောကျပေမယ့် တစ်ချို့ကတော့အဲ့လိုမဟုတ်ပါဘူး။ တစ်ချို့အတွက် သူတို့ရဲ့ စိတ်ကျန်းမာရေးအခြေအနေဟာ ဆိုးရွာတဲ့အမာရွတ်တစ်ခုလိုပဲ သူ့တို့ စိတ်ထဲစွဲနေတတ်တာမျိုးပါ။ အလွယ်တကူဆွေးနွေးတိုင်ပင်ဖို့ မလွယ်တဲ့ ခေါင်းစဉ်တစ်ခုလိုပေါ့။ သူတို့ အပေါ်အထင်လွဲသွားမလား အထင်သေးသွားမလား တွေးပူပြီး စိတ်အားငယ်တတ်ကြသူတွေပါ။

သူမ ပြောပြလို့အဆင်မပြေတဲ့ အနေအထားဖြစ်နေတဲ့အခါ နားလည်ပေးလိုက်ပါ။ သူမရဲ့ အကြောင်းအကုန် အလုံးစုံကို မသိရကောင်းလားဆိုပြီး ကိုယ့်ကိုယ်ကိုလည်း တွန်းအားမပေးမိဖို့လည်း လိုအပ်ပါတယ်။

(၄) သူမရဲ့ရည်းစားဟောင်းတွေအကြောင်း

တစ်ခါတစ်လေ ချစ်သူတွေကြားမှာ အရင်ကထားခဲ့ဖူးတဲ့ သမီးရည်းစားတွေအကြောင်း ပြောမိကြတဲ့ အခိုက်အတန့်မျိုးတွေ ရှိတတ်ကြမယ်ထင်ပါတယ်။ အဲ့လိုအချိန်မျိုးမှာ တစ်ခုသတိထားရမှာက သူမနဲ့ပတ်သက်တဲ့ အတိတ်ကအကြောင်းအားလုံးကို သိဖို့ဆိုတာ မဖြစ်နိုင်သလို လိုလည်းမလိုအပ်ဘူးဆိုတာပါပဲ။